ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ် ကျေးလက်ဒေသပြည်သူတွေ အစာရေစာ ပြတ်လပ်မှုအတွက် Nippon Foundation ( Japan) က နောက်လ မှစပြီး ချင်း အမျိုးသားတပ်ဦး(CNF) မှ တဆင့် ဆန်ထောက်ပ့ံမည့်ကိစ္စကို တွန်းဇံမြို့နယ် USDP ပါတီက လက်မခံကြောင်း သိရသည်။
“တွန်းဇံမြို့နယ် USDP ပါတီခေါင်းဆောင်တွေက Nippon Foundation ကနေ ဆန်ထောက်ပ့ံမည့်ကိစ္စ လက်မခံ ကြောင်း ချင်းပြည်နယ်အစိုးရကို ပြီးခဲ့တဲ့လက တင်ပြလို့ ပြည်နယ်အစိုးရက ဆန်ထောက်ပ့ံခွင့် မပြုတာပါ” လို့ တွန်းဇံမြို့ပေါ်မှ လူကြီးတစ်ဦးက ပြောသည်။
ဆန်ထောက်ပ့ံမည့် ဒေသသည် အစိုးရမှ ဘိန်းခင်းဖျက်ဆီးခဲ့တဲ့ ဒေသဖြစ်ပြီး အကယ်ဤ ဆန်ထောက်ပ့ံပါက ဘိန်းခင်းဖျက်ဆီး ခံသူတွေကို အားပေးကူညီ ရာရောက်သည့်အတွက် ပြည်နယ်အစိုးရက လက်မခံခြင်းဖြစ်သည်ဟု သိရသည်။ သို့သော် အစိုးရဖက်က ဒေသခံများအတွက် မည်သည့် ထောက်ပ့ံမှုများ လုပ်ပေးသည်ကို မသိရပါ။
တွန်းဇံမြို ့နယ်၊ ကျီခါးမြို ့နယ်ခွဲအတွင်း ဘိန်းခင်း ၆၇၂ ဒသမ ၈၆ ဧကကို ဖလမ်း ခရိုင်ပြည်သူ ့ရဲတပ်ဖွဲ ့များ၏ ကြီး ကြပ်မှုဖြင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ ့မှ ၂၄ ရက်နေ ့အတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ၂၀၁၄ခုနှစ် ဇန်နဝါ၇ီလ ၃ ရက်နေ ့ထုတ် မြန်မာနိုင်ငံ ပြန်ကြားရေးနှင့် ပြည်သူ ့ဆက်ဆံရေးဦးစီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
“ဒီကိစ္စ CNF လူကြီး အစည်းအဝေးမှာ ၀င်လာပါတယ်၊ ချင်းပြည်သူ အားလုံးလိုလိုက အစာရေစာ ခက်ခဲကြတယ်ဆိုတော့ တခြား ဒေသတွေကို ဖြန့်ပေးရမှာပေါ့” ဟု ချင်းအမျိုးသားတပ်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ရွှေခါးက ပြောသည်။
တွန်းဇံမြို့နယ် အဆင့် UPDP ပါတီခေါင်းဆောင်များနှင့် တွန်းဇံနယ်ခံဖြစ်သူ CNF တီးတိန်ဆက်ဆံရေးရုံး တာဝန်ခံ Pu Haukang တို့ စိတ်ချင်းမတိုက်ဆိုင်သည့်အတွက်ကြောင့် ယခုလို CNF မှ တဆင့် ထောက်ပ့ံမည့် Nippon လူသား ချင်းစာနာ ထောက်ထားမှုကို လက်မခံခြင်းဖြစ်ကြောင်း ဒေသခံ တချို့က ဝေဖန်ပြောဆိုကြသည်။
Nippon Foundation (Japan) သည် ပြီးခဲ့တဲ့ ၂၀၁၃ အတွင်း ချင်းပြည်နယ် တီးတိန်၊ ထန်တလန်၊ မတူပီ၊ ပလက်ဝ မြို့နယ် ကျေးလက်ဒေ သများတွင် ဆန်အိတ်များ ဖြန့်ဝေပေးခဲ့ပြီး ယခုနှစ်မှာ ကန်ပလက်မြို့နယ် နှင့် တွန်းဇံမြို့နယ် မှာ ဖြန့်ဝေဖို့ စီစဉ် ခဲ့တာခြင်းဖြစ်သည်။
ချင်းပြည်နယ်အတွင်း ဘိန်းပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရန် ချင်းအမျိုးသားတပ်ဦး၊ ချင်းပြည်နယ်အစိုးရ နှင့် ပြည် ထောင်စု အစိုးရတို ့သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြသည်။