ရွှေတြိဂံဒေသ မူးယစ်ဂိုဏ်းခေါင်းဆောင် အခုထိမမိ ဖမ်းထားသည့် သူ့အဆက်များ အာမခံငွေဖြင့် စစ်အစိုးရ ပြန်လွှတ်ပေး

ရွှေတြိဂံဒေသ မူးယစ်ဂိုဏ်းခေါင်းဆောင် အခုထိမမိ ဖမ်းထားသည့် သူ့အဆက်များ အာမခံငွေဖြင့် စစ်အစိုးရ ပြန်လွှတ်ပေး
ဖေဖေါ်ဝါရီလ နှောင်းပိုင်းက တရုပ်လှေ တစင်း ပစ်ခတ်ခံရမှုကြောင့် တြိဂံဒေသ ဘိန်းရာဇာ နော်ခမ်းအဖွဲ့ကို စစ်အစိုးရ လိုက်လံ ချေမှုန်းယင်း နော်ခမ်း နှင့် အဆက်အသွယ်ဟု မသကာင်္၍ ဖမ်းစီးခဲ့သူပေါင်း ၂ဝ ကျော်အနက် အများစုကို အာမခံကြေးဖြင့် ပြန်လွှတ်ပေး ...

ဖေဖေါ်ဝါရီလ နှောင်းပိုင်းက တရုပ်လှေ တစင်းပစ်ခတ်ခံရမှုကြောင့် တြိဂံဒေသ ဘိန်းရာဇာနော်ခမ်းအဖွဲ့ကို စစ်အစိုးရ လိုက်လံ ချေမှုန်းယင်း နော်ခမ်း နှင့် အဆက်အသွယ်ဟု မသကာင်္၍ဖမ်းစီးခဲ့သူပေါင်း ၂ဝ ကျော်အနက် အများစုကို အာမခံကြေးဖြင့် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နယ်စပ်သတင်း ရပ်ကွက်ကဆိုပါသည်။

မဲခေါင်မြစ်တွင်း တရုပ်လှေတစင်း ပစ်ခတ်ခံရပြီး တရုပ်နိုင်ငံသား တဦး သေဆုံးပြီး ရ ဦးဒဏ်ရာ ရရာမှ တရုပ်အစိုးရ ဖိအား ကြောင့် မြန်မာစစ်အစိုးရက စစ်ကြောင်း ၄-၅ ကြောင်းစေလွတ်၍ နော်ခမ်းအဖွဲ့ကိုလိုက်လံရှင်းလင်းခဲ့သည်။ ထို့အတူ နော်ခမ်းနှင့်အဆက်သွယ်များဟု ယူဆသော ဒေသခံနှင့် ရဲဘော်ဟောင်းအချို့ အယောက် ၂ဝ ကျော်ကိုလည်း စစ်အစိုးရက ဖမ်းဆီးချုပ်နှောင်ထားလိုက်သည်။

“စစ်အစိုးရ ဖမ်းထားတဲ့သူတချို့က ဗမာ့တပ်မတော်ရဲဘော်ဟောင်းလဲပါတယ်။ သူတို့တွေက  ဘယ်စစ်အာဏာပိုင် တွေကို ဘယ်နေ့က နော်ခမ်း ပိုက်ဆံ ဘယ်လောက် ပေးကျွေးတယ်ဆိုတာအကုန်သိတယ်လေ။ အဲ့ကြောင့် သူတို့ကို ပြန်မလွှတ် ပေးရင် ပြဿနာတက်နိုင်လို့ အာမခံငွေကြေး တယောက် ကျပ်ငွေသန်း ၂ဝ အာမခံခိုင်းပြီး  ပြန်လွှတ် ပေးလိုက်တယ်” ဟု အဖမ်း ခံရသူများ နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ဆိုသည်။

စစ်အစိုးလွှတ်ပေးသည့် အထဲတွင် ဗမာအမျိုးသား စီးပွားရေးလုပ်ငန်းရှင် (လက်ရှိအိမ် - ဝေါ်ခုတ်ရွာ ကျိုင်းဖေါင်း ကျေး ရွာ အုပ်စု) ဦးသီဟ နှင့် (ဆက်သွယ်ရေးတပ်မှ စစ်ထွက်) ဗမာအမျိုးသား စီးပွားရေးလုပ်ငန်းရှင် အမှတ် ၃ ရပ်၊ နမ့်ခက် ရွာကျိုင်းတုံမြို့နေ ဦးမောင်တင့်တို့ ဖြစ်ကြောင်း၊ ထိုသူနှစ်ဦးသည် နော်ခမ်းအဖွဲ့ နှင့် စစ်အစိုးရခေါင်းဆောင်များ ကြားဆက်သွယ် ပေးသော ပုဂ္ဂိုလ်များ ဖြစ်ကြောင်း ၎င်းကပြောပြသည်။

“နော်ခမ်း နဲ့ အဖွဲ့ က မိုင်းဖုန်း မြောက်ဘက် (မဲခေါင်မြစ် အနောက်ဘက်ခြမ်း) ခုံကုံ့ တောအုပ်ထဲမှာ ရှိနိုင်တယ်။ အခု စစ်အစိုးရ သူ့ကိုမသုတ်သင်နိုင်လို့ သူ့လုပ်ငန်းတောင်ပြန်လည်ပတ်နေပြီလို့ပြောတယ်။ ကျနော့်အမြင်ကတော့ အခုထိ သူ နဲ့စစ်အစိုးရ ကြားအပေးအယူ ရှိသေးလို့ဘဲထင်တယ်” ဟု နယ်စပ်အရေးလေ့လာသည့် ပုဂ္ဂိုလ်တဦးကဆိုသည်။

တာချီလိတ်ဒေသခံ စီးပွားရေးသမားတဦးကလည်း နော်ခမ်းပြဿနာမဖြစ်သည့်အချိန်အထိ တာချီလိတ်ရှိ ဗျူဟာမှူး အပါ အဝင် စစ်အစိုးရအရာရှိ အဆင့်ဆင့်အပြင် ကျိုင်းတုံ တြိဂံတိုင်းအား တလလျှင် ဘတ်ငွေ ၂ သန်းပေး ရကြောင်း၊ ပြောင်းရွေ့ သွားပြီဖြစ်သည့် တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်ဟန်၏ သမီးမင်္ဂလာဆောင်ချိန်တွင်လည်း နော်ခမ်းက ဒေါ်လာငွေ ၂ သောင်း လက်ဖွဲ့ခဲ့ကြောင်း လည်းအဆိုပါ ပုဂ္ဂိုလ်ကပြောပြပါသည်။

ခွန်ဆာ၏  MTA လက်နက်ချ အဖွဲ့ဖြစ်သော နော်ခမ်းအဖွဲ့သည် လူအင်အား ရဝ-၈ဝ ခန့်ရှိပြီး တာချီလိတ်ရှိ နအဖ စစ်ဗျူဟာမှူးအဆက်ဆက်ကို ဝင်ဆံ့ပေးကျွေးနိုင်မှုကြောင့် ရွှေတြိဂံဒေသ တစ်ဝိုက်ယာဘ၊ ဘိန်းဖြူကုန်သည်များထံမှ သျှမ်းပြည်တပ်မတော် SSA နာမည်သုံးကာ အခွန်ကောက်စားတဲ့အပြင် ၎င်းကိုယ်တိုင်လည်း မူးယစ်ဆေးများလွတ်လပ် စွာ ရောင်းဝယ် ဖေါက်ကားနိုင်သည့်အခွင့်ထူးရသူတဦးဖြစ်သည်။