ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောအေးမြနှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောအေးမြနှင့် တွေ့ဆုံမေးမြန်းခြင်း

ဒီကရင်ပြည်နယ် စာပေနဲ့ ယဉ်ကျေးမှုကော်မတီကို ၁၉၉၀ခုနှစ်မှာ ဥက္ကဌအဖြစ် ဦးစောထွန်းရှင်၊ အတွင်းရေးမှူးအဖြစ် ဦးစောသံပိုက်တို့က စတင်ဖွဲ့စည်းပြီးတော့ အဖွဲ့ဝင်အတော်များများနဲ့ ဖွဲ့ခဲ့ပါတယ်။ အဲဒီကနေ စတင် ဆောင်ရွက်ခဲ့တဲ့ အခြေ အနေဖြစ်တယ်။

မေး။ ။ ကရင်ပြည်နယ် စာပေ၊ ယဉ်ကျေးမှု ကော်မတီ စတင် ဖွဲ့တည်လာတဲ့ ခုနှစ်၊ ရည်ရွယ်ချက်၊ စတင် ဦးဆောင်ခဲ့သူ စတဲ့ နောက်ခံအကြောင်းရင်းနဲ့ ပြောပြပေးပါလား။

ဖြေ ။ ။ ဒီကရင်ပြည်နယ် စာပေနဲ့ ယဉ်ကျေးမှုကော်မတီကို ၁၉၉၀ခုနှစ်မှာ ဥက္ကဌအဖြစ် ဦးစောထွန်းရှင်၊ အတွင်းရေးမှူးအဖြစ် ဦးစောသံပိုက်တို့က စတင်ဖွဲ့စည်းပြီးတော့ အဖွဲ့ဝင်အတော်များများနဲ့ ဖွဲ့ခဲ့ပါတယ်။ အဲဒီကနေ စတင် ဆောင်ရွက်ခဲ့တဲ့ အခြေ အနေဖြစ်တယ်။ ကရင်စာပေယဉ်ကျေးမှုကော်မတီကို စတင်ဖွဲ့စည်းတဲ့အချိန်မှာ ရည်ရွယ်ချက်က ဘာရှိလဲဆိုတော့ ကရင်အမျိုး သားတွေ ကိုယ့်ရဲ့ကရင်စာပေကို ထိန်းသိမ်းဖို့ လူငယ်တွေကလည်း ကရင်စာပေကို တတ်မြောက်ဖို့ သင်ကြားရေးကိစ္စ၊ စည်းရုံး လှုံ့ဆော်ရေးကိစ္စတွေကို ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော်ကတော့ ကရင်ပြည်နယ်၊ စာပေယဉ်ကျေးမှုဥက္ကဌကိုတော့ ၂၀၁၁ ခုနှစ်မှာ စတင် တာဝန်ယူခဲ့တာ အခုချိန်ထိပေါ့။

မေး ။ ။ လက်ရှိ ပြည်နယ်ကရင်စာပေနဲ့ ယဉ်ကျေးမှုကော်မတီမှာ ဖွဲ့စည်းပုံအဆင့်ဆင့် ဘယ်လိုရှိနေပြီး ကရင်စာပေနဲ့ ကရင် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်ချက်တွေ ဘယ်လိုရှိလဲဆိုတာ ရှင်းပြပေးပါလား။

