အစိုးရနှင့် ကေအိုင်အိုတို့ နှစ်ဖက်သဘောတူဖွဲ့စည်းမည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့တွင် ကေအိုင်အိုဘက်မှ ပါ၀င်မည့်အဖွဲ့ဝင် ငါးဦးကို ရွေးချယ်ပြီးဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် မေလ ၁၃ ရက် ဆွေးနွေးပွဲအပြီးတွင် သဘောတူခဲ့သည်။ ယင်းအဖွဲ့ကို နှစ်ဖက် ကိုယ်စားလှယ် ငါးဦးစီဖြင့် မေလ ၂၁ ရက်တွင် တရားဝင်ဖွဲ့စည်းပြီး အခြေခံမှုငါးချက်နှင့် စည်းကမ်း ၁၈ ချက်ကို ရေးဆွဲမည်ဖြစ်သည်။
“တရားဝင်ဖွဲ့စည်းမယ့်နေ့ကို ပထမ ၂၁ ရက်လို့ ပြောထားပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ပျက်သွား ပါတယ်။ အခု လကုန်နဲ့ နောက်လဆန်းပိုင်းလောက်ကို နှစ်ဖက်တွေ့ဆုံပြီး တရားဝင်ဖွဲ့စည်းဖြစ်မှာပါ။ ကေအိုင်အိုဘက်က လူရွေး ပြီးသွားပါပြီ” ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
ကေအိုင်အိုဘက်မှ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ထားသူများမှာ ကေအိုင် အိုဗဟိုဌာန ချုပ်မှ ဗိုလ်မှူးကြီးဇော်သောင်၊ ဗိုလ်မှူးကြီးခွန်နောင်၊ ဗိုလ်မှူးကြီးနော်လီ၊ ဗိုလ်မှူးသိန်းဘောမ်နှင့်Techinical Team ဘက်မှ တစ်ဦး ပါ၀င်မည်ဖြစ်သည်။ ကေအိုင်အိုဘက်မှ ပဋိပက္ခငြိမ်းချမ်းရေးအဖွဲ့ဝင်အဖြစ် ရွေး ချယ်ထားသည့် လူစာရင်းကို ၀န်ကြီးဦးအောင်မင်း ထံသို့ တရားဝင်စာပို့ထားပြီး မိတ္တူကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သို့ ပေးပို့ထားသည်ဟုဆိုသည်။
အစိုးရနှင့် ကေအိုင်အိုတို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ခြင်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက် သဘောတူ ညီချက်ပါ “ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးယန္တရား” ပထမအဆင့်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။