လယ်ယာမြေ အဓမ္မ သိမ်းယူသူ များအား တရားစွဲ အရေးယူရန် တောင်ကြီး လယ်သမားများ တောင်းဆို

လယ်ယာမြေ အဓမ္မ သိမ်းယူသူ များအား တရားစွဲ အရေးယူရန် တောင်ကြီး လယ်သမားများ တောင်းဆို

သျှမ်းပြည် တောင်ပိုင်း  တောင်ကြီး မြို့နေ သျှမ်း၊ ဓနု၊ ပအိုဝ်း တောင်သူ လယ်သမား အင်အားရာကျော်က သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေး အတွက် အေးသာယာ မြို့သစ်တွင်  ဆန္ဒပြတောင်း ဆိုမှုပြုခဲ့ ကြသည်။

မြေယာဥပဒေနှင့်ဆန့်ကျင်ကာ ဒေသခံလူထု၏ ယာမြေများအား အဓမ္မ သိမ်းယူသော တာဝန်ရှိသူများအား တရားစွဲဆိုအရေးယူပေးရန် ဆန္ဒပြလယ်သမားများက တောင်းဆိုခဲ့ပြီး မိမိမြေပြန်လည်ရရှိရေးအတွက် တောင်သူများဘက်မှလည်း နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းတာင်းဆိုသွား မည်ဖြစ်ကြောင်း ဆန္ဒပြပွဲတွင်ဦးဆောင်သူ သျှမ်းပြည်နယ်တောင်သူလယ်သမားရေးရာကော်မတီ အဖွဲ့ဝင် ဦးတင်ရွှေက တောင်သူများ ကိုယ်စားပြောကြားခဲ့သည်။

002- farmer

တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန်၊ ညောင်ရွှေ ၊ ရွှေညောင် ၊ ဟဲဟိုး၊ စင့်ဟယ်၊ ရေပူရွာ၊ ကျောက်နီ၊ တောင်လေး လုံး ဘုရားဖြူ၊ တောင်နီ ၊ ကွမ်လုံ၊ နောင်ကား၊ ညိုမီ တို့တွင်နေထိုင်ကြသော မြေသိမ်းခံ တောင်သူလယ်သမား အင်အား  ၅၀၀ ၀န်းကျင် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

စစ်အစိုးရလက်ထက်တွင်သိမ်းဆည်းထားသော လယ်ယာမြေ ဧက ၆၀၀၀ ကျော်အား တပ်မတော်၊ ပြည်သူ့စစ်၊ ဌာနဆိုင် ရာ နှင့် ကုမ္ပဏီ အတွက် အသုံးပြုခဲ့ကြကြောင်း အဆိုပါမြေများမှ အသုံးမပြုသည့် မြေများအား  ဒေသခံ လယ်ပိုင်ရှင်များ ထံ ပြန်လည်အပ်နှံခွဲဝေပေးရန် တောင်ကြီး၊ ရွှေညောင် ၊ ညောင်ရွှေနှင့် ကျောက်တလုံးကြီး မြို့နယ် မှ ဒေသခံများက ဆိုသည်။

လယ်သမားများ၏ မူလအစီအစဉ်မှာ တောင်ကြီးမြို့ပေါ်တွင် ဆန္ဒပြရန်ရည်ရွယ်ထား သော်လည်း  ခွင့်ပြုချက် မရသဖြင့်   တောင်ကြီးမြို့ အဝင်မုတ်ဦးမှ အေးသာယာစက်မှုဇုန်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြ ကြောင်း ဦးဆောင်သူများ ထံမှသိရသည်။

ယင်း တောင်သူများသည်ပြီးခဲ့သော ဂျူလိုင်လ ၁ ရက်နေ့ကလည်း လူအင်အား ၂၀၀ ကျော်ဖြင့် တောင်ကြီးမြို့ပေါ်တွင် တစ်ကြိမ်ဆန္ဒပြခဲ့ဖူးကြောင်းသိရှိရသည်။

Most read this week