ဖြေ။ ။ လက်ရှိကတော့ အမည်တွေက ပြောင်းသွားပြီးပေါ့လေ။ ၁၉၉၀ ခုနှစ်တုန်းကတော့ အခုက ပြည်နယ်ကရင်စာပေနဲ့ ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းလို့ တခါတည်း နာမည်က ဖြစ်လာတယ်။ ဒီဖွဲ့စည်းပုံအဆင့်ဆင့်ကတော့ အရင်က ပုံစံ အတိုင်းပါပဲ။ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ အဖွဲ့ဝင် စတာတွေ စုံစုံညီညီနဲ့ မှတ်ပုံတင်ပြီးတော့ လှုပ်ရှားဆောင်ရွက်ခဲ့ တယ်။ ဒီနောက်ပိုင်းမှာတော့ မှတ်ပုံတင်ခြင်းလုပ်ငန်းကို နိုင်ငံတော်က မပေးတဲ့အခါကျမှသာ ကိုယ့်ဟာကိုယ် ကိုယ့်နည်းကိုယ် ဟန်နဲ့ မှတ်ပုံတင်မရှိဘဲ ဆောင်ရွက်ခဲ့တယ်။ ဒီအတိုင်းပဲ လုပ်ဆောင်စရာရှိတာ လုပ်တယ်။ လုပ်ဆောင်တာတော့ စာပေယဉ် ကျေးမှုနဲ့ ပတ်သက်ပြီး သင်တန်းတွေပေးတယ်။ စည်းရုံးလှုပ်ရှားတယ်။ နယ်တကာတွေ ဆင်းတယ်။ အဲဒါတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ့်အဖွဲ့နဲ့ပဲ ဆောင်ရွက်ကြတာပေါ့။

မေး ။ ။ ကရင်ပြည်နယ်မှာ ကရင်စကား၊ ကရင်စာပေကို ကရင်လူမျိုးအားလုံးက ပြောတတ်၊ ရေးတတ်တဲ့ အခြေအနေတွေ ဘယ်လိုရှိလဲဆိုတာ စာ၊ ယဉ်ကော်မတီအနေနဲ့ မှတ်တမ်း၊ စစ်တမ်းရယူထားတာများ ရှိမယ်ဆိုရင် ပြောပြပါလား။

