ကျပ်သိန်းတစ်ထောင်ဖြင့် ဖမ်းဆီးခံသံဃာငါးပါးအား အာမခံရ

ကျပ်သိန်းတစ်ထောင်ဖြင့် ဖမ်းဆီးခံသံဃာငါးပါးအား အာမခံရ
by -
မဇ္စျိမ

မဟာသန္တိသုခ ကျောင်းတိုက် ချိတ်ပိတ်သည့် ညက ဖမ်းဆီး လူဝတ်လဲ ခံထားရသည့် သံဃာငါးပါး အား တာမွေတရားရုံးတွင် တစ်ပါးလျှင် ကျပ်သိန်းနှစ်ရာနှုန်းဖြင့် ကျပ်သိန်းတစ်ထောင် အာမခံကြေးပေးပြီး ပြန် လွတ်လိုက်ခြင်းဖြစ်သည်ဟု သွားရောက်သတင်းယူနေသည့် မဇ္ဈိမသတင်းထောက်များက သတင်းပေးပို့ပါ သည်။

ယင်းအပြင် အဆိုပါသံဃာတစ်ပါးစီအတွက် ဆရာတော်နှစ်ပါးစီက ကျောင်းပိုင်ဆိုင်မှု မြေဂရန်ပြပြီး အာမခံခဲ့ရခြင်းလည်းဖြစ်သည်။

mizzima2001

လက်ရှိတွင် သံဃာငါးပါးစလုံး သာသနာ့ဘောင်သို့ ပြန်လည်ဝင်ရောက်ပြီးဖြစ်ကာ အာမခံပေးသည့် ဆရာတော် တစ်ပါးဖြစ်သော တာမွေမြို့နယ်အတွင်းရှိ သုံးထပ်ကျောင်းဆရာတော်၏ ကျောင်းတိုက်တွင် သတင်းသုံးမည် ဖြစ်သည်။

ထို့နောက် တရားရုံးက ယခုလ ၂၇ရက်တွင် ရုံးချိန်ပြန်ခေါ်ထားသည့်အတွက် ပြန်လည်အမှုရင်ဆိုင်ကြရ မည်ဖြစ် သည်။

လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးမှာ ဇွန်လ ၁ဝရက်ညက မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ် စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဆန်းဆင့်ကိုလည်း ငွေအလွှဲသုံးစားမှုဖြင့် အမှုဖွင့်ထားသလို တာဝန်မှ ရပ်စဲလိုက်ကြောင်းလည်း ဇွန်လ ၂ဝရက်တွင် သမ္မတ ဦးသိန်းစိန်က ကြေငြာထားသည်။

Most read this week