ဘင်္ဂလားနှင့် မြန်မာ နှစ်ဘက်တပ်များ တိုးချထားသော်လည်း ပစ်ခတ်မှုငြိမ်သက်

ဘင်္ဂလားနှင့် မြန်မာ နှစ်ဘက်တပ်များ တိုးချထားသော်လည်း ပစ်ခတ်မှုငြိမ်သက်
by -
နိရဥ္စရာ

မြန်မာ-ဘင်္ဂလာဒေချ့်နယ်စပ်တွင် နှစ်ဘက်တပ်များ တိုးချထားပြီး နှစ်ဖက် အခြေအနေတင်း မာမှုရှိနေဆဲဖြစ် သော်လည်း ပစ်ခတ်မှုငြိမ်သက်နေကြောင်း ဘင်္ဂလာဒေချ့် စစ်ဘက်သတင်းရပ်ကွက်များကို ကိုးကားပြီး ဘင်္ဂလာဒေချ့် သတင်းစာများတွင် ဖေါ်ပြသည်။

သို့သော် သေဆုံးသွားသူ ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်သား နာယတ် မီဇနူရ် ရာဟာမန် (Nayek Mizanur Rahman – ၄၃ နှစ်) အလောင်းအား မေလ ၃၁ ရက်နေ့ နံနက်က မြန်မာဘက်က လွှဲပြောင်းပေးပြီးနောက် ပစ်ခတ်သံများဆက်မကြားရတော့ဟု နယ်စပ်နေ ဒေသခံများက ပြောသည်။

narinjara02061401

ပစ်ခတ်မှုများငြိမ်သက်နေသော်လည်း  နှစ်ဘက်နယ်စပ် ပြည်သူများမှာ တပ်အင်အားများ ဖြည့်တင်းနေသည်ကို အထူးစိုးရိမ် ပူပန်နေကြပြီး ညဉ့်အချိန်တွင် အိမ်များကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် နယ်စပ် တပ်ဖွဲ့အကြား လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က နယ်စပ်မိုင်တိုင်အမှတ် (၅၂) အနီး အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားစဉ် ဘင်္ဂလာဒေချ့် ဘီဂျီဘီတပ်မှ နာယတ် မီဇနူရ် ရာဟာမန် ကျဆုံးခဲ့သည်။

မြန်မာဘက်မှ ဘင်္ဂလာဒေချ့်နိုင်ငံတွင်းသို့ ၀င်ရောက်လာပြီး ၎င်းနာယတ် မီဇနူရ် ရာဟာမန်အား မြန်မာဘက်သို့ ဆွဲယူသွားခဲ့သည်ဟု ဘင်္ဂလာဒေချ့်က စွပ်စွဲသည်။

လွန်ခဲ့သော သောကြာနေ့က နယ်စပ်တွင် ပျောက်ဆုံးသွားသော နာယတ် မီဇနူရ် ရာဟာမန်အား ဘင်္ဂလာဒေချ့် ဘီဂျီဘီ (Border Guard Bangladesh) တပ်ဖွဲ့မှ နယ်စပ်တွင် ရှာဖွေစဉ် မြန်မာဘက်က ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းသို့ ဖြစ်ပွားပြီးနောက် မေလ ၃၁ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဘင်္ဂလာဒေချ့် ဆို်င်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဒုတိယ အကြိမ်မြောက်ဆင့်ခေါ်ခဲ့ပြီး နယ်စပ်တွင် ပစ်ခတ်မူပြုလုပ်ခြင်းနှင့် နာယတ် မီဇနူရ် ရာဟာမန် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။

မြန်မာဘက်မှ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ဟု ထင်မှတ်သဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းမှ သေဆုံးသူမှာ ဘင်္ဂလာဒေချ့် ဘီဂျီဘီ တပ်ဖွဲ့ဝင် ဖြစ်သည်ဟု သိရကြောင်း ပြန်လည် ရှင်းလင်းချက်ပေး ပြောဆိုသည်ဟု သိရသည်။

သို့သော်လည်း ဘင်္ဂလာဒေချ့်ဘက်မှ ဘင်္ဂလာဒေချ့် ပိုင်နက်နယ်မြေတွင် အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ ခိုအောင်း၍ မရှိကြောင်း ငြင်းဆိုသည်ဟု ဆိုသည်။

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းကျေညာချက် တစ်စောင်ထုတ်ပြန်ပြီး ယခု နယ်စပ်တွင် ဖြစ်ပွားခဲ့မူနှင့်ပတ်သက်ပြီး စစ်ဆေးရန်နှင့် နယ်စပ်တွင် စုရုံးရောက်ရှိနေသော မြန်မာတပ်များကို အမြန်ဆုံး ရုတ်သိမ်းရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်ဟု သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့်တို့သည် ၂၀၀၈ ခုနှစ် နိုဝင်္ဘာလကလည်း ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် စစ်ပွဲ ဖြစ်လုနီးပါးထိ ပြဿ      နာ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းကာ ပြေငြိမ်းခဲ့ကြောင်း သိရသည်။

Most read this week