သျှမ်းပြည်(မြောက်ပိုင်း) အတွင်းရှိ နအဖနှင့် ငြိမ်းချမ်းရေး ရယူထားသည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့ ဝင်ဟောင်း စိုင်းထွန်းမြတ်အား ရဲများက ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း သိရသည်။
မေလ(၂)ရက်နေ့တွင် မူဆယ်ခရိုင် မန့်ဟီးရိုးမြို့နယ် တိန်းလုံရွာရှိ နေအိမ်၌ ရဲများ၏ဖမ်းဆီးခံရကာ သေဆုံးခြင်း ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း)နှင့် နီးစပ်သည့် သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်ကို ပြောကြားသည်။
သူသည် ယခုသေဆုံးစဉ်တွင် အသက်(၄ဂ)နှစ်ရှိပြီဖြစ်ပြီး သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့တွင်တိုက်နယ်မှူး တာဝန် ယူခဲ့ကာ (၁၉၉ရ)ခုနှစ်နောက်ပိုင်းတွင် အဖွဲ့မှထုတ်ပါယ်ခြင်းခံထားရသူဖြစ်သည်။
စိုင်းထွန်းမြတ် အဖမ်းဆီးမခံရခင် တစ်ရက်အလိုက ပစ္စတိုသေနတ်ဖြင့် ငှက်ပစ်နေသည်ကို ကျေးရွာသားများ တွေ့မြင်သွားပြီး နောက်တစ်ရက်၌ ယခုလို ရဲများက နေအိမ်ကို ၀ိုင်း၍ ၀င်ရောက်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးမှု့တွင် သူနှင့်အတူ ပစ္စတိုသေနတ်(၁)လက် ကျည်ကပ်(၂)ခု ကျည်တောင့်(၂၄)တောင့်ပါ အဖမ်းခဲ့ရကြောင်း သိရသည်။
ရဲများက သူ့ကိုဖမ်းဆီးခေါ်ဆောင်ပြီးနောက် သေဆုံးသွားသည့် သတင်းကို မေလ(၄)ရက်နေ့တွင် မိသာစုဝင်များကို ပြောကြား ခဲ့သော်လည်း ရုပ်အလောင်းကို ပြန်လည်ပေးအပ်ခဲ့ခြင်းမရှိကြောင်း သိရသည် ၊၊
“မေလ(၁)ရက်နေ့ကပေါ့ အဲဒီစိုင်းထွန်းမြတ်က မန့်ဟီးရိုး(၁၉)ရွာအုပ်စု နောင်ခိုကတို့ဆိပ်နားမှာ ပစ္စတိုတလက်နဲ့ ငှက်လိုက် ပစ်တယ် ရွာသားတွေက သူ့ကိုပြောတာပေါ့ အဲလိုပစ််နေတာမကောင်းဘူးလို့ သူကဘာ ကြောက်သလဲဆိုပြီး သေနတ်(၃)ချက်ပစ်သွားတယ် ”
“နောက်တစ်ရက်တော့ သူ့အိမ်ကိုရဲတွေသွားဝိုင်းဖမ်းတယ် ပစ္စတို သေနတ်တစ်လက် ကျည်ကပ်နဲ့ကျည်ဆံတွေမိ သွားတယ် မန့်ဟီးရိုးရဲစခန်းကနေ မူဆယ်ကိုပို့ဖို့ နောင်ဟိန်ကတို့ဆိပ် ဟိုဘက်ကမ်းက ဆယ်လန့်-ကောင်းလား အရောက်မှာသတ်လိုက် တယ် ဘယ်လိုသတ်လိုက်သလဲတော့မသိဘူး နောက်သေသွားတယ်ပဲလာပြောတယ် အလောင်းတော့ မူဆယ်ဆေးရုံသယ် သွားတယ် ” ဟု သူကပြောသည် ၊၊
အာဏာပိုင်များက စိုင်းထွန်းမြတ်အား သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့ဝင်အဖြစ် စွပ်စွဲချက်ကာ ယခုလို ဖမ်းဆီးသတ် ဖြတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်၊၊
သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့် နီးစပ်သည့် သတင်းရပ်ကွက်ကမူ စိုင်းထွန်းမြတ်် ၄င်းတို့အဖွဲ့နှင့် ပါတ်သက် သည် ဆိုခြင်းမှာ လုံးဝမဟုတ်မှန်ကြောင်း ငြင်းဆိုသွားသည်။
ယခင်ကသျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ ယခု နာက်ပိုင်းတွင် မူးယစ်ဆေးဝါးအပါအဝင် စီးပွားရေး လုပ်ငန်းပေါင်းစုံ လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း ပြောသည်။