မီဇိုရမ်တွင် ရှုပီး ၆၆ သိန်းခန် ့ရှိ စိတ်ကြွဆေးပြားနှင့်အတူ ချင်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

မီဇိုရမ်တွင် ရှုပီး ၆၆ သိန်းခန် ့ရှိ စိတ်ကြွဆေးပြားနှင့်အတူ ချင်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
by -
ခိုနူမ်းထုန်

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့၌ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ (Mizoram Excise & Narcotics Department, Anti-Narcotics Squad) မှ ချင်းအမျိုး သမီးတဦးအား ရှုပီးငွေ ၆၆ သိန်းကျော်တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားနှင့်အတူ ဖမ်းခဲ့သည်။

အလုံးရေ ၃၈၀၀၀ ရှိသည့် အဆိုပါ စိတ်ကြွဆေးပြားသည် မြန်မာနိုင်ငံဘက်မှ သယ်ဆောင် လာခြင်းဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ရှုပီး ၆၆၅၀၀၀၀ ရှိကြောင်း၊ ဆေးပြားနှင့်အတူ ဖမ်းဆီးခဲ့ သည့် ကလေးမြို ့ တာဟန်း (A) ရပ်ကွက်နေ Lalhmangaiha ၏သမီး Lalhnuni (45) အား ဖမ်းဆီးခြင်းဖြစ်ကြောင်း သြဂုတ်လ ၂၆ရက်နေ့ ဒေသထုတ်သတင်းစာ ဖြစ်သည့် The Aizawl Post တွင် ဖေါ်ပြ ထားသည်။

အဆိုပါသတင်းစာတွင် ဖေါ်ပြချက်အရ သြဂုတ်လ (၂၄) ရက်နေ့တွင် Lahnuni ထံမှ စိတ် ကြွဆေးပြား အလုံးရေ ၂၀၀၀၀ ကိုဖမ်းဆီးခဲ့ကြောင်း၊ အာဏာပိုင်များက အဖမ်းခံအမျိုးသမီးကို ဆက်လက် စစ်ဆေးမေး မြန်းခဲ့ရာမှ သြဂုတ်လ ၂၅ ရက်နေ့မနက် ၁ နာရီအချိန်ခန့်တွင် အလုံးရေ ၁၈၀၀၀ ကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းဆီးခံ ချင်းအမျိုးသမီးကို NDPS Act, 1985 အရ သက်ဆိုင်ရာ အာဏာပိုင်များက အမှုဖွင့် တရားစွဲ ဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ကလည်း Methamphetamine စိတ်ကြွဆေးပြားနှင့်အတူ ဖမ်းဆီးခဲ့သည့် စစ်ကိုင်းတိုင်း ကလေးမြို ့၊ တာဟန်း (F) ရပ်ကွက်နေ U Ramhleia ရဲ့ သား Pu Khen Thawng (၄၇) အား  မီဇိုရမ်ပြည်နယ် တရားရုံးက ဒဏ်ငွေ ရှုပီး ၅၀၀၀ နှင့် ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ် ခဲ့သည်။

Methamphetamine ဆေးပြားကို မီဇိုရမ်ပြည်နယ် အစိုးရက မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ပြီး သည့်နောက်  ယခုကဲ့သို ့ အပြစ်ပေးခြင်းသည် မီဇိုရမ်ပြည်နယ်မှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရ သည်။

ဇူလိုင်လ (၂၀) ရက်နေ ့တွင် Methamphetamine ဆေးပြား ရောင်းဝယ်မှုတွင် ပါ၀င်ပတ်သက် ခဲ့သူ မီဇိုရမ် ပြည်နယ် မြို ့တော် Aizawl တွင် တာဝန်ထမ်းဆောင်သည့် ခရိုင်အထူးရဲတပ်ဖွဲ ့မှ စစ်ဆေးရေးမှူး တစ်ဦးကို လည်း အလုပ်မှ ထုတ်ပယ်ံခဲ့ပြီးဖြစ်သည်။