တစ်နုုိင်ငံလုုံးဆုုိင်ရာ အပစ်ရပ်စာချုပ် အမြန်ဆုံး လက်မှတ်ရေးထိုးရန် ပါတီ ၆၀ ကျော်မှ တောင်းဆို

တစ်နုုိင်ငံလုုံးဆုုိင်ရာ အပစ်ရပ်စာချုပ် အမြန်ဆုံး လက်မှတ်ရေးထိုးရန် ပါတီ ၆၀ ကျော်မှ တောင်းဆို
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နုုိင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့(NCCT) တို့အနေဖြင့် တစ်နုုိင်ငံလုုံး ဆုုိင်ရာ အပစ် အခတ်ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement) ကို အမြန်ဆုုံး လက်မှတ်ရေးထုုိးကြရန် နိုင်ငံရေးပါတီ ၆၆ ခု က တောင်းဆိုတိုက်တွန်းလိုက်သည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တွင် သြဂုတ် ၁၁ ရက်က ကျင်းပပြုလုပ်သော UPWC နှင့် နိုင်ငံရေး ပါတီ ၆၆ ခုမှ ကိုယ်စားလှယ်များ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးအပြီးတွင် နိုင်ငံရေး ပါတီများက သဘောထားကြေညာချက် တရပ်ထုတ်ပြန်ကာ ယခုကဲ့သို့ တိုက်တွန်းတောင်းဆို လိုက်ခြင်းဖြစ် သည်။

သဘောထားကြေညာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ MPC တွင် ကျင်းပသော တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ(CNDP) ဥက္ကဌ ဦးဇိုးဇမ်က “ကျနော်တို့လို ချင်တာက ဖက်ဒရယ် ပြည်ထောင်စုပါ၊ ကျနော်တို့မျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံး ထူထောင်နိုင်ဖို့က ငြိမ်းချမ်းရေးရမှ၊ ဒီငြိမ်းချမ်း ရေးကလည်း အမြန်ဆုံး Ceasefire (အပစ်ရပ် စဲ) လုပ်နိုင်မှဖြစ်မယ်’’ ဟုပြောသည်။

ယနေ့အချိန်ကာလသည် ပြည်ထောင်စုုမြန်မာနုုိင်ငံတွင် မှီတင်းနေထုုိင်ကြသည့် တုုိင်းရင်းသားများ အားလုုံး နှစ်ပေါင်း များစွာ ရင်ဆုုိင်ကြုံတွေ့လာခဲ့ရသော လက်နက်ကုုိင် ပဋိပက္ခချုပ်ငြိမ်းနုုိင်ရေး အတွက် ငြိမ်းချမ်းရေးကုုိ လုုိလားသူတုုိင်း စည်းလုုံး ညီညွတ်စွာဖြင့် ပူးပေါင်းလုုပ်ဆောင် ရမည့် အချိန်အခါ ဖြစ်သည်ဟုလည်း ကြေညာ ချက် တွင်ဖော်ပြ ထားသည်။

ထို့အပြင် နုုိင်ငံရေးဆွေးနွေးမှု မူဘောင်များ (Framework for Political Dialogue) နှင့် နုုိင်ငံရေး တွေ့ဆုုံဆွေးနွေးမှု (Political Dialogue) စသည်တုုိ့ကုုိ အပစ်အခတ် ရပ်စဲရေးစာချုပ်ပါ သဘောတူညီချက် အတုုိင်း မပျက်မကွက် ပြုလုုပ်ကြရန် သက်ဆိုင်သူအားလုံး ကို လေးနက်စွာ တုုိက်တွန်းသည်ဟု ကြေညာချက် တွင်ဆက်လက်ဖော်ပြ ထားသည်။

ယင်းကဲ့သို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံးပေါ်ပေါက်နိုင်ရန်အတွက် ပြည်ထောင်စုု ငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုုပ်ငန်းကော်မတီ Union Peace-Making Work Committee (UPWC)၊ တစ်နိုုင်ငံလုံုးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ Nationwide Ceasefire Coordination Team (NCCT) နှင့် တုုိင်းရင်း သား လက်နက်ကုုိင် အဖွဲ့အစည်း များ နှင့် နုုိင်ငံရေး ပါတီများတွေ့ဆုုံနုုိင်ရေးကုုိ အမြန်ဆုုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများ က တောင်းဆုုိ ထားသည်။

UPWC နှင့် NCCT တို့သည် အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းကိုဆွေးနွေးရန် လာမည့် သြဂုတ်လ ၁၅ – ၁၆ ရက်တွင် MPC ၌တွေ့ဆုံမည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးမူကြမ်း ၁၂၁ ချက်အနက် သဘောတူရန် ကျန်ရှိနေသော ၃၁ ချက်ကို အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ချုပ်ဆိုအပြီး ရက်ပေါင်း (၆၀) အတွင်း နိုင်ငံရေးမူဘောင်များရေး ဆွဲရန်နှင့် ပါဝင် သင့် ပါဝင်ထိုက်သူများ ပါဝင်သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲကို ရက်ပေါင်း (၉၀) အတွင်း ကျင်းပသွားမည်ဖြစ်သည်။

Most read this week