အိန္ဒိယ ဆန် ့ကျင်သော အဖွဲ့ဟူသမျှ လက်ခံ မည်မဟုတ်ဟု မြန်မာ သမ္မတ ပြော

အိန္ဒိယ ဆန် ့ကျင်သော အဖွဲ့ဟူသမျှ လက်ခံ မည်မဟုတ်ဟု မြန်မာ သမ္မတ ပြော
by -
ခိုနူမ်းထုန်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို ့ သြဂုတ်လ ၁၁ရက်နေ့ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ ့ဆုံ ခဲ့စဉ် အိန္ဒိယအစိုးရကို ဆန် ့ကျင်သော မည်သည့် အဖွဲ ့ကိုမဆို မြန်မာ နိုင်ငံတွင် လက်ခံမည်မဟုတ်ကြောင်း သမ္မတက အခိုင်အမာပြော ဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj က အိန္ဒိယ အရှေ ့မြောက် သူပုန် များ မြန်မာနိုင်ငံ တွင် ခိုလှုံ နေကြောင်း ပြော ကြားချက်အပေါ် နိုင်ငံတော် သမ္မတက ယခုကဲ့ သို ့ပြောကြားခြင်းဖြစ်ကြောင်း သြဂုတ် ၁၁ရက်နေ့ထုတ် အိန္ဒိယ သတင်းစာဖြစ်သည့် The Economic Times ကဖေါ်ပြထားသည်။

အိန္ဒိယအစိုးရ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည့် မည်သည့် လှုပ်ရှားမှုကိုမဆို မြန်မာနိုင်ငံတွင် ခွင့်ပြုမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Syed Akbaruddin ပြောကြားချက်ကို ကိုးကားပြီး အဆိုပါသတင်း က ဖေါ်ပြထားတာဖြစ်သည်။

နှစ်နိုင်ငံ နယ်စပ် ၁၆၀၀ ကီလိုမီတာ ရှည်လျားသည့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် United Liberation Front of Asam (ULFA) အပါအဝင် အခြား အိန္ဒိယ လူမျိုးစုလက်နက်ကိုင်များ၏ လက်နက်ကိုင် စခန်းများ ရှိကြောင်း  The Sangai Express သတင်းက ဆိုထားသည်။

ယခုနှစ် မတ်လအတွင်း အိန္ဒိယ – မြန်မာ နှစ်နိုင်ငံအစိုးရအကြား စစ်ဘက်ဆိုင်ရာ နယ်စပ်လုံခြုံရေး ပူးပေါင်း ဆောင် ရွက်ရေးအတွက် သဘောတူညီမှု MOU ရရှိခဲ့ကြသည်။

အိန္ဒိယ အရှေ့မြောက်ဒေသများမှ ခွဲထွက်ရေးသူပုန်အဖွဲ့များ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ နာဂတောင်တန်းနှင့် ကချင်ပြည်နယ်တို့တွင် ခိုလှုံနေထိုင်ကြကြောင်း အိန္ဒိယအစိုးရနှင့် သတင်းစာများက မကြာခဏ ထောက်ပြ ကြပြီး မြန်မာ- အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင် များ တွေ့ဆုံမှုတိုင်းတွင် အိန္ဒိယ အရှေ့မြောက် သူပုန်များကိစ္စ အမြဲ ဆွေးနွေးရလေ့ရှိသည်။

United Liberation Front of Assam (ULFA), Peoples Liberation Army (PLA),  National Democratic Front of Bodoland (NDFB), United Peoples Liberation Front, PREPAK, Kangleipak Communist Party (KCP), Kanglei Yawol Kanna Lup (KYKL), Revolutionary People’s Front (RPF) နှင့် United National Liberation Front (UNLF) တို ့အပါအဝင် မြန်မာ ပိုင်နက်အတွင်း အိန္ဒိယ လက်နက်ကိုင် သူပုန် ရှစ်ဖွဲ ့ ထက်မ နည်း ခိုလှုံကြ သည်ဟု သတင်းများအရ သိရသည်။

၂၀၁၃ခုနှစ် မြန်မာ အစိုးရမှ အိန္ဒိယ အရှေ ့မြောက်ရှိ လက်နက်ကိုင် အဖွဲ့ များကို ချင်းပြည် နယ် မြောက်ပိုင်း ကျီးခါး မြို့နယ် ဟိုင်ကျင်း (Haicin) ရွာ အခြေစိုက် အိန္ဒိယ အရှေ့မြောက် အိန္ဒိယ သူပုန် များကြောင့် ဒေသခံ ရွာသား တချို့ တခြား ရွာများ သို့ ပြောင်းရွှေ့ နေကြ သည်ဟု သိရသည်။