မြန်မာ အပါအဝင် မလေးရှားရှိ နိုင်ငံခြားသား အလုပ်သမား ၂၀၀၀ အလုပ်ပြုတ်ဖွယ်ရှိ

မြန်မာ အပါအဝင် မလေးရှားရှိ နိုင်ငံခြားသား အလုပ်သမား ၂၀၀၀ အလုပ်ပြုတ်ဖွယ်ရှိ
by -
ဇော်ကြီး
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တရုတ်တန်းစျေးအတွင်း၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာများအပါ၀င် နိုင်ငံခြားသားအလုပ်သမား ၂၀၀၀ ၏နေရာ၌ မလေးရှားနိုင်ငံသား အလုပ်သမားများနှင့် အစားထိုးမည်ဟု သိရ...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တရုတ်တန်းစျေးအတွင်း၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာများအပါ၀င် နိုင်ငံခြားသားအလုပ်သမား ၂၀၀၀ ၏နေရာ၌ မလေးရှားနိုင်ငံသား အလုပ်သမားများနှင့် အစားထိုးမည်ဟု သိရ သည်။

ကွာလာလမ်ပူ မြို့တော်ဝန်က လာမည့်ဇွန်လ ၁ ရက်နေ့မှစ၍နိုင်ငံခြားသား အလုပ် သမားများအား အလုပ်လုပ် ခွင့်မပြုရန် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပြီးနောက် တရုပ်တန်းစျေးလုပ်ငန်းရှင်များအသင်းက ပြော ကြောင်း ယနေ့ထုတ် The News Straits Time သတင်းစာ၌ ဖော်ပြသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ မြန်မာ၊ ဘင်္ဂလားဒေရှ့်၊ နီပေါနှင့် အခြား နိုင်ငံခြားသား အလုပ်သမားများ အလုပ်လုပ်ကိုင်သည့် စျေး ၄ ခုရှိပြီး တရုတ်တန်းစျေးအတွင်း၌ မြန်မာနှင့် ဘင်္ဂလားဒေရှ့် နိုင်ငံသားများ ရ၀ ရာခိုင်နုန်းခန့်ရှိသည်ဟု သိရသည်။

အထက်ပါသတင်းနှင့်ပတ်သက်၍ မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားကာကွယ်ပေးရေး ကော်မတီ (BWRPC)မှ ကိုကျော်ထူးအောင်က ယခုလိုအတည်ပြုပြောသည်။

“အဲဒီမှာ လုပ်နေတဲ့ အလုပ်သမားတွေကို သူတို့(အာဏာပိုင်)က ဒီ.. နိုင်ငံသားနဲ့ လဲပေးရမယ်လို့ အ လုပ်ရှင်တွေကိုပြောထားတယ်။ ဆိုတော့.. အဲဒါကို ဒီနေ့ သတင်းစာ ထဲမှာ ဇွန်လ ၁ ရက်နေ့ အထိ အ ချိန်ပေးလိုက်ပြီးတော့ အဲဒီနောက်ပိုင်းမှာ ဖမ်းမယ်ဆိုတဲ့ အကြောင်း သူတို့ဖက်ကထွက်လာတယ်။”

ထိုကိစ္စနှင့်ပတ်သက်၍ တရုတ်တန်းစျေးအတွင်းရှိ အလုပ်သမားများစိုးရိမ်နေကြသည်ဟု စျေးအတွင်း အလုပ် လုပ်ကိုင်နေသူ ကိုရဲစိုးလင်းက ယခုလိုပြောသည်။

“အခြေအနေတွေက တော်တော်ဆိုးရွားနေ တာပေ့ါ။ ရှေ့လကုန်ရင်ဒီမှာ နိုင်ငံခြားသားမှန်သမျှကို အ ကုန်လုံး အလုပ်လုပ်လို့မရဖူး။ ကျနော်တို့လည်းဘယ်လို လာမယ်မှန်းမသိဖူး။”

လောလောဆယ်အခြေအနေနှင့်ပတ်သက်၍ “အခုလောလောဆယ်အခြေအနေကတော့ ဒီနေ့လေးတင်လာ ပြီးတော့ ချက်ကင်လုပ်သွားတယ်။ ချက်ကင်လုပ်ပြီးတော့ ဒီ ဘင်္ဂလား တစ်ယောက်ကိုမေးတယ်။ အဲဒီ ကောင်မှာစာအုပ်ရှိတယ်ဗျာ။ ပါမစ်ရှိတယ် ပါမစ်ရှိတာတောင် မှ အဲတာသူ့ကို ဒီမှာတဲ့ နိုင်ငံခြားသား တွေ လုံးဝ လုပ်လို့မရဘူး လို့ပြောပြီးတော့ ရှေ့လကျ ရင် မလုပ်နဲ့တော့လို့ပြောပြီးတော့မှထွက်သွား တယ်။ ဒါတောင်ပါမစ်ရှိလို့ ပါမစ်မရှိဘူးဆိုရင် လူပါတခါတည်းမသွားမှာ။” ဟု ၎င်းက ဆက်ပြောသည်။

ထိုနေရာ၌ အလုပ်လုပ်နေသူများသည် နေ့စားဖြင့်လုပ်ကိုင်ကြရပြီး တလလျှင် မလေးရှားငွေ  တစ်ထောင်ခန့် ရ ကြသည်ဟု ကိုရဲစိုးလင်းကပြောသည်။

Most read this week