သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် သျှမ်းပြည်နယ် ဝန်ကြီးချုပ် အဖွဲ့အား မြေစာ ရင်းဌာနမှ ရေးဆွဲ ထားသည့် တရုတ်-မြန်မာ နယ်နိမိတ် အခြေ အနေပြ မြေပုံကို ပြသ ပေးမှုကြောင့် ဒေသခံ ပြည်သူ လူထုများ မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။
ဂျွန်လ ၂၈ ရက်က နမ့်ခမ်းမြို့နယ်သို့ ရောက်ရှိသော သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖွဲ့အား မြေစာရင်း ဌာနမှ ကုန်းဆာကျေးရွာ ကူးတို့ဆိပ်တွင် တရုတ်-မြန်မာ နယ်နိမိတ်အခြေအနေပြမြေပုံကိုပြသခဲ့ပြီး ထိုမြေပုံ သည် တရုတ်နိုင်ငံဘက်မှ ကျူးကျော်သတ်မှတ်ခံရသော နယ်နိမိတ်မျဉ်းများထည့်သွင်း ရေးဆွဲထားသည် ကို တွေ့ရကြောင်း ကုန်းဆာကျေးရွာနေ လယ်သမား လုံးစိုင်းအိုက်က ဆိုသည်။
“လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်ကတည်းက တရုတ်နယ်နိမိတ် မှတ်တိုင်တွေဟာ တရုတ်ပြည် ဘက် ရွှေလီမြစ် တစ်ဘက်ကမ်းမှာဘဲ ရှိနေတယ်။ ခုထိတွေ့နေရသေးတယ်၊ ဘယ်လိုလုပ်ပြီးမှ ကျနော်တို့ ရွာ ဘိုးဘွားပိုင်မြေ ရွှေလီမြစ်ဒီဘက်ကို ကျော်လာရသလဲ၊ ကျနော်တို့မြို့က မြေစာရင်းဌာန ဘာကြောင့် တရုတ်ဘက်ကိုဘက်လိုက်ပေးတာလဲ။” ဟု ၄င်းက သျှမ်းသံ တော်ဆင့်အားပြောသည်။
သျှမ်းပြည်နယ်ဝန်ကြီးချုပ်က မြေစာရင်းဌာနပြသော အဆိုပါ မြေပုံကိုကြည့်ရှုပြီးနောက် “ ဘာကြောင့် အသစ်ရေးထားတဲ့ မြေပုံကိုလာပြသလဲ။ ရှေးယခင် ကတည်းက ရေးဆွဲထားတဲ့ မြေပုံအဟောင်းမရှိဘူး လား” ဟု မေးမြန်းပြောဆိုသည်ကို မြေစာရင်းကနှုတ်ဆိတ်ငြိမ်နေကြောင်း လိုက်ပါသူတဦးက ပြန်လည်ပြောပြ ပါသည်။
ဒေသတွင်းလယ်သမားခေါင်းဆောင်တစ်ဦးကလည်း “ ကျနော်တို့လည်း ဇာတိသွေးဇာတိမာန် မျိုးချစ် ပြည်ချစ်စိတ်ဆိုတာရှိတယ်။ မိမိဘိုးဘွားပိုင်မြေကို တိုင်းတစ်ပါးကို တစ်လက်မမှ မပေးနိုင်ဘူး၊ တိုင်း တစ်ပါး လက်ထဲ ပါမသွားရအောင် အသက်ပေးပြီး ကာကွယ်ပေးဖို့ အသင့်ပါပဲ ” ဟု ဆိုသည်။
နမ့်ခမ်းမြို့နယ်မြေစာရင်းဌာနမှ ရေးဆွဲသတ်မှတ်ထားသော နမ့်ခမ်းမြို့နယ်အတွင်း တရုတ်-မြန်မာ နယ်နိမိတ် အခြေအနေပြမြေပုံကို မှန်ကန်စွာပြန်လည်ရေးဆွဲသတ်မှတ်မပေးလျှင် ဒေသခံပြည်သူ များက မြေစာရင်းဌာ နရုံးရှိရာ မန့်ခမ်းတောင်ခြေသို့ ချီတက်ဆန္ဒပြမည်ဟု ဒေသခံများထံမှသိရသည်။
နမ့်ခမ်းမြို့မြေစာရင်းမှ ဦးကျော်မင်းထွန်းက - “တရုတ်ပိုင်မြေလို့ သတ်မှတ်ခံထားရတဲ့မြေတွေကို ကျနော်တို့ တိုင်းတာပေး ပိုင်ခွင့်မရှိသလို တရုတ်ပိုင်မြေပါလို့လည်း ကျနော်တို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အထက်ကဘဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ နှစ်နိုင်ငံနယ်ခြားပြဿနာဖြစ်နေလို့ အထက်နဲ့ဘဲ ဆိုင်ပါတယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောဖူးသည်။
တရုတ်နိုင်ငံသည်၄င်းအိမ်နီးချင်းနိုင်ငံဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်နိုင်ငံတို့ နှင့် နယ်နိမိတ် အငြင်းပွားမှုပြသနာများနှင့် ရင်ဆိုင်နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။