အငှား ကျောင်းဆရာအတွက် ကျောင်းသားတစ်ဦးလျှင် ကျပ်ငွေ ၄၀၀ ကောက်ခံ

အငှား ကျောင်းဆရာအတွက် ကျောင်းသားတစ်ဦးလျှင် ကျပ်ငွေ ၄၀၀ ကောက်ခံ
by -
ခိုနူမ်းထုန်

၂၀၁၄ – ၂၀၁၅ ပညာသင်နှစ်အတွက် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ် မြို့သစ်၊ အမှတ် (၂) အစိုးရ အလယ် တန်းကျောင်းတွင် အစိုးရကျောင်းဆရာအင်အား မလုံလောက်သည့်အတွက် ကျောင်းသားတစ်ဦး ကျပ်ငွေ ၄၀၀ နှုန်း ထည့်ဝင်စေပြီး ကျောင်းဆရာနှစ်ဦးကို ငှားရမ်းရသည်ဟု ကျောင်းကော်မီတီဝင်ပူးဘွေးဆုမ်း က ပြောသည်။

“ကျောင်းဆရာ မလုံလောက်လို့ ကျောင်းကော်မီတီက ပြင်ပ ကျောင်းဆရာနှစ်ဦးကို တလ ကျပ်ငွေ တသိန်း ကျော် နှုန်းစီနဲ့ ယခုလက စပြီး ငှားရမ်းဖို့၊ လုပ်ခအ တွက် ကျောင်းသားတဦး ကျပ်ငွေ ၄၀၀ စီ ကောက်ခံဖို့ ဆုံးဖြတ်ထားတာ ပါ”  ဟု ပြောသည်။

အမှတ် (၂) ရိဒ်ခေါ်ဒါရ် အစိုးရအလယ်တန်းတွင် ကျောင်းသားသူ ဦးရေ ၅၃၅ ရှိပြီး အလယ်တန်းကျောင်းဆရာ (၈) ဦး၊ မူ လတန်း ကျောင်းဆရာ (၅) ရှိပြီး ရိဒ်ခေါ်ဒါရ် အစိုးရ အထက်တန်းကျောင်းတွင်လည်း အစိုးရကျောင်း ဆရာ အင်အား နည်းနေကြောင်း သိရသည်။

“ကျောင်းသားတွေ ငွေကောက်ခံတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး ကျောင်းသား မိဘ တစ်ဦးကမူ ကျောင်းသား ၃၊ ၄ ဦးရှိတဲ့ အိမ်ထောင်မိသားစုတွေ အတွက်တော့ စရိတ်စခက မသေးဘူး၊ ဒါကို ကျောင်းကော်မီတီတွေ အနေနဲ့ ပြန်လည် စဉ်း စားသင့်တယ် ” လို့ ပြောသည်။

ထို့အပြင် အမှတ် (၂) ရိဒ်ခေါ်ဒါရ် အစုုိးရအလယ်တန်းကျောင်းအုပ်ကြီးသည် ပြီးခဲ့သော ဇူလိုင်လက ဆုံးပါးခဲ့ပြီး ၎င်းအစား ကျောင်းအုပ်ဆရာကြီး ပြန်လည် အစားမထိုးနိုင်သေးကြောင်း သိရသည်။

ယမန်နှစ် ၂၀၁၃၊ ဧပြီလက ချင်းပြည်နယ် ပညာရေးဌာနအတွက် သက်ဆိုင်ရာ ပညာရေး ၀န်ကြီးဌာနက အလုပ်ခေါ်ယူထားရာမှာ ၅၀၀၀ ခန့် အရည်အချင်းစစ်စာမေး ပွဲ ဖြေဆို ထားကြောင်း၊ သို့သော် မည်မျှ ခန့်အပ်ထားသည်ကိုတော့ မသိရပါ။

လေ့လာချက်တွေအရ လက်ရှိ အစိုးရလက်ထက်တွင် ချင်းပြည်နယ်အတွက် ကျောင်းဆရာ အင်အား အဆမတန်တိုးချဲ့ ခဲ့သော်လည်း အစိုးရကျောင်းဆရာ အင်အား ရာထားချက် မပြည့်မှီသော ကျောင်းများ အတော်အတန် ရှိနေသေးကြောင်း သိရသည်။