အရံမီးသတ် တပ်ဖွဲ့သင်တန်းခေါ်ပြီး ပြည်သူ့စစ်ကဲ့သို့ စစ်ရေး လေ့ကျင့်ပေးနေ

အရံမီးသတ် တပ်ဖွဲ့သင်တန်းခေါ်ပြီး ပြည်သူ့စစ်ကဲ့သို့ စစ်ရေး လေ့ကျင့်ပေးနေ
သျှမ်းပြည်အရှှေ့ပိုင်း တာချီလိတ်မြို့နယ် ကျေးရွာလူထုအား အရံမီးသတ်တပ်ဖွဲ့ နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းထဲ မဝင်မ နေရ ဟု အာဏာပိုင်များ ဆင့်ခေါ်ကြောင်း၊ အရံမီးသတ်ဟု နာမည်ပေးပြီး ပြည်သူ့စစ်ကဲ့သို့ စစ်ရေး လေ့ကျင့်ပေးကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆို ...

သျှမ်းပြည်အရှှေ့ပိုင်း တာချီလိတ်မြို့နယ် ကျေးရွာလူထုအား အရံမီးသတ်တပ်ဖွဲ့ နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းထဲ မဝင်မ နေရ ဟု အာဏာပိုင်များ ဆင့်ခေါ်ကြောင်း၊ အရံမီးသတ်ဟု နာမည်ပေးပြီး ပြည်သူ့စစ်ကဲ့သို့ စစ်ရေး လေ့ကျင့်ပေးကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

တာချီလိတ်မြို့နယ် မုံးကိုးကျေးရွာအုပ်စုတွင် ကျေးရွာလူထုအား အရံမီးသတ်တပ်ဖွဲ့မဝင်ပါက ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းထဲ ဝင်ရမည်ဟု ဧပြီလလယ်ပိုင်းကတည်းက ဒေသခံအာဏာပိုင်များက အတင်းအကျပ်ဆင့်ခေါ်ပြီး  အရံမီးသတ်တပ်ဖွဲ့ဝင်သူ များကိုလည်း ပြည်သူ့စစ်သဏ္ဍာန် စစ်ရေးလေ့ကျင့်ခိုင်းသည်ဟု အသက် ၄ဝ ကျော်အရွယ် သားသည်မိခင်တဦးက  ပြောပါသည်။

“အထက်က အမိန့်ဆိုပြီး ကျေးရွာအုပ်စုဥက္ကဌက ဆင့်ဆိုတယ် ရွာသူကြီးက လူစာရင်းလိုက်ကောက်တယ်။ ရွာတရွာမှာ အိမ်ခြေ ၃ဝ ရှိရင် ၁၅ အိမ်က အရံမီးသတ်ထဲ လုံးဝဝင်ရမှာဖြစ်ပြီး ကျန်တဲ့အိမ်တွေက ကြံ့ခိုင်ရေး အသင်း ထဲဝင်ရမယ်တဲ့။ မဝင်မနေရ ဘဲ။ မီးသတ်တပ်ဖွဲ့ထဲဝင်တဲ့သူတွေ ကိုလဲ ပြည်သူ့စစ်အတိုင်း စစ်ရေးလေ့ကျင့်ခိုင်းတယ်။ မီးသတ်ဖို့တော့ မကျင့် ခိုင်းဘူး။ အခု မုံးကိုးကျေးရွာအုပ်စု ဘော်လုံးကွင်း မှာ အလှည့်ကျတရွာပြီးတရွာ စစ်ရေးလေ့ကျင့်နေရတယ်” ဟုဆို၏။

ပထမ အသုတ် သင်တန်းပြီး၍ ဒုတိယ အသုတ် စ နေပြီ ဖြစ်ကြောင်း ဒေခံများကဆိုပါသည်။

ဒေသခံလူထုကို အရံမီးသတ်အသင်း၊ ကြံ့ခိုင်ရေးအသင်းထဲဝင်အတင်းအဓမ္မဝင်ခိုင်းနေခြင်းမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ အောင် နိုင်ရေးအတွက် စစ်အစိုးရ စတင်အကောင်အထည်ဖေါ်နေခြင်းသာဖြစ်ကြောင်း လားဟူအမျိုးသားခေါင်းဆောင် ဦးဂျဘိုးလုံ က ဤကဲ့သို့ ပြောသည်။

“အခွင့်အရေးတွေ ဘမ်းပြပေးထားပြီးတော့ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ရွေးကောက်ပွဲတွက် လုပ်ခိုင်းမယ်၊ အဲဒါ မျိုးပေါ့၊ လူထုအများစုက မှတ်ပုံတင်မရှိတော့ ကြံ့ခိုင်ရေးအသင်းလူကြီးတွေက အသင်းဝင်ရင် မှတ်ပုံတင်လုပ် ပေးမယ် ဆိုပြီး စည်းရုံးတယ်။  အဲဒါကြောင့် လူတွေကမီးသတ်ထက် ကြံ့ခိုင်ရေးအသင်းကိုပိုဝင်ချင်ကြတယ်။ သဘော က ၂ဝ၁ဝ ရွေးကောက် ပွဲ မနိုင်မရှိအောင် ရွာတိုင်းမှာ သူတို့လူအမာခံတွေရှိထားဖို့ဘဲ”

တာချီလိတ်မြို့နယ် မုံးကိုးကျေးရွာအုပ်စုတွင် ရွာပေါင်း ၅၆ ရွာရှိပြီး တာချီလိတ်မြို့ အထွက်မှ တာလေမြိုအဝင်အထိ ကျယ် ဝန်းပါသည်။ နေထိုင်သည့် ဒေသခံအများစုမှာ ရှမ်းနှင့် လားဟူ တို့ဖြစ်ကြသည်။   

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်လည်း ဖေဖေါ်ဝါရီလလယ် ကစပြီး ပြည် သူ့စစ်ကဲ့သို့ စစ်ရေးလေ့ကျင့်နေရသည့် မီးသတ်တပ်ဖွဲ့ ၃ သုတ် လေ့ကျင့်ပြီးစီးသွားပြီဟု သိရပါသည်။
 

Most read this week