ဖြေ ။ ။ စစ်တမ်းအတိအကျတော့ မရှိဘူး။ ကရင်ပြည်နယ်မှာဆိုရင် ရှိတဲ့ကရင်လူမျိုးတွေကလည်း အကြမ်းဖျင်းအားဖြင့် ပိုး ရယ်၊ စကောရယ် နှစ်ခုရှိတာပေါ့။ ဒီနှစ်ခုရှိတဲ့နေရာမှာ အကြမ်းအားဖြင့် ကြည့်မယ်ဆိုရင် ပိုးကရင်ကတော့ အများစုပေါ့။ အဲဒီအ များစုဆိုတဲ့နေရာမှာလည်း ရွာတွေမှာတော့ ကရင်စကားကို ကောင်းကောင်းပြောတတ်ဆိုတတ်ပေမယ့် စာပေကျတော့ သိပ်မ တတ်ကြဘူး။ တချို့ကျတော့ ရွှေ့ပြောင်းကြတာပေါ့။ တောရွာကနေ မြို့ထဲကို ရွှေ့ပြောင်းလာကြတဲ့ မိသားစုတွေကြတော့ မိဘအ ရင်းတွေက ကရင်ဖြစ်ပေမယ့် သားသမီးတွေကတော့ ကရင်စကားကို ဟုတ်တိပတ်တိ ပြောတတ်တဲ့လူရှိသလို တချို့က ဟုတ် တိပတ်တိ ပြောတတ်တဲ့လူ မရှိတော့ဘူး။ အဲဒီအားနည်းချက်တွေကို အကြောင်းပြုပြီးတော့ ကျနော်တို့ကလည်း မြို့မှာရော တောမှာရော ဒီကရင်စကားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ စာပေတွေ ပိုပြီးတတ်မြောက်အောင် သင်ကြားနိုင်ဖို့ စီစဉ်ဆောင် ရွက်ကြတယ်။ အခြေအနေအရပြောရရင်တော့ ဒီနေ့ခေတ်ကာလမှာ ကရင်တစ်ခုတည်း မဟုတ်ဘူး။ တခြားလူမျိုးတွေလည်း ကိုယ့်စာပေယဉ်ကျေးမှုကို ထိန်းသိမ်းရမှန်း၊ တန်ဖိုးထားရမှန်း လူငယ်အပိုင်းတွေမှာ တော်တော်အားနည်းနေတယ်။ အဲဒါကို လည်း ကျနော်တို့က မြှင့်တင်ပေးဖို့ ရည်ရွယ်တယ်။ မြှင့်တင်ပေးမယ်ဆိုတဲ့နေရာမှာ တစ်ဦးတစ်ယောက်တည်းပဲ လုပ်လို့မရဘူး။ ဒီစာပေယဉ်ကျေးမှုကော်မတီတစ်ဖွဲ့တည်းပဲ လုပ်လို့လည်း မရဘူးလေ။ သက်ဆိုင်ရာဒေသမှာရှိတဲ့ ကိုယ့်ရဲ့ရပ်မိရပ်ဖတွေ၊ ဆရာ တော်သံဃာတော်တွေ အကုန်လုံးစုပေါင်းပြီးတော့ အခြေအနေကို ထိန်းနိုင်အောင် တတ်နိုင်သမျှပေါ့။ စည်းရုံးလှုံ့ဆော်ပြီးတော့ နှစ်စဉ်နှစ်တိုင်းလည်း စာပေသင်တန်းတွေ ဖွင့်ပြီးတော့ တတ်နိုင်သလောက် လုပ်နေတဲ့အခြေအနေရှိတယ်။ ဒါပေမယ့် အခု ခေတ်ကာလမှာ ကျောင်းတွေမှာ ကိုယ့်ရဲ့ကရင်စာကို သင်နိုင်အောင်လို့ ကျနော်တို့ကတော့ နည်းနည်းတွန်းအားပေးတဲ့ အခြေအ နေတော့ ရှိတယ်။ အဲလိုရှိမှပဲ ဒီစာပေကိုတက်လာမယ်လေ။ အခုဟာ အကြမ်းဖျင်း ကျနော်တို့ လုပ်ဆောင််နေတာ နွေရာသီ ကျောင်းပိတ်ရက်မှာ ခဏတဖြုတ်ပေါ့လေ။ တစ်လကို ၁၀ရက်၊ ၁၅ရက်လောက်ပဲ။ သင်ကြားတဲ့အခါကျတော့ ထိရောက်မှုက အလွန်နည်းပါးတယ်။ ဒါကြောင့် ဒီကျောင်းမှာ ကျောင်းသင်ဘာသာရပ်တစ်ခုအနေနဲ့ သတ်မှတ်ပြဌာန်းပေးဖို့ ကျနော်တို့က ဒီနိုင်ငံတော်က ချမှတ်ထားတဲ့ မူဘောင်အတွင်းမှာ စုစည်းတင်ပြထားတာ ရှိတယ်။

မေး ။ ။ ကရင်ပြည်နယ်အတွင်း အစိုးရစာသင်ကျောင်းတွေမှာ ကရင်စာပေသင်ရိုးညွှန်းတမ်း ထည့်သွင်းသင်ကြားပေးမယ်လို့ ကြားသိရတဲ့အတွက် ကရင်စာပေသင်ကြားပို့ချမယ့် အခြေအနေ ရှင်းပြပေးပါလား။ ကရင်စာပေ စတင်သင်ကြားပေးဖို့ ကရင် ပြည်နယ်အတွင်းမှာ စာသင်ကျောင်း ဘယ်နှစ်ကျောင်းလောက် လျာထားပါသလဲ။

ဖြေ ။ ။ အခုကျောင်းတွေမှာ ကရင်စာပေကို သက်ဆိုင်ရာ ဘာသာပေါ့။ ဥပမာ ပိုးကရင်ဆို ပိုး၊ စကော ကရင်ဆို စကောသင် ကြားဖို့တော့ ကြားသယောင်ယောင်ပေါ့။ ဒါပေမယ့် ဒီပညာရေးဌာနက သီးခြားညွှန်ကြားချက် အမိန့်စာတွေ အတိအကျတော့ ကျနော်တို့ဆီကို မရောက်သေးဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျ အဖြေထွက်လာအောင် ကျနော်တို့ကလည်း တိုက် တွန်းနေတယ်။ ဥပမာ သင်ကြားမှုပုံစံတွေ၊ သင်ရိုးညွန်းတမ်းပုံစံတွေ၊ သင်ကြားမယ့်အချိန် စတာတွေ ရရှိဖို့အတွက် ကျနော်တို့ ကြိုးစားနေတုန်းပဲ ရှိသေးတယ်။

