စစ်တွေ- နည်းပညာ တက္ကသိုလ် ရထားလမ်းပိုင်း ဖေါက်လုပ်ရာတွင် ဒေသခံ အလုပ်သမားများကို ငွေမပေးဘဲ အချိန်ပို စေခိုင်း

စစ်တွေ- နည်းပညာ တက္ကသိုလ် ရထားလမ်းပိုင်း ဖေါက်လုပ်ရာတွင် ဒေသခံ အလုပ်သမားများကို ငွေမပေးဘဲ အချိန်ပို စေခိုင်း
စစ်တွေ-အမ်း ရထားလမ်းတွင် ပါဝင်သော စစ်တွေမြို့နှင့် နည်းပညာတက္ကသိုလ် အကြား ရထားလမ်းပိုင်းကို ဖေါက်လုပ် နေရာတွင် အလုပ်သမားများကို ငွေကြေး တစုံတရာ မပေးဘဲ အချိန်ပို ခိုင်းစေ နေ ...

မောင်ရမ္မာ (နိရဥ္စရာ) စစ်တွေ-အမ်း ရထားလမ်းတွင် ပါဝင်သော စစ်တွေမြို့နှင့် နည်းပညာတက္ကသိုလ် အကြား ရထားလမ်းပိုင်းကို ဖေါက်လုပ် နေရာတွင် အလုပ်သမားများကို ငွေကြေး တစုံတရာ မပေးဘဲ အချိန်ပို ခိုင်းစေ နေသည်။

အမည် မဖေါ်လိုသူ အလုပ်သမား တဦးက “ အဲဒီ ရထား လမ်းပိုင်းကို ဒီလ ၁၅ ရက်နေ့မှာ အပြီးသတ်မယ် ဆိုပြီး ရာတားထားပါတယ်။ ဒါကြောင့် အထက်က ညွှန်ကြားချက် အရဆိုပြီး ကန်ထရိုက်ယူထားတဲ့ အလုပ်သမား ခေါင်းဆောင်တွေက သတ်မှတ်ထားတဲ့ အချိန်အတွင်း မပြီးမှာကို စိုးရိမ်ပြီး ကျနော်တို့ အလုပ်သမားတွေကို ပိုက်ဆံ ပိုမပေးဘဲ အချိန်ပို ခိုင်းနေတာ ဖြစ်ပါတယ်။”ဟု ပြောသည်။

သက်ဆိုင်ရာက လုပ်ငန်းခွင်တွင် အလုပ်ချိန်ကို နံနက် ရနာရီမှ ညနေ ၅ နာရီထိ သတ်မှတ် ပေးထား သော်လည်း အလုပ်သမား ခေါင်းများက အလုပ်မပြီးမှာကို စိုးရိမ်ပြီး အလုပ်ချိန်ကို ညနေ ရနာရီထိ တိုးမြှင့် ခိုင်းစေနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အလုပ်သမားတွေက အလုပ်ချိန် (၂) နာရီအတွက် လုပ်အားခ ပိုးပေးဖို့ ပြောပေမယ့် သူတို့က နိုင်ငံတော်ရဲ့ အမိန့် မတတ်နိ်ုင်ဘူးဆိုပြီး ပြောပါတယ်။” ဟု သူက ပြောသည်။

ရထားလမ်း ဖေါက်လုပ်ရာတွင် ဒေသခံ အလုပ်သမား များမှာ နေပူပြင် ထဲတွင် ကျောက်ထု၊ ကျောက်သယ်၊ မြေတူး မြေပေါက်စသည့် အလုပ်ကြမ်းများကို လုပ်ကိုင်နေကြ ရခြင်းဖြစ်သည်။

အလုပ်သမား တဦး၏ တနေ့ လုပ်အားခမှာ ကျပ် ၁၅ဝဝ ရှိပြီး လုပ်အားခကိုလည်း နေ့တိုင်း ရှင်းမပေးဘဲ (၅) ရက်တကြိမ်သာ ရှင်းပေးသည်ဟု သိရသည်။

၎င်းအပြင် အလုပ်သမား ရံပုံငွေဟု ဆိုကာ နေ့စဉ် လုပ်ခထဲမှ ငွေ ၁ဝဝ စီ ဖြတ်တောက် သည်ဟုလည်း အဆိုပါ အလုပ်သမားက ပြောသည်။

Most read this week