ချင်းကျေးလက်ဒေသဖွံ ့ဖြိုးရေးအတွက်အစိုုးရ က ကျပ်ငွေ သိန်း ၅၂၀၀ ကူညီ

ချင်းကျေးလက်ဒေသဖွံ ့ဖြိုးရေးအတွက်အစိုုးရ က ကျပ်ငွေ သိန်း ၅၂၀၀ ကူညီ
by -
ခိုနူမ်းထုန်

၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွက် မြန်မာတစ်နိုင်ငံလုံး အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး ဆင်းရဲမွဲတေမှု ရ၃ ရာခိုင်နှုန်း အောက်ရှိ ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် အစိုးရက ကျပ်ငွေ သိန်း ၅၂၀၀ ကူညီပ့ံပိုး ချပေးလိုက်သည်။

ချင်းပြည်နယ် ထန်တလန်မြို ့နယ်ရှိ ကျေးရွာပေါင်း (၅၄)ရွာအတွက် အစိုးရက ကျေးရွာဖွံ ့ဖြိုးရေး စီမံကိန်းခေါင်း စဉ်ဖြင့် ကျပ်ငွေ သိန်း ၅၂၀၀ ကူညီပံ့ပိုးခဲ့ရာမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မြင့် ဦးဆောင်သည့် ကော်မီတီက ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသ ထုတ် The Hakha Post က ဖော်ပြထားသည်။

” တစ်မြို့နယ်လုံးရှိ ကျေးရွာအားလုံးပေါင်းရဲ့ တဝက်ကျော်ကျော်ကို စီမံကိန်း ချပေးခဲ့ပါတယ်၊ ဒါပေမဲ့ ကျန်းမာ ရေး၊ ပညာရေး၊ စိုက်ပျိုးရေးတွေက အစ လိုအပ်ချက်တွေက အများကြီးရှိသေးတာပေါ့၊ ဘာပဲဖြစ်ဖြစ် စစ်အစိုးရလက်ထက် က ဘာမှ လုပ်မပေးတာနဲ့စာရင်် အားရစရာဖြစ်လာပါတယ်” ဟု ငဖိုင်ပီးရွာက ကျောင်းဆရာ တစ်ဦးက ပြောသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အဓိက မြို့ပေါ် ကွက်သစ်ဖော်ဆောင်ရေး၊ သောက်သုံးရေ ဖူလုံရေး၊ လယ်ယာ မြေရေမြောင်းဖောက်လုပ်ရေး၊ တံတား ဆောက်လုပ်ရေး၊ အသေးစား ရေအားလျှပ်စစ်ဆောက် လုပ်ရေး၊ ရွာ ချင်းဆက် ကားလမ်းနှင့် မော်တော်ဆိုင်ကယ် သွားလမ်း ဖောက် လုပ်ရေး၊ Private ကျောင်းဆရာ ငှားရမ်းခ များအတွက် ထောက်ပ့ံကူညီခဲ့ခြင်းဖြစ်သည်။

စီမံကိန်းအသေးစိပ်မှာ ကွက်သစ်ဖော်ဆောင်ရေးအတွက် တစ်နေရာ၊ ရေပိုက်သွယ်ယူရေး  (၁၀ )ခု ၊  လယ်မြေရေ မြောင်းဖောက်လုပ်ရေး (၁၁) ခု၊ တံတား ဆောက်လုပ်ရေး (၁၀) ခု၊ အသေးစား ရေအားလျှပ်စစ် ဆောက်လုပ်ရေး (၇)ခု၊ ရွာအကြားကားလမ်းနှင့် ဆိုင်ကယ်သွားလမ်း ဖောက်လုပ်ရေး ( ၉ ) ခု၊ Private ကျောင်းဆရာ ငှားရမ်းခ (၆) နေရာ အတွက် ထောက်ပ့ံကူညီခဲ့ခြင်း ဖြစ်သည်။

ထောက်ပ့ံငွေများအနက် အများဆုံးပမာဏမှာ ထန်တလန်မြို့ပေါ်ကွက် သစ်ဖော်ဆောင်ရေး ၊ နှာရိန်ရွာ အသေးစား ရေအားလျှပ်စစ် တည်ဆောက်ရေး နှင့် Fartlang – Khuapilu ကား လမ်းဖောက်လုပ်ရေးအတွက် ကျပ်ငွေ သိန်းပေါင်း ၃၀၀ စီ နဲ့ အသေးဆုံးပမာဏမှာ နှာရိန် အထက် တန်းကျောင်းခွဲ ကျောင်းဆရာငှားရမ်း ခအတွက် ကျပ်ငွေ ၁၂ သိန်း တို့ဖြစ်သည်။

ထောက်ပံ့ငွေ ကျပ်သိန်း ၅၂၀၀ အနက် ကျပ်သိန်း ၄၆၈၈.၅ ကို ထန်တလန်မြို ့နယ် ၅၄ ရွာအတွက် ထုတ်သုံးပြီး ကျန် ကျပ်ငွေသိန်း ၅၁၁.၅ ကို မည်သို့ အသုံးပြုမည် မသိရှိပါ။

၂၀၀၈ ခုနှစ် ချင်းပြည်နယ်မြေစာရင်းဦးစီးဌာန၏ စာရင်းအရ ထန်တလန်မြို့နယ်မှာ ကျေး ရွာအုပ်စု ၃၇၊ ကျေးရွာပေါင်း ၈၆၊ လူဦးရေစုစုပေါင်း ၆၅၉၇၀ ရှိသည်ဟု သိရသည်။