လုပ်ခလစာ မက်လုံးကြောင့် မြန်မာ လုပ်သားများ မကာအိုတွင် တစ်နှစ် အတွင်း ၂၀ ရာခိုင်နှုန်း တိုးလာ

လုပ်ခလစာ မက်လုံးကြောင့် မြန်မာ လုပ်သားများ မကာအိုတွင် တစ်နှစ် အတွင်း ၂၀ ရာခိုင်နှုန်း တိုးလာ
by -
မဇ္စျိမ

မကာအိုရှိ မြန်မာ အလုပ်သမားများ အရေအတွက်မှာ တစ်နှစ် အတွင်း ၂၀ ရာ ခိုင်နှုန်းတိုးလာသည်။ လာမည့် လများတွင် ထိုအရေအတွက် ထက်ပင် တိုးလာဖွယ် ရှိနေသည်။

ကာစီနို ကစားဝိုင်းများ၊ စက်ရုံများ နှင့် အိမ်အကူ အလုပ်ရှင် များက လစာကောင်းများ ပေးနေ ခြင်းကြောင့် မျှော်လင့်ချက်များဖြင့် လုပ်သားဦးရေ မြင့်မား လာနေ ကြခြင်း ဖြစ်သည်။

လောလောဆယ်တွင် မကာအို၌ အလုပ်လုပ် နေသော မြန်မာနိုင်ငံမှ အလုပ်သမား များ၏ အရေ အတွက်မှာ အရှေ့တောင် အာရှ နိုင်ငံများ၏ အချိုးအစား နှင့် တွက်လျှင် နိမ့်လှသေးသော်လည်း ထိုအခြေ အနေများ မကြာမီ ပြောင်းလာဖွယ် ရှိသည်။ ကာစီနိုများ၊ စက်ရုံ၊အလုပ်ရုံများတွင် လုပ်လိုသူ များနှင့် အိမ်ဖော် အဖြစ် လုပ်လိုသူ များသည် တစ်နေ့တခြား တိုး၍ လာနေသည်။

ရန်ကုန် အခြေစိုက် နိုင်ငံခြား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ဖက်ဒရေးရှင်းသည် များအကြာမီ မကာအိုသို့ ကာစီနိုများနှင့် စက်ရုံ အလုပ်ရုံ များတွင် အလုပ်လုပ်မည့် နောက်ထပ် မြန်မာ အလုပ်သမား များကို စေလွှတ် ပေးမည် ဟူသော နားလည်မှု စာချွန်လွှာကို မကာအိုရှိ အေဂျင်စီ တစ်ခုနှင့် လက်မှတ် ရေးထိုးရန် ရှိနေသည်။ ဘိဇနက် ဒေးလီးက မြန်မာနိုင်ငံမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သော ဦးမင်းလှိုင်နှင့် ဆက်သွယ်၍ နားလည်မှု စာချွန်လွှာတွင် ပါ၀င်သော သတင်း အချက်အလက် များကို စုံစမ်းရာ ယခု သတင်းရေးသား ပုံနှိပ်ချိန် အထိ ပြန်ကြားချက် မရသေးပေ။

သို့ရာတွင် ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ် တစ်ဦးက ၎င်းတို့တွင် ယခုအခါ ရန်ကုန်မြို့ လိုင်စင်ရ အလုပ်အကိုင် ရှာဖွေ ပေးရေး အေဂျင်စီ အဖွဲ့ဝင် ၂၀၀ ကျော် ရရှိထားကြောင်း ဘိဇနက် ဒေးလီးကို ပြောပြသည်။ ရ၃၅ ဦးခန့် အလုပ်လုပ် နေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ကုန် အချိန်နှင့် နှိုင်းယှဉ်ပါက ၁၅၇ ဦး တိုးလာခြင်း ဖြစ်သည်။

အရှေ့တောင် အာရှမှ တင်သွင်းခဲ့သော အလုပ်သမား အရေအတွက်မှာ ဇွန်လကုန် အထိ ၄၂၆,၀၀၀ ရှိသည့် အနက် မြန်မာနိုင်ငံမှ လာရောက် လုပ်ကိုင်သော အလုပ်သမား အရေအတွက်မှာ အနည်းဆုံး ဖြစ် သည်။

ဖိလစ်ပိုင်မှလာလုပ်သူ များမှာ အများဆုံး ဖြစ်ပြီး၂၀,၁၄၁ ဦးရှိသည်။ ဖိလစ်ပိုင် နိုင်ငံမှ လာလုပ်သူ အများစုတို့မှာ အိမ်ဖော် အဖြစ်နှင့် ဟိုတယ်နှင့် စားသောက် ဆိုင် လုပ်ငန်း များတွင် လုပ်ကိုင် ကြခြင်း ဖြစ်သည်။

မကာအို နိုင်ငံခြား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်း ဥက္ကဋ္ဌ အော်လျောင်းကုန်ကောက ဘာသာစကား အတား အဆီးကြောင့် မြန်မာမှ တင်သွင်း လာသော အလုပ်သမားများ အရေအတွက် လျင်မြန်စွာ မြင့်တက် လာရေးကို အကန့် အသတ် ဖြစ်နိုင်သည်ဟု ပြောသည်။

“မြန်မာပြည်က အလုပ်သမား အများအပြား ဒီကို လာကြတာက အိမ်ဖော်များ အဖြစ် လုပ်ကြ ဖို့ပါ။ ဒါပေမဲ့လည်း ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား တို့နဲ့စာရ င် မြန်မာ အလုပ်သမား တွေက တရုတ်စကား ဒါမှမဟုတ် အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်ဘူး။ ဘာသာ စကားက မြန်မာ အလုပ်သမားတွေ အတွ က် အတားအဆီး ဖြစ်နေတယ်။ ဒါပေမဲ့ သူတို့ကတော့ အလုပ်မှာ ပိုပြီး တည်ငြိမ် ကြမယ့် အလားအလာ ရှိပါတယ် ” ဟု အော်က ပြောသည်။

မြန်မာ အလုပ်သမား များသည် ဗီယက်နမ် သို့မဟုတ် ဖိလစ်ပိုင် တို့မှ အလုပ်သမားများ ကဲ့သို့ပင် လုပ်ခလစာ ရနေကြပြီး တစ်လလျှင် မကာအို MOP  3400 (၄၂၆ ဒေါ်လာ) မှ S MOP 4500 (၅၆၃ ဒေါ်လာ)အထိ ရနေ ကြောင်းလည်း ၎င်းက ဆက်ပြောသည်။