အာရှဒေသတွင်း အစည်းအဝေးများတက်ရန် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်

အာရှဒေသတွင်း အစည်းအဝေးများတက်ရန် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်
by -
မဇ္စျိမ

အရှေ့အာရှထိပ်သီးတွေ့ဆုံပွဲ၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးပွဲ၊ အာဆီယံဒေသဆိုင်ရာ ဖိုရမ်နှင့် အာဆီယံ-နယူးဇီလန် ဝန်ကြီးများ အစည်းအဝေးပွဲများ တက်ရောက်ရန် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး မာရီ မက်ကောလီသည် မြန်မာနိုင်ငံသို့  သြဂုတ်လ ဒုတိယအပတ် အတွင်း လာရောက်မည်ဟု နယူးဇီလန် Yahoo သတင်းတစ်ရပ်တွင် သြဂုတ်လ ၆ ရက်တွင် ဖော်ပြထားသည်။

မက်ကော်လီက “အရှေ့အာရှထိပ်သီးတွေ့ဆုံပွဲရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ဝန်ကြီးတွေနဲ့အတူ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သြစတေးလျနိုင်ငံနဲ့ ကျွန်တော်တို့ နယူးဇီလန်နိုင်ငံက ဝန်ကြီးတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

6aug7

“ယခုတက်ရောက်မယ့် ဒေသတွင်းဆိုင်ရာ ဖိုရမ်ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံအချို့အပေါ် သက်ရောက်နေတဲ့ နိုင်ငံရေး၊ လုံခြံုနေရေးနဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းမှာဖြစ်တဲ့အတွက် နယူးဇီလန်နိုင်ငံအတွက် အရေးပါပါတယ်” ဟုလည်း မက်ကော်လီက ဖြည့်စွက်ပြောကြားခဲ့သည်။

"ဒီနှစ်အတွက် အရှေ့အာရှ ထိပ်သီးတွေ့ဆုံပွဲနဲ့ အာဆီယံ အစည်းအဝေးပွဲတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်မယ် ဆိုတာကို သိရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းမြောက် ရပါတယ်။ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဟာ ယင်းအနေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လာတယ်ဆိုတဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး မက်ကော်လီသည် မော်လ်ဒိုက် ပြည့်သူ့သမ္မတနိုင်ငံနှင့် ဘူတန်နိုင်ငံများသို့လည်း ဆက်လက် သွားရောက်မည်ဖြစ်သည်။