National Democratic Army (N.D.A) အဖွဲ့မှ ဒု-ဗိုလ်မှူးကြီး စောအယ်ဆေးထူးနှင့် အရာရှိတစ်ဦးအား အမည်မသိအဖွဲ့ အစည်းတစ်ခုက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်မှုကို တိုင်ကြားသော်လည်း သက်ဆိုင်ရာက မည်သည့်အရေးယူခြင်းမျှ လုပ်ဆောင်ချက်မရှိကြောင်း ၎င်းက ဇွန်လ ၈ ရက်က မဇ္ဈိမကို ပြောသည်။
“မူဆယ်မြို့၊ စိန်ကမ္ဘာကားဝင်းထဲက တည်းခိုခန်းရှေ့မှာ သူတို့ကကားထဲက ထွက်ခိုင်းပြီး အရင်ကအဖွဲ့မှာ တပ်ရင်းမှူး အဖြစ်လုပ်ကိုင်ခဲ့တဲ့သူက ဒါဟာသူကား ဖြစ်တယ်။ ပြန်ပေးဖို့အတွက် ၀ုိင်းလုကြပါတယ်။အဲဒီ အတွက်ကျွန်တော်နဲ့ ပါလာတဲ့ တပ်သားက မူဆယ်ရဲစခန်းကို အကြောင်းကြားပေမယ့် ကိုယ့်ကိစ္စကိုယ် ရှင်းဆိုပြီး ပြန်ပြောလွှတ်လိုက်ပါတယ်။ အရေးယူတာ ကူညီတာဘာမှမလုပ်ပေးခဲ့ပါဘူး” ဟု ဒု- ဗိုလ်မှူးကြီး စာအယ်ဆေးထူးက ပြောသည်။
ဖြစ်ပွားခဲ့ပုံမှာ မေလ ၁၉ ရက်၊ နေ့ လယ်နှစ်နာရီခန့်က မူဆယ်မြို့၊ စိန်ကမ္ဘာ ကားဝင်းတည်းခိုခန်းရှေ့၌ ကားအတွင်း စောင့်ဆိုင်းနေစဉ်ယခင် NDA အဖွဲ့မှ တပ်ရင်းမှူးလုပ်ဆောင်ခဲ့ဖူးသူ (လက်ရှိတခြား အဖွဲ့ အစည်းတွင် လုပ်ကိုင်နေသူနှင့် လူဆယ်ဦးပါ၀င်သောအမည်မသိ အဖွဲ့တစ်ဖွဲ့က ၎င်းတို့လက်ထက်က ကားဖြစ်သောကြောင့် ပြန်ပေးရန်နှင့် အတူပါလာသောမည့်သည် အဖွဲ့အစည်းမှန်းမသိသူများက ၀ုိင်းဝန်း ရိုက်နှက်ပြီး ကရင်ပြည်နယ်သို့ သတ်ရန်ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
ထို့သို့ ရိုက်နှက်ခြင်းအပြင် မူဆယ်မှ စစ်ကိုင်းအထိ ကားပေါ်တွင်ကြိုးဖြင့်တုတ် နှောင်ကာ ဖမ်းဆီးခေါ်ယူ ခဲ့ပြီး ဖမ်းဆီးခဲ့သူများက စစ်ကိုင်းမြို့ရှိ စစ်ဘက်ဆိုင်ရာ နှင့် လုံခြုံရေးအဖွဲ့(စအဖ)ကို ဖုန်းဆက်ပြီး ဖမ်းဆီ ထားကြောင်းကို ပြောကြားခဲ့သည်။
ထို့ပြင် တဲတစ်ခုထဲတွင် တစ်ရက်ခွဲခန့် အစားအစာမကျွေးဘဲထားပြီး စအဖကလာရောက်ခေါ်ယူခဲ့သည် ဟုဆိုသည်။
“ဖမ်းခေါ်သွားပြီး သူတို့ကရင်ပြည် နယ်ခေါ်ပြီးသတ်ပစ်လိုက်လို့လည်း ပြောသံကြားပါတယ်။ လက်ရှိမှာ လည်း ကျွန်တော်တို့အဖွဲ့ရုံးရှိတဲ့ နေရာဝန်းကျင်မှ ကျွန်တော်ကို လိုက်ကြည့်တာနောက်ယောင် ခံလိုက် တာတွေကို လုပ်နေဆဲပါ။ အဲဒီအတွက် သက်ဆိုင်ရာကို ပြောပေမယ် မထူးပါဘူး”ဟု အထက်မြန်မာပြည် တာဝန်ခံအဖြစ် ဆောင်ရွက်နေသည့် ဒု-ဗိုလ်မှူးကြီး စောအယ်ဆေးထူးကပြောသည်။
ထို့သို့ ဖြစ်ပွားပြီးနောက် ရိုက်နှက်ခဲ့သူကို စစ်ကိုင်းမြို့၌ မည်သည့် အရေးယူမှုမှမရှိကြောင်း၊ မိမိတို့က နိုင် ငံတော်နှင့် တရားဝင်ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းဖြစ်သောကြောင့် တရားဥပဒေ ဘောင်အ တွင်းတွင်မရှိသော ယခုကဲ့သို့သော အပြုအမူကို သက်ဆိုင်ရာနယ်မြေရဲစခန်း၊ နယ်မြေအလိုက်တာဝန်ရှိ အဖွဲ့ အစည်းများက လုံခြုံရေးအရအကူအညီ တောင်းခြင်းကိုမည်သည့် အကူအညီမပေးသည့်အပြင် ညှိ နှိုင်းဖြေရှင်းပေးခြင်း လုံးဝလုပ်ဆောင်ပေးခဲ့ခြင်းမရှိဟု ၎င်းက ဆက်လက်ပြောသည်။
“အဲဒီရိုက်နှက်ခဲ့တဲ့အဖွဲ့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်တဲ့ အတွက်ကြောင့် လက်နက်တွေ ရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ လုံခြုံ ရေးအရကူညီပေးဖို့လိုပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ က အဖွဲ့ချင်းဖြစ်တာ၊ အဖွဲ့ချင်းသဘောပြောတဲ့အတွက် လက်နက် နှင့် ငြိမ်းချမ်းရေးလဲထားသော်လည်း ပြည်သူတစ်ဦးအနေနဲ့ စောင့်ရှောက်မှုမရှိတာ လွန်စွာဝမ်းနည်းပါတယ်” ဟု ဒု-ဗိုလ်မှူး စောအယ်ဆေးထူး က ပြောသည်။
ယခုကဲ့သို့ NDA အဖွဲ့က ပြောဆိုမှုကို အတည်ပြုမေးမြန်းရန် စစ်ကိုင်းမြို့၊ စစ်ဖက်ရေးရာနှင့် လုံခြုံရေးအ ဖွဲ့ကို ဖုန်းခေါ်ဆိုမှုအကြိမ်ကြိမ် လုပ်ဆောင်သော်လည်း ခေါ်ဆို၍မရခဲ့ပေ။
National Democratic Army သည် ၂၀၀၄ ခုနှစ် ၉ ရက်က နိုဝင်ဘာလ လက်နက်နှင့် ငြိမ်းချမ်းရေး ရယူ ထားတာပါ။