ပလက်ဝ မြို ့နယ်ရဲတပ်ဖွဲ ့က ရေယာဉ်လိုင်း စည်းကမ်း ရှင်းလင်းချက်ပြုလုပ်

ပလက်ဝ မြို ့နယ်ရဲတပ်ဖွဲ ့က ရေယာဉ်လိုင်း စည်းကမ်း ရှင်းလင်းချက်ပြုလုပ်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ပလက်ဝ မြို ့နယ်ပြည်သူ့ရဲတပ်ဖွဲ ့၊ မြို့ပေါ် ပြည်သူ့ရဲ စခန်းမှူး က ပလက်ဝ – ကျောက်တော် ရေယာဉ်လိုင်း စက်လှေပေါ် တွင် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ခရီးသွား ကုန်သည်များထံ ရေယာဉ်လိုင်း စည်းမျဉ်းစည်း ကမ်းတွေကို  ယခုလ ဇူလိုင် ၂၅ ရက်နေ့ က ရှင်းလင်းချပြသည်ဟု သိရသည်။

ရဲစခန်းမှူးမှ ရှင်းလင်းပြောကြားရာတွင် ရေယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရန် အထက်က ညွန်ကြားထားကြောင်း၊ မြန်မာပြည်အနှံ ့အပြားတွင် ကားတိမ်းမှောက်ခြင်း၊ ယဉ်တိုက်မှုများ မကြာခဏဆို သလိုဖြစ် နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို ့နယ်မှာမူ  ရေကြောင်း သယ်ယူပို့ဆောင်ရေးသာ ရှိသဖြင့် ယခုကဲ့သို့ ရေယာဉ်စည်း ကမ်းတွေကို ရှင်းလင်း ချပြခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

“သက်ဆိုင်ရာကနေ ယခုလို ယာဉ်စည်းကမ်းတွေ ရှင်းလင်းတာက ကောင်းတယ်၊ ဒီ ရေကြောင်းက ခရီးသည်တင် ယာဉ်တွ သီးသန့်မရှိတော့ တခါတလေ ကုန်ချိန်များလွန်းတာကြောင့် ခရီးသည်တွေ နေရ ထိုင်ရ ကြပ်တတ် တယ်၊ ဆိုတော့ အဲဒါတွေကအစ ဆောင်ရွက်ပေးသင့်တယ်” ဟု ခရီးသည် တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ကျောက်တော် မှ ချင်းပြည်နယ် ပလက်ဝအကြား ရေကြောင်းလမ်းသည် အဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း ပလက်ဝ – ဆမီး မှ  အထက်ပိုင်း နယ်စပ် ရေကြောင်းမှာမူ ရေကြောင်း ကြမ်းတမ်းသည်ဟု သိရသည်။

ပလက်ဝ – ကျောက်တော် အကြား ပြေးဆွဲနေသည့် ရေယာဉ်လိုင်းသည် စက်လှေ (၆)စီးဖြင့် နေ့စဉ် စက်လှေ တစ်စီးနှုန်းဖြင့် နေ့စဉ်ပြေး ဆွဲလျက်ရှိရာ ရေယာဉ်ခ အတွက် ခရီးသည် တဦးလျှင် ကျပ်ငွေ ၂၀၀၀ ပေးဆောင်ရပြီး ခရီးကြာချိန်မှာ ရးဝဝ နာရီခန့်ဖြစ်သည်။

“စက်လှေ တစ်စီးမှာ ခရီးသည် ၄၀ ဆန့်တယ်၊ ဒါပေမဲ့ ကုန်ပစ္စည်းပေါ်မှာပဲ ဖြစ်သလို နေရာယူ ကြတာပေါ့” ဟု ပလက်ဝ ဆိပ်ကမ်းနေ ပြည်သူတစ်ဦးက ပြောသည်။

ပလက်ဝ – ကျောက်တော် ရေယာဉ်ပေါ် ကုန်ပစ္စည်း တင်ဆောင် သယ်ယူခ အတွက် ကုန်ပမာဏ၊ အလေးချိန် အမျိုး အစားအလိုက် အနည်းဆုံး ကျပ်ငွေ ၈၀ မှ ကျပ်ငွေ ၃၀၀၀ အထိ သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင် တွေက ကောက် ခံကြသည်။