မြန်မာနိုင်ငံသား နှစ်ဦးထံမှ ရှုပီး ၈ သိန်းကျော် တန်ဖိုးရှိ ဖောက်ခွဲပစ္စည်း ဖမ်းဆီ

မြန်မာနိုင်ငံသား နှစ်ဦးထံမှ ရှုပီး ၈ သိန်းကျော် တန်ဖိုးရှိ ဖောက်ခွဲပစ္စည်း ဖမ်းဆီ
by -
ခိုနူမ်းထုန်

ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က မီဇိုရမ်ပြည်နယ်ရှိ Mizoram Police CID (Crime) နှင့် Assam Rifles ပူးပေါင်းပြီး မြန်မာနိုင်ငံသားနှစ်ဦးထံ ရှုပီး ၈ သိန်းကျော်တန်ဖိုးရှိ ပေါက်ကွဲစေနိုင်သည့် ပစ္စည်း ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခဲ့သည့် အမျိုးအစားမှာ ဖေါက်ခွဲရာတွင် အသုံးပြုသည့် Special Ordinary Detonator cap 40000 ကျော်ဖြစ်ပြီး ပစ္စည်းပိုင်ရှင်ဟု ယူဆရသော ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ Zabika (49) နှင့် ကလေးမြို့သား Thawnga (37) တို့နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ပြီး ၄င်းတို့ကိုအမှုဖွင့်ထားကြောင်း၊ ရဲများစစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ဒေသထုတ် သတင်းစာတွင် ဖော်ပြပါသည်။

WP 20140528 001

ယခုဖမ်းဆီးထားသော လက်နက်အမျိုးအစားမှာ Gulf Oil Corporation Ltd. Explosive Division, Hyderabad ပြည်နယ်ရှိ ကုပ္မဏီမှ ထုတ်လုပ်ထားသည့် ပေါက်ကွဲစေသော စနက်တံဖြစ်သည်။

ယခုတလော တရားမဝင်မှောင်ခိုပစ္စည်းများအနက် မြန်မာနိုင်ငံတွင် ရေပန်းစားနေသည်မှာ ဆူဒူဖီဒရင်စိတ်ကြွ ဆေးပြားဟု သိရသော်လည်း  ဖောက်ခွဲရာတွင် အသုံးပြုသော စနက်တံဟာလည်း  မှောင်ခို ရေပန်းစာလာတယ်လို့ အဆိုပါ သတင်းစာက ထပ်မံဖော်ပြထားပါသည်။

မီဇိုရမ်ရဲအရာရှိများ၏ ထွက်ဆိုချက်အရ ဒီလက်နက်အမျိုးအစားဟာ အိန္ဒိယနိုင်ငံမှ မီဇီုရမ်ပြည်နယ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံကို အကပ်လိုက်အကပ်လိုက် တရားမဝင်တင်ပို့နေကြတယ်။ မြန်မာနိုင်ငံရှိ လက်နက်ကိုင် သူပုန်များ ထံသို့လည်း ရောင်း ချနေကြကြောင်းသိရသည်။

Detonator သည် ပေါက်ကွဲစေသည့်နေရာတွင်အသုံးပြုသည့် ပစ္စည်းတမျိုးဖြစ်သည်သာမဟုတ်၊ ဒီ ဒီတိုနီတာ ဟာ ပေါက်ကွဲမှု အားပြင်းသောလက်နက်တမျိုးဖြစ်ကြောင်း တတ်ကျွမ်းသူများက ပြောသည်။