မေး ။ ။ စာသင်ကျောင်းတွေမှာ ဘယ်ကရင်စာပေကို ထည့်သွင်းသင်ကြားဖို့ ရှိပါသလဲ။ (ဥပမာ ပိုးကရင်၊ စကောကရင်) စာ သင်ကျောင်းတွေမှာ အဲဒီစာပေတွေ ထည့်သွင်းသင်ကြားသင့်တဲ့ အကြောင်းရင်းလေး ရှင်းပြပေးပါလား။

ဖြေ ။ ။ ဒါကတော့ ပိုးကရင်ဟာ ပိုးကရင်စာ သင်သင့်ပါတယ်။ စကောတွေကလည်း စကောစာ သင်သင့်ပါတယ်။ တစ်ခု တည်း သတ်မှတ်လိုက်ရင် ပိုးကရင်က စကောကရင်စာကို သင်ရမယ်။ စကောကရင်ကလည်း စကောသင်ရမယ်။ ဒါမှမဟုတ် ပိုးကရင်ကို သတ်မှတ်လိုက်မယ်ဆိုရင်လည်း စကောကလည်း ပိုးကရင်စာကို သင်ရမယ်ဆိုရင်လည်း သိပ်အဆင်မပြေဘူး။ အကြမ်းအားဖြင့် ပြောရရင်တော့ ဒါလူမျိုးတိုင်းပါပဲ။ ဥပမာ အခြားပြည်နယ်မှာဆိုရင် ပိုးကရင်၊ စကောကရင်၊ ပအိုဝ်း၊ မွန် စတာ တွေ ရှိတယ်။ သူ့သက်ဆိုင်ရာ မိခင်ဘာသာစကား စာပေကို သင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကရင်မှာ ဆိုလို့ရှိရင် မျိုးနွယ်စု တွေဟာ များတဲ့အခါကျတော့ တစ်ခုတည်း သတ်မှတ်မယ်ဆိုရင် သိပ်မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နားလည်မှုတွေ လွဲသွား နိုင်တယ်လေ။ တစ်ခုတည်းလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိရင်တော့ ကရင်တစ်မျိုးသားလုံးရဲ့ဆန္ဒကိုတော့ ဒါယူရမယ်။ လော လောဆယ်အခြေအနေကတော့ ပိုးကရင်ဟာ ပိုးကရင်စာကိုပဲသင်၊ စကောကရင်ကလည်း စကောကရင်ကို စာပေါ့လေ။ ဒီပိုး ကရင်မှာတောင်မှ အရှေ့ရော၊ အနောက်ရော ရှိတယ်။ ကိုယ့်စာတစ်ခုတည်းကို စွဲစွဲမြဲမြဲ စွဲကိုင်ပြီးတော့ သူတို့၊ ကိုယ့်လျှော့မရှိရင် ညီညွှတ်ရေးနဲ့ စည်းရုံးရေးကိုလည်း ထိခိုက်နို်င်တယ်။ ဒါကြောင့် ကရင်လူထုအတွင်းမှာ တစ်စည်းတစ်လုံး ဖြစ်ဖို့ဆို လောလော ဆယ် အခြေအနေတစ်ခုထဲကိုပဲ မလုပ်ဖို့ ကျနော်တို့က ခဏခဏ တိုက်တွန်းတယ်။ စာပေသော်လည်းကောင်း၊ စကားသော် လည်းကောင်း တစ်ခုတည်းဖြစ်ဖို့က လောလောဆယ် မရှိသေးဘူး။ ဒါပေမယ့် လူငယ်တိုင်း လူငယ်တိုင်းက တစ်ခုတည်း ဖြစ်စေ ချင်တဲ့ ဆန္ဒရှိရင် ကြိုးစားရင် ကြိုးစားသလောက် တစ်ချိန်သောအခါမှာ ဖြစ်နိုင်တယ်။

