ဆေးလိပ်သောက်သုံးခြင်းကို လျှော့ချနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ၂၀၁၄ ခုနှစ် မေလ ၃၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေး နေ့ဆောင်ပုဒ်အဖြစ် ဆေးလိပ်နှင့် ဆေးရွက်ကြီး အခွန်များ တိုးမြှင့်ကောက်ခံရန် နှိုးဆော်လိုက်သည်။
ကမ္ဘာ့ဆေးလိပ်ကြောင့် ဖြစ်ပွားသည့် ကူးစက်မှုရောဂါသည် တစ်နှစ် လူခြောက်သန်းနီးပါးကို သေစေလျက်ရှိရာ ထိုလူများသည် ဆေးလိပ်သောက်သုံးမှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိ၍ သေဆုံးရခြင်း ဖြစ်သည်။
ထိုရောဂါကူးစက်မှုကို ဆက်လက်ဖြစ်ပွားစေပါက ၂၀၃၀ ပြည့်နှစ်သို့ ရောက်လျှင် (နောင် ၁၆နှစ်တွင်) တစ်နှစ်လျှင် သေဆုံးသူ လူရှစ်သန်းကျော် ရှိမည်ဖြစ်ပြီး သေဆုံးမှုများ၏ ၈၀ ရာခိုင်နှုန်းမှာ ၀င်ငွေနိမ့်ကျ သော နိုင်ငံများနှင့် ၀င်ငွေအလယ် အလတ်မျှရှိသော နိုင်ငံများမှ ဖြစ်သည်ဟု WHO က ဆိုသည်။
WHO ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက် ကွန်ဗင်းရှင်းအရ ဆေးလိပ် သောက်သုံးမှုများ လျှော့ချနိုင်ရန် နိုင်ငံများက ဆေးလိပ်ထွက်ကုန် ပစ္စည်းများအပေါ် အခွန်နှင့် စျေးနှုန်း မူဝါဒများ ချမှတ်ပေးသွားရန် လိုအပ်သည်ဟုဆိုသည်။
ဆေးလိပ်အပေါ် အခွန်တိုးမြှင့်ကောက်ခံ၍ ဆေးလိပ်စျေးနှုန်း ၁၀ ရာခိုင်နှုန်း မြင့်တက်သွားပါက ၀င်ငွေ မြင့်သော ဆေးလိပ်သောက်သူများ လေးရာခိုင်နှုန်း၊ ၀င်ငွေနိမ့် ဆေးလိပ်သောက်သူများ ရှစ်ရာခိုင်နှုန်း ကျဆင်းသွားမည် ဖြစ်သည်။
ဆေးလိပ်အခွန်အခ ၅၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပါက ၀င်ငွေနည်းနိုင်ငံပေါင်း ၂၂ နိုင်ငံတွင် နောက်ထပ် အရန်ငွေ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ပိုထွက်လာပြီးယင်းငွေကို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက် မှုလုပ်ငန်းများတွင် အသုံးပြုပါက ထိုနိုင်ငံများ၏ ကျန်းမာရေး အသုံးစရိတ်ကို အစိုးရက ၅၀ ရာခိုင်နှုန်း တိုး ပေးနိုင် သည်ဟု WHO ၏ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုအခြေအနေမှာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာ ရှနိုင်ငံများတွင် အမျိုးသား ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၁ ဒသမ ၈ ရာခိုင်နှုန်းမှ ၁၅ ဒသမ ၆ ရာခိုင်နှုန်းတို့သည် ဆေးလိပ် သို့မဟုတ် ဆေးရွက်ကြီးတစ်မျိုးမျိုးကို သုံးစွဲနေကြသည်။
၂၀၀၂ ခုနှစ် မှ ၂၀၀၇ ခုနှစ်အထိ စစ်တမ်းများကောက်ယူချက်အရ ဆေးလိပ်သောက်သုံးသူ အမျိုးသား ၁၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၃ ဒသမ ၂ ရာခိုင်နှုန်း၊ ဆေးရွက်ကြီးပါ၀င်သည့် ကွမ်းယာစားသုံးသူ အမျိုးသား ၁၄ ရာခိုင်နှုန်း၊ အမျိုးသမီးသုံး
ရာခိုင်နှုန်းရှိပြီး ယခုနှစ်တွင် အဆိုပါနှုန်း ထားထက် ပိုမိုမြင့်တက်နေသည်ဟု အင်းစိန် ပြည်သူ့ဆေးရုံကြီး အထွေထွေဆေးပညာဌာန၊ အထူးကုဆရာဝန်ကြီးဒေါက်တာ တင့်တင့်ကြည်က ပြောသည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်း ချုပ်မှုဥပဒေကို ကျန်းမာရေး ၀န်ကြီးဌာန က ၂၀၀၆ ခုနှစ် မေလ ၄ ရက်က ထုတ်ပြန် ထားသော်လည်း လက်ရှိအချိန်ကာလအ ထိ အသက်မဝင်သေးဟု ကျန်းမာရေးဝန် ကြီးဌာန ကျန်းမာရေးပညာဌာနစိတ်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်လှလှသိန်းက ပြောကြားသည်။
အဆိုပါဥပဒေတွင် အသက် ၁၈ နှစ် မပြည့်သေးသူအား ဆေးလိပ်ရောင်းချ၊ ပေးကမ်းခြင်း၊ ရောင်းချရာ တွင် ခိုင်းစေခြင်း၊ ဆေးလိပ်လွယ်ကူစွာ ၀ယ်ယူသောက် နိုင်စေရန် တစ်လိပ်ချင်းဖြစ်စေ၊ အလိပ် ၂၀ ထက် နည်းသော အထုတ်ဖြင့်ဖြစ်စေ ရောင်းချခြင်းတို့ကို တားမြစ်ထားသော်လည်း လက်ရှိအခြေအနေအရ မြင် တွေ့ နေရဆဲဖြစ်သည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီး ရောင်းဝယ်ဖောက်ကားသူများသည် ကျန်းမာနေသူများကိုဆေးစွဲအောင် လုပ် aဆာင်သည့် စီးပွားရေးဖြစ်သောကြောင့် အပြစ်တော်ခွန် ကောက်ယူလေ့ရှိကြောင်း၊ ယင်းအခွန်များ ကို ဆေးလိပ်ကြောင့် ကျန်းမာရေးထိခိုက်သူ များအတွက် ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးရ aကြာင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဒေါက်တာသန်းထွဋ်က ပြောသည်။
အဆိုပါအခွန်များသည် ပြည်ထောင်စုလွှတ်တော်က ချမှတ်ထားသော နှုန်းထားဖြစ်ပြီး ထပ်မံအခွန်တိုး ကောက်ခြင်း၊ မကောက်ခြင်းမှာ နောက်နှစ်မှသာ သိရမည်ဖြစ်ပြီး အပြစ်တော်ခွန်ကိုလည်း ကောက်ယူ ထားခြင်းမရှိဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။