မွန်ပြည်နယ်တွင်းရှိ မူးယစ်ဆေးဝါးများအား အမျိုးသားစီမံချက်အဆင့်သတ်မှတ်၍ တားဆီးရေး၊ ပညာပေးရေးနှင့် မူးယစ်ဆေးဖြတ် ပြည်သူများအား ပြန်လည်ထူထောင်ရေးစခန်းများ ဆောက်လုပ်၍ ကိုင်တွယ်သွားရန် မွန်ပြည်သစ်ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာဗိုန်ခိုင်မှပြောသည်။
စိတ်ကြွှ ဆေးပြား ၁၀၀၀၀ ကျော် သယ်ဆောင် လာသူ တဦးအား မွန်ပြည်သစ် ပါတီမှ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ဖမ်းဆီး ရမိခဲ့စဉ်စိတ်ကြွှ ဆေးပြား ၁၀၀၀၀ ကျော် သယ်ဆောင် လာသူ တဦးအား မွန်ပြည်သစ် ပါတီမှ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ဖမ်းဆီး ရမိခဲ့စဉ် ဓါတ်ပုံ - (ရွှေဟင်္သာ)
“အဲဒီ ပညာပေးရေး၊ တားဆီးရေး၊ ပြန်လည်ထူထောင်ရေးစခန်းတွေဆောက်ပြီး အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အခု ကျွန်တော်တို့ ပြင်ဆင်နေပြီ၊ ဒီပြဿနာနည်းနိုင်သမျှ နည်းပြီး ပပျောက်သွားနိုင်အောင် အထိ ၊ အစိုးရနဲ့သော်၎င်း ၊ နိုင်ငံရေးပါတီတွေနဲ့သော်၎င်း၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့သော်၎င်း အားလုံးပူးပေါင်းဆောင်ရွက်သွားမယ်” ဟု နိုင်ဟံသာ ဗိုန်ခိုင်က ပြောသည်။
ထိုစီမံချက်အရ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများဖြစ်သည့် မော်လမြိုင် ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံ ခရိုင်နှင့် ဗဟိုဌာနချုပ် ဝန်းကျင် ဒေသ တို့၌ ပြည်လည် ထူထောင်ရေးစခန်း တည်ဆောက်သွားရမည် ဖြစ်သည်။
လက်ရှိ၌လည်း အဆိုပါခရိုင် သုံးခရိုင်နှင့် ဌာနချုပ်စခန်းတို့၌ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု ၊ သုံးစွဲမှုတို့ဖြင့် မွန်ပြည်သစ်ပါတီမှ ထိန်းသိန်း ထားသည့် လူများ (၂၀၀) ဝန်းကျင်ခန့်ရှိကြောင်း နိုင်ဟံသာ ဗိုန်ခိုန်မှ ဆက်ပြောသည်။
သို့သော်လည်း မွန