မေး ။ ။ ကရင်စာပေ သင်ကြားသွားမယ်ဆိုရင် မူလတန်းကနေ အထက်တန်းအထိ ကျောင်းသူကျောင်းသားတွေကို ဘယ်လို ပုံစံနဲ့ သင်ကြားပေးဖို့ ရှိပါသလဲ။ ကရင်စာပေတွေကို ဘယ်အဆင့်အတန်းအထိ သင်ကြားပေးဖို့ ရည်မှန်းထားပါသလဲ။

ဖြေ ။ ။ ရည်မှန်းချက်ကတော့ အများကြီးပေါ့နော်။ တက္ကသိုလ်အဆင့်ထိတော့ ရည်မှန်းထားတယ်ပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့ ဒေသခံ အခြေအနေနဲ့ ကြည့်မယ်ဆိုရင် လောလောဆယ် အစပျိုးရမှာက မူလတန်းကနေပဲ စရမယ်။ အခု ကလေးတိုင်းက ကိုယ့်သက်ဆိုင်ရာ ရွာမှာဆိုလို့ရှိရင် စာပေသင်ကြားရတဲ့ အခြေအနေဟာ အင်မတန်နည်းတယ်။ ဒါကြောင့် ကျောင်းသင်ဘာ သာရပ်တစ်ခုအနေနဲ့ စတင်ပြီးတော့ အစပျိုးသင်မယ်ဆိုရင် ဆင့်ကဲဆင့်ကဲ တက်သွားပြီးတော့ အခြေခံအထက်တန်းအဆင့်မက အဆင့်မြင့်တန်းပညာ တက္ကသိုလ်ကောလိပ်အထိ သင်ကြားသွားဖို့ မျှော်မှန်းထားပါတယ်။

မေး ။ ။ အစိုးရစာသင်ကျောင်းတွေမှာ ကရင်စာပေသင်ကြားပေးသွားမယ်ဆိုရင် ကျောင်းချိန်တွင်း သို့မဟုတ် ကျောင်းချိန် ပြင်ပ အဲဒါတွေမှာ ဘယ်သင်ကြားမှုက ကျောင်းသူကျောင်းသားတွေအတွက် ပိုထိရောက်မယ်လို့ ထင်မြင်ယူဆပါသလဲ။

