Miss Myanmar Universe ပြိုင်ပွဲ၏လက်မှတ် ရောင်းရငွေများကို စစ်ဘေးရှောင် စခန်းများကို လှုဒါန်းမည်

Miss Myanmar Universe ပြိုင်ပွဲ၏လက်မှတ် ရောင်းရငွေများကို စစ်ဘေးရှောင် စခန်းများကို လှုဒါန်းမည်
by -
မဇ္စျိမ

Miss Myanmar Universe ပြိုင်ပွဲ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်းကို ဇူလိုင် ၂၅ ရက်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲအတွက် လက်မှတ်ရောင်းရငွေများကို ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ယာယီစခန်းများနှင့် လူမှုရေးအသင်းအဖွဲ့ များကို လှူဒါန်းသွားမည်ဟု Miss Myanmar Universe Organization မှ ဒါရိုက်တာ ဒေါ်စိုးယုဝေကမဇ္စျိမကို  ပြောသည်။

" အစကတည်းက ကချင်သွားဖို့ အစီအစဉ်ရှိခဲ့တာပါ။ မသွားဖြစ်တော့ တစ်ခုခု ထပ်လုပ်ချင်တာနဲ့ ဒီဝတ်စုံပြည့် အစမ်းလေ့ကျင့်တဲ့နေ့မှာ လက်မှတ် ရောင်းရငွေကိုလှုဖို့ စီစဉ်လိုက်တာပါ။ ဒီနှစ်ကလူမှုရေး၊ ရန်ပုံငွေရှာတာတွေ ပိုပြီးလုပ်ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းဝတ်စုံပြည့် ပြိ်ုင်ပွဲကို ဇူလိုင် ၂၅ ရက် ညနေ ၅ နာရီမှ ၈ နာရီအထိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး လက်မှတ် စျေးနှုန်းများသည် ကျပ် ရ ထောင်၊ ၅ ထောင် ၊ ၃ ထောင်၊ ၂ ထောင်  သတ်မှတ်ထားသည်။ ယင်းပြိုင်ပွဲအတွက် လက်မှတ် ရောင်းရငွေများကို ပြိုင်ပွဲပြုလုပ်ကျင်းပသည့်နေ့တွင် ကချင်ပြည်နယ်ဒေသရှိ စစ်ဘေးရှောင် ယာယီစခန်းများနှင့် လူမှုရေးအသင်းအဖွဲ့များသို့ အလှုငွေများပေးအပ်သွားမည် ဖြစ်သည်။

Miss Myanmar Universe 2014 နောက်ဆုံးပြိုင်ပွဲကို ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီမှ ၈ နာရီအထိအမျိုးသား ကဇာတ်ရုံတွင်ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး လက်မှတ်များကို ၃သောင်း ၊ ၂သောင်း၊၁သောင်းခွဲ၊၁သောင်း ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

Miss Myanmar Universe 2014 ဆန်ခါတင် အလှမယ်များ သည် ပုဂံမြေမှ အမှတ်တရလက် ဆောင်များ ဝယ်ယူလာကာ အပျော်သဘောဖြင့် သင့်လျော်သော စျေးပြိုင်စနစ်ရောင်းချရမှု ကို အွန်လိုင်းတွင် ပြုလုပ် ခဲ့သည်။ယင်းမှ ရရှိလာသည့်  ငွေများကို  ရွှေဂုံတိုင် မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ရေးဂေဟာမှ ကလေးငယ် များနှင့် အတူ Happy Zone သို့ သွားရောက်လည်ပတ်ပြီးအစားအစာများ၊ကစားခြင်းများနှင့် အခြားလိုအပ်သည်များအားလုံးအတွက်လှူဒါန်းမည့်အစီအစဉ်ကိုလည်း ပြုလုပ်မည် ဖြစ်သည်။

Miss Myanmar Universe 2014 ဆုရရှိသူသည် အမေရိကန်နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် Miss Universe 2014 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

Miss Myanmar Universe 2014တွင် ချီးမြှင့်မည့် Miss Famous ဆုအတွက် လက်ရှိအွန်လိုင်းမဲပေးရာ တွင်တွင် Website Voting နှင့် SMS Vote တွင် ဇွန်သံစဉ်မှ အမှတ်အများဆုံး ဖြင့် ဦးဆောင်နေလျက်ရှိပြီး ယွန်းမှီမှီကျော်မှ Facebook Vote တွင် အမှတ်အများဆုံး ဖြင့် ဦးဆောင်လျက်ရှိသည်။ Miss Famous ဆုအတွက် မဲများကို ဇူလိုင် ၂၆ရက်မွန်းတည့် ၁၂နာရီ အထိ ပေးပို့နိုင်သည်။

Most read this week