၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု အစီုးရ ချပေးသည့် ဘတ်ဂျက် သန်း ၃၅၅၀၃ ဒသမ ၁၈၄ နှင့် မွန်ပြည်နယ် အစိုးရ ၏ ဘတ်ဂျက်ငွေ သန်း ၃၄၅၀၃ ဒသမ ၁၈၄ ကွာဟနေမှုနှင့် ပတ်သက်ပြီး စာရင်းမှားယွင်းမှုသာ ဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ကပြောဆို သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဌက ’’ကျွန်တော်တို့ရဲ့ ၂၀၁၄ ခုနှစ် ဘတ်ဂျက်ဥပဒေက ပြည်ထောင် စုရဲ့ ထောက်ပံ့ငွေ ၃၄၅၀၃ ဒသမ ၁၀၈ ဖြစ်နေပေမယ့် အခြားသာမန်ရငွေမှာ သန်းတစ်ထောင်ပါတဲ့ အတွက် ကျွန်တော်တို့က ဟိုဘက်ဒီဘက် ကိုက်ညီမှုရှိတယ်လို ့ဥပဒေ ပြဌာန်းလိုက်တယ်။ အဲဒီ ဥပဒေပါ ပြဌာန်းချက်ကို မမှားဘူးလို့ဝန်ကြီးကပြောတယ်” ဟု ဆိုသည်။
မွန်ပြည်နယ်အစိုးရ၏ဘတ်ဂျက် သန်းတစ်ထောင် စာရင်းကွာနေခြင်းမဟုတ်ပဲ ပြည်နယ်အစိုးရ ၏အခြားသာ မန်ရငွေစာရင်းထဲထည့်ထားခြင်းကြောင့် ဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဌက ထပ်မံရှင်းပြ သည်။
ထို့အပြင် ဘတ်ဂျက် ၃၅သန်း ရှိပြီး တင်ပြငွေ ၃၄သန်း ရှိသောကြောင့်အခြားရငွေတွင် သွားရောက် ထည့်ခြင်းသည် ယခင်နှစ်က လုပ်ဆောင်ခြင်းမရှိပဲ ယခုနှစ်မှ ပြုလုပ််ခြင်း ဖြစ်သည့်အတွက် ၄င်းကိစ္စကို
လာမည့် လွှတ်တော် အစည်းအဝေးတွင် ထပ်မံရှင်းပြပေးမည်ဟု ၄င်း က ဆိုသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာခင်မောင်သွင်က“ ဒီကိစ္စကို သေသေချာချာ လေ့လာလိုက်တဲ့ အခါမှာ စကားလုံးအသုံးအနှုန်းကြောင့် ကွာဟသွားတာ’’ ဟုပြောသည်။
ယခင်နှစ်များတွင် ဘတ်ဂျက်ငွေများသီးခြားခေါင်းစဉ်ဖြင့် လာခြင်းဖြစ်ပြီး ယခုနှစ် တွင်တွဲ၍လာခြင်းဖြစ်သည့် အတွက် ရှုပ်ထွေးမှုများရှိခဲ့ကြောင်း သီးသန့်မေးမြန်းမှုတွင် ဘဏ္ဍာရေးဝန်ကြီး ကပြောဆိုသည်။
ပြည်ထောင်စုအစိုးရမှ ပြည်နယ်များအတွက် ဘတ်ဂျက်ချထားပေးမှုနှင့် ပတ်သက်ပြီး အဆို၊ မေးခွန်း၊ ဥပဒေ အကောင်အထည် ဖော်ဆောင်မှု လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ’’မနှစ်က ဒီလိုမဟုတ်ဘူး၊ ဒီနှစ်မှ ဘာကြောင့် ဒီလိုဖြစ်ရလဲလို့ပြောတော့ အထက်က ညွှန်ကြားချက်နဲ့ ဒီလိုခွဲခြား
လိုက်တယ်လို့ အစိုးရအဖွဲ့က တင်ပြတယ်’’ ဟုပြောသည်။
ယင်းအခြေအနေများကြောင့် လွှတ်တော်နှင့် အစိုးရကြားတွင် ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ခံမှုပီပီပြင်ပြင်ရှိရန် လိုအပ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ထပ်မံသုံးသပ်သည်။
ယခုနှစ်ဘဏ္ဍာငွေခွဲဝေမှု မပီပြင်ခြင်းကြောင့် လွှတ်တော်နှင့် အစိုးရ ဘဏ္ဍာငွေသီးသန့်ရှိရန်လိုအပ်ပြီး ယခုကဲ့သို့စာရင်းအပြောင်းအရွှေ့များရှိနေခြင်းသည် အုပ်ချုပ်ရေးစနစ်တွင် ဘဏ္ဍာငွေသုံးစွဲမှုကို ခက်ခဲ စေသည့်အပြင်လွှတ်တော်နှင့်အစိုးရတို့ကြားပွတ်တိုက်မှု ကိုဖြစ်စေနိုင်သဖြင့် ပြည်ထောင်စုအစိုးရအနေ ဖြင့်ငွေကြေးဆိုင်ရာ တိကျသောမူဝါဒ များရှိရန်လိုအပ်ကြောင်း ဘဏ္ဍာအခွန်ဝန်ကြီးဌာနမှ အငြိမ်းစားဝန်ထမ်း တစ်ဦးကမှတ်ချက်ပြုပြောကြားသည်။