ဖြေ ။ ။ ဒါကတော့ ရှင်းတယ်။ ကျောင်းချိန်ပြင်ပမှာ သင်မယ်ဆိုရင် စည်းရုံးလှုံ့ဆော်ရတာ သိပ်အဆင်မပြေဘူး။ ကျောင်းမှာ ဆိုရင်တော့ ကျောင်းသင်ဘာသာရပ်နဲ့ ဖြစ်မယ်ဆိုရင် ကျောင်းနေတဲ့ ကလေးတိုင်းက ကရင်စာသင်ခွင့်တော့ရမယ်။ ထိရောက်မှု အနေနဲ့လည်း ထိုးနည်းလည်းကောင်းပါပဲ။ ပြင်ပမှာသင်တယ် ဆိုတာက သင်ချင်တဲ့လူ သင်၊ မသင်ချင်တဲ့ မသင်ဘူး။ အဲလိုအ ခြေအနေအကြောင်းကြောင့် ရှိခဲ့တဲ့အတွက် မထိရောက်ခဲ့ဘူး။ ကျနော်တို့ နှစ်ပေါင်း နှစ်ဆယ်သုံးဆယ်အထိ ကြိုးစားခဲ့တယ်။ ဒါတွေ ဘယ်လိုမှ မထိရောက်ဘူး။ ဒါကြောင့် ကျောင်းချိန်အတွင်းမှာပဲ ကျနော်တို့က သင်ကြားဖို့ နိုင်ငံတော် အစို်းရကိုလည်း အကြံပေးထားတာရှိတယ်။ အဲဒါမှ ထိရောက်မှုရှိမယ်လေ။ အဲဒါကြောင့် ဒီကိစ္စတွေမှာ ချင့်ချင့်ချိန််ချိန်နဲ့ ကျောင်းမှာသင်မယ်ဆို ရင် ဘယ်လိုပုံစံ ဘယ်လိုသင်ကြားမယ်၊ သင်ကြားမှုစနစ်ပါ အကုန်လုံးက ထည့်သွင်းစဉ်းစားရမယ်။ ကျောင်းမှာဆိုရင် သင်ကြား မယ့် ကျောင်းစာဘာသာရပ်တွေရော၊ အင်္ဂလိပ်ဘာသာရပ်တွေရော၊ ကိုယ့်ရဲ့မိခင်ဘာသာစကားရပ်တွေရော များလာမယ်ဖြစ်တဲ့ အတွက် ဒါက တော်တော်လေး ပညာရှင်တွေ ဆုံးဖြတ်ရမယ့်အပိုင်းလေ။ အကြံပေးချင်တာက တကယ်လို့ ထိထိရောက်ရောက် သင်ကြားချင်ရင်တော့ ကျောင်းမှာပဲသင်ပြီး အချိန်မလောက်ဘူးဆိုရင် စာသင်ချိန်တိုးပေါ့။ ဒါမှမဟုတ်ရင် စာသင်နှစ်တိုးဖို့ အခြေ အနေပဲ။ အခုလက်ရှိဟာ ၁၀တန်းအထိပေါ့၊ စာသင်နှစ်က ၁၁နှစ်ပေါ့။ ဒီထက်မက ၁၁နှစ်အစား ၁၂နှစ် သို့မဟုတ် ၁၃နှစ်ပေါ့။ အဲလိုအချိန်တိုးလိုက်ရင်တော့ ဒါတွေ အဆင်ပြေသွားမယ်။ ဒါပေမယ့် ဒါကလည်း နိုင်ငံတကာ စံချိန်စံညွန်းနဲ့ကို နည်းနည်းပါးပါး မှီပြီးတော့ ကိုယ့်ရဲ့ သက်ဆိုင်ရာဒေသရဲ့ အခြေအနေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်မှဖြစ်မယ့် ကိစ္စဖြစ်တဲ့အတွက် ပညာရှင်ကပဲ ဒါကို လေ့လာသုံးသပ်ပြီးတော့ ဆုံးဖြတ်ရမှာဖြစ်တယ်။

မေး ။ ။ ကရင်စာပေဟာ ကရင်တိုင်းရင်းသားအတွက် ဘယ်လောက်အရေးကြီးပါသလဲဆိုတာ မောင်ကျော်(ဦးလေး)တစ် ယောက်တည်းရဲ့ အမြင်လေးကို ထပ်ပြီး ဖြည့်စွက်ပြောပေးပါလား။

