Asian Peace Conference သို့ CNF တက်ရောက်

Asian Peace Conference သို့ CNF တက်ရောက်
by -
ခိုနူမ်းထုန်

Center for Peace Conflict Studies မှ ကမကထပြုသည့် Asian Peace Conference သို့ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားသည့် တခုတည်းသော ချင်းလူမျိုးစု လက်နက်ကိုင်တပ်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) မှ အထွေထွေ အတွင်းရေးမှူးချုပ် (၁)  ပူးပေါလ် စမစ် နှင့် စစ်ဖက်ရေးရာ အတွင်းရေးမှူး ဗိုလ်မှူး ကြီး ဆော်လမွန်တို့ တက်ရောက် ကြသည်ဟု သိရသည်။

သြစတေးလျ အစိုးရမှ အကုန်အကျခံပြီးပြုလုပ်သည့် အဆိုပါ ညီလာခံကို ကမ္ဘာဒီယားနိုင်ငံ Siem Reap မြို့မှာ ယခု လ သြဂုတ် ၈- ၉ ရက်အတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ CNF အပါအဝင် အစိုးရနှင့် အပစ်ရပ် စာချုပ်ချုပ် ဆိုပြီးသူ ABSDF, KNPP, KNU၊ အရှေ့တောင်အာရှနိုင်ငံ ဖိလိပိုင်၊ ဆိုမားလီးယား၊ နီပေါ၊ မလေးရှား နိုင်ငံမှ သက် ဆိုင်ရာ အစိုးရနှင့် အပစ်ရပ် လက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

DSC00125

ညီလာခံတွင် သက်ဆိုင်ရာ အစိုးရနှင့် အပစ်အခပ်ရပ်စဲရေးဖြစ်စဉ်များအပေါ် အတွေ့အကြုံ ဖလှယ်ခြင်း၊  ငြိမ်းချမ်း ရေးဖြစ်စဉ်များ ဆက်လက် မြှင့်တင်ဆောင်ရွက် အကောင်အ ထည်ဖော်နိုင်ရေး ညှိနှိုင်း ဆွေးနွေး ခြင်းများကို နှစ်ရက် ကြာ ဆွေးနွေးခဲ့ကြတာဖြစ်သည်ဟု CNF အထွေထွေအတွင်းရေးမှူးချုပ်(၁) ပူးပေါလ်စမစ် က ခိုနုမ်းသုန်ကို ပြောသည်၊

” အာရှနိုင်ငံတွေမှာ သက်ဆိုင်ရာ အစိုးရတွေနဲ့ ဖော်ဆောင်နေတဲ့ Peace Process တွေကို အချင်းချင်း ဆွေးနွေး ဖလှယ်ခဲ့ကြတယ်၊ မိမိတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဟပ်စပ်တဲ့ သင်ယူစရာ နည်းနာတွေ ဒီညီလာခံကနေ ရရှိပါတယ်၊ ဒီညီလာခံအတွေ့အကြုံကနေ ကျတော်တို့ မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ Peace Process ကို အနည်းနဲ့အများ အထောက်အကူပြုမှာပါ”  ဟု ပြောသည်။

ယခု ညီလာခံသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း အစိုးရနှင့် အပစ်အခပ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအတွက်သာ အကျုံးဝင်ပြီး ညီလာခံမှ ရရှိတဲ့ အကျိုးဖြစ် ထွန်းမှု အပေါ် မူတည်၍ နောက် နောင်တွင်လည်း အတွေ့အကြုံဖလှယ်ဆွေးနွေး မှုများ ပြုလုပ်သွားဖို့ သဘောတူထား ကြကြောင်း ပူးပေါလ်စမစ်က ဆက်ဆိုသည်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင်ရှိရေး၊ ဖက်ဒရေရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသည့် ချင်းလူမျိုးစု လက်နက် ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNF) သည် ၂၀၁၂ ခုနှစ်တွင် သမ္မတ ဦး သိန်းစိန်အစိုးရနှင့် ပြည်နယ်အဆင့် တကြိမ်၊ ပြည်ထောင်စု အဆင့် နှစ်ကြိမ် ပေါင်းသုံးကြိမ် တွေ့ ဆုံဆွေးနွေးပြီး ပဏာမ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူထားသည်။