ကိုးနှစ်ကြာ အုပ်ချုပ်ခဲ့သည့် အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

ကိုးနှစ်ကြာ အုပ်ချုပ်ခဲ့သည့် အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ အောက်ရွာပိုင်းရပ်ကွက်မှ ကိုးနှစ်ကြာဆက်တိုက် တာဝန်ယူခဲ့သည့် အုပ်ချုပ်ရေးမှူး တစ်ဦး၏ ရုံး ဇူလိုင် ရ ရက်က မီးရှို့ခံရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

ည ၁၁ ခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုကို ရှို့မီးဟု သတ်မှတ်တိုင်ကြားထားပြီး မင်းပြားမြို့နယ် ရဲစခန်းက ဆက်လက်စုံစမ်းလျက်ရှိသည်။

“အုပ်ချုပ်ရေးမှူးရုံးကို ရပ်ကွက်မှာ လူစုဖွဲ့ပြီး ဆဲတဲ့သူ တချို့ရှိတယ်။ ရပ်ကွက်ထဲမှာ ဖြစ်တဲ့အမှုတွေကိုလည်း ဖြေရှင်းပေးနိုင်တာ မရှိဘူးဟု”ဟု မင်းပြားမြို့နယ် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးခိုင်ကျော်ဝင်းက ပြောသည်။

မင်းပြားမြို့နယ်၊ အောက်ပိုင်းရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမောင်မှာ အဆိုပါရပ်ကွက်တွင် ၂၀၀၆ ခုနှစ်က စတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ကိုးနှစ်တိုင်တိုင် တာဝန်ယူခဲ့သူ ဖြစ်သည်။

ဒေသတွင်း တည်ငြိမ်မှုနှင့်ပတ်သက်၍ “တရားဥပဒေစိုးမိုးမှုမရှိဘူး။ အမှုအခင်းတွေကို မဖော်ထုတ်နိုင်ဘူးဆိုတာ ရှစ်ဆယ်ရာခိုင်နှုန်း မှန်ပါတယ်”ဟု အောက်ပိုင်းရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမောင်က ပြောသည်။

မီးလောင်ကျွမ်းမှုတွင် ပါ၀င်သွားသော မင်းပြားမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မှာ ဆုံးရှုံးမှုတန်ဖိုး လေးသောင်းကျော်သာ ဖြစ်သည်ဟု ဒေသခံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week