ဖြေ ။ ။ ကျနော်ရဲ့အမြင်ကတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့အမျိုးသားရေး ဟန်ပန်လက္ခဏာ စာပေ ယဉ်ကျေးမှု ဓလေ့ထုံး စံကို ထိန်းသိမ်းဖို့တော့ လိုတယ်။ ဒါမှမဟုတ်ရင်လည်း လူဆိုတဲ့ ပုံစံမျိုးနဲ့ဆိုရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူတိုင်းဟာ နာမည်မရှိ တော့ဘူးလေ။ လူလို့ပဲ ခေါ်ရမှာပေါ့။ ဒါကြောင့် ကရင်ဆိုလည်း ကရင်စာပေယဉ်ကျေးမှု ဓလေ့ထုံးစံ ဘာသာစကား အကုန်လုံး ထိန်းသိမ်းရမယ်။ ကရင်တစ်ခုတည်း မဟုတ်ဘူး၊ လူမျိုးတိုင်းပေါ့နော်။ ကျနော်အနေနဲ့ ပြောရမယ်ဆိုရင် ဒါဘယ်လိုမှ ငြင်းလို့မရ တဲ့ ကိစ္စပါ။ ကရင်ဖြစ်ပြီးတော့ ကရင်စာတတ်ဖို့ မလိုဘူး၊ အသုံးမဝင်ဘူး။ အဲလိုမျိုးသဘောထားကြမယ်။ ဗမာတစ်ယောက်က လည်း နိုင်ငံတကာရဲ့ စံချိန်စံညွှန်းကိုကြည့်ပြီးတော့ ဗမာစကားကိုလည်း မသင်တော့ဘူး။ ဗမာစကားလည်း မပြောတော့ဘူးဆို ရင်တော့ ခုနက ကျနော်ပြောသလိုပေါ့။ လူမျိုးတွေဟာ သမိုင်းမှာပဲ ကျန်ခဲ့မယ်။ ရုပ်လုံးပေါ်မှာ မဟုတ်ဘူး။ ဒါကြောင့် အရေးပါ တယ်ဆိုတာက အဲဒါကို ပြောတာပါ။ ကျနော် ဖြည့်စွက်ပြောချင်တာကတော့ လူငယ်တော်တော်များကို တိုက်တွန်းချင်တယ်။ ကိုယ့်ရဲ့စာပေနဲ့ ယဉ်ကျေးမှုအပြင် လောလောဆယ်တော့ စကားကိုပဲ အရင်တတ်အောင်သင်ပါ။ တချို့ကလည်း မိဘက ကရင် စစ်တယ်။ ဒါပေမယ့် ကိုယ်တိုင်ကိုက ကရင်စကားပြောရမှာကို ကြောက်သလိုလို၊ အားငယ်သလိုလို အဲလိုရှိကောင်းရှိနိုင်တယ်။ ဒါတွေလည်း ဘာခေါ်မလဲဆိုတော့ တခြားစာပေယဉ်ကျေးမှုတွေကလည်း လွှမ်းမိုးနေတာ ဖြစ်နို်င်တယ်လေ။ အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် ဝတ်စားဆင်ယင်မှုအပိုင်းမှာပဲကြည့်ကြည့်၊ ဖျော်ဖြေမှုအပိုင်းမှာပဲကြည့်ကြည့်၊ အခမ်းအနားတွေမှာပဲကြည့် ကြည့် နည်းနည်းယိမ်းယိုင်လာတာ ရှိတယ်။ မြန်မာ့ယဉ်ကျေးမှုကိုကြည့်လိုက်၊ ဆိုကရေးတီးပဲ ဆိုကြပါစို့။ လုပ်သာလုပ်နေရ တယ်။ လူငယ်တိုင်းက မပါလာနိုင်သေးဘူး။ ထို့နည်းလည်းကောင်းပဲ လူငယ်တိုင်းဟာ မိခင်ဘာသာစာပေကို ချစ်မြတ်နိုးတတ် အောင် အရင် စည်းရုံးလှုံ့ဆော်ရမယ်။ ဒါကလည်း နိုင်ငံတော်နဲ့ ရပ်မိရပ်ဖ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်။ ပြင်ပနိုင်ငံရဲ့ ယဉ် ကျေးမှုကိုလည်း တားဆီးရောက်မယ်လေ။ နိုင်ငံတကာရဲ့ယဉ်ကျေးမှုတွေ၊ စကားအပြောအဆိုတွေ အထင်ကြီးမယ်။ အဲဒါကိုပဲ အသုံးပြုမယ်၊ အလေးထားမယ်ဆိုရင်တော့ ကိုယ့်ရဲ့အမျိုးသားအတွက် ကောင်းတဲ့ အလားအလာမဟုတ်ဘူး။ ဒါကြောင့် လူငယ် တွေ သတိထားဖို့ ပြောပြချင်တယ်။