စစ်ကိုင်းတိုင်းအတွင်း လျှစ်စစ်ဓါတ်အားဖြန့် ဖြူးရေး အိန္ဒိယ- မြန်မာ ဆွေးနွေး

စစ်ကိုင်းတိုင်းအတွင်း လျှစ်စစ်ဓါတ်အားဖြန့် ဖြူးရေး အိန္ဒိယ- မြန်မာ ဆွေးနွေး
by -
ခိုနူမ်းထုန်

စစ်ကိုင်းတိုင်း( မြန်မာနိုင်ငံ) အတွင်း လျှပ်စစ်ဓါတ်အား ဖြန် ့ဖြူးနိုင်ရေးနှင့် ပါတ်သက်ပြီး အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ အစိုးရမှ သက် ဆိုင်ရာ အရာရှိများ  နယ်စပ် တမူးမြို ့မှာ ၂၀၁၄ ခုနှစ် သြဂုတ်လ (၄) ရက်နေ ့က တွေ ့ဆုံဆွေးနွေးခဲ့ကြသည်။

နယ်စပ် တမူးမြို ့၊ တပ်မတော်စစ်တပ်ဌာနချုပ်ရုံးတွင် ပြုလုပ်သည့် နှစ်နိုင်ငံကိုယ်စားလှယ် ဆွေးနွေးပွဲတွင် အိန္ဒိယအစိုးရဖက်မှ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Govindas Konthoujam က ဦးဆောင်ပြီး မြန်မာဖက်မှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်သည့် စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီး ဦးကျော်ဝင်း၊ တမူးမြို ့နယ်စပ် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဥက္ကဌ ဦး လှမောင်တို့ပါ၀င်ကြောင်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ထုတ် E-Po သတင်းတွင် ရေးသားထားသည်။

ဆွေးနွေးပွဲမှာ စစ်ကိုင်းတိုင်းအတွင်း ဓါတ်အားစနစ်မှ လျှပ်စစ်မီး ဖြန် ့ဖြူးနိုင်ရေးကိစ္စကို နှစ်ဖက် နိုင်ငံကိုယ် စားလှယ်များ အဓိက ဆွေးနွေးခဲ့ကြပြီး မြန်မာဝန်ကြီး ဦး ခင်မောင်စိုးအနေဖြင့် ဆွေးနွေးပွဲရလဒ်များကို သက်ဆိုင်ရာ အထက် တာဝန်ရှိသူများထံ တင်ပြပြီးမှ  ပြန်လည်အကြောင်းပြန်ဖို့ သဘောတူထားခဲ့ကြောင်းနှင့် အကယ်၍ နှစ်နိုင်ငံ ကိုယ်စားလှယ် သဘောတူချက်များကို မြန်မာ အစိုးရက အကောင်အထည်ဖေါ်ပါက အိန္ဒိယအစိုးရ အနေဖြင့် လိုအပ်သည့် ပစ္စည်း ကိရိယာများ ပံ့ပိုးသွားဖြစ်ကြောင်း သိရသည်။

တဆက်တည်း အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယနယ်မြေအတွင်း နယ်စပ်ဂိတ် ဖွင့်လှစ် ဆောက်လုပ်မည့် အစီအစဉ် ကို မြန်မာအစိုးရက သဘောတူထောက်ခံပေးဖို့ အိန္ဒိယ အစိုးရက တိုက်တွန်းခဲ့ကြောင်း အဆိုပါသတင်းစာမှာ ဆက်လက် ဖော်ပြထားသည်။

၎င်းအပြင်  မြန်မာစစ်တပ်မှ ဖမ်းဆီးခဲ့သော မဏိပူရ ပြည်နယ်သား (၆)ဦးကို လွှတ်ပေးရန် အိန္ဒိယ ကိုယ်စား လှယ် များ တောင်းဆိုချက်ကို မြန်မာကိုယ်စားလှယ်အဖွဲ ့က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး အမြန်ဆုံးလွှတ်ပေးဖို့ ပြောဆိုထားကြောင်းလည်း သိရသည်။

Most read this week