(၁၃) ကြိမ်မြောက်ချင်းကျောင်းသားများ သမဂ္ဂ(ဒေလီ) ညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး

(၁၃) ကြိမ်မြောက်ချင်းကျောင်းသားများ သမဂ္ဂ(ဒေလီ) ညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး
by -
ခိုနူမ်းထုန်

အိန္ဒိယနိုင်ငံ မြို့တော် ဒေလီ အခြေစိုက် ချင်းကျောင်းသားများသမဂ္ဂ (CSU)၏ (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေညီလာခံကို ယနေ့သြဂုတ် ၁၅ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရသည်။

” ၁၃ ကြိမ်မြောက် ညီလာခံ ဖြစ်မြောက်ဖို့ အဖက်ဖက်က ကူညီသူတွေအားလုံး၊ ညီလာခံကို ချီးမြှောက်အား ပေးတဲ့ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့နဲ့ တသီးပုဂ္ဂိုလ် အသီးသီးအပေါ် ကျေးဇူးတင်တယ် ” ဟု အထွေထွေအ တွင်း ရေးမှူး Salai Saungduh က ပြောသည်။

ဒေလီမြို့ Chin Christian Fellowship ဘုရားကျောင်းတွင် ကျင်းပသည့် အဆိုပါညီလာခံသို့ ချင်းလူမှုအသင်း အဖွဲ့၊ ဘာသာရေး အသင်းအဖွဲ့၊ NGO မှ ကိုယ်စားလှယ် များအပါအဝင် ကျောင်းသား စုစုပေါင်း ၅၀ ကျော်တက် ရောက်ခဲ့ကြပြီး ၂၀၁၄- ၂၀၁၅ ခုနှစ်သက်တမ်း အတွက် CSU ဦးဆောင် အဖွဲ့ကို အောက်ပါ အတိုင်း ရွေးချယ်ခဲ့ ကြကြောင်း သိရသည်။

    Salai C.Beizachhi                                    President
    Mai Phoebe Biak Nei Tial                        Vice President
    Salai Sang Duh Lian                               General Secretary
    Salai Boi Uk                                           Asst. Secretary
    Mai Deborah Hrang Nawl                        Treasure
    Salai Van Bawi Thang                             Finance
    Salai John Lian                                       Information & Publicity
    Mai Sui Meng Par                                   Education
    Salai Siang Ceu                                      Culture & Literature

CSU( Delhi)ကို မြန်မာပြည် ရှစ်လေးလုံးအရေးအခင်းနောက်ပိုင်း ပြည်ပသို့ တိမ်းရှောင် လာသည့် ချင်းကျောင်း သားလူငယ်များက ၁၉၉၅ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြရာ ပြည်ပ ရောက် ချင်းအမျိုးသားရေးလှုပ်ရှားသည့် အဖွဲ့အစည်း များတွင် ဒေါက်တိုင်တခုအဖြစ် တက်တက်ကြွကြွ ပါ၀င်လှုပ် ရှားခဲ့သည်။

CSU ( Delhi) ၏ ရည်မှန်းချက်ပန်းတိုင်မှာ ပြည်တွင်း CSU ပြန်လည်ပေါ်ပေါက်ရေး၊ ချင်းလူမှု အခက်အခဲများ ဖြေရှင်းရေးနှင့် ပညာရေး တွင် ကူညီပ့ံပိုးရေး၊ ချင်းစာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့် တင်ရေး၊ မြန်မာပြည် တွင်း အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပြန်လည်ရရှိရေးအတွက် အခြား လူနည်းစု ကျောင်းသားလူငယ်များ နှင့် ပူးပေါင်းဆောင်ရွက်ရေး ဟူ၍ ထားရှိသည်။

ပြည်တွင်းချင်းကျောင်းသားများသမဂ္ဂကို ရှစ်လေးလေးလုံးအရေးအခင်းကာလက ဖလမ်းမြို့တွင် ဖွဲ့စည်းခဲ့ကြ ပြီး လက်ရှိတွင် ပြည်တွင်း ချင်းတက္ကသိုလ် ကျောင်းသားများ ရှိရာ ကလေးမြို့၊ ပခုက္ကူမြို့များတွင်လည်း ဖွဲ့စည်းခဲ့ကြ ပြီးဖြစ်သည်ဟု သိရသည်။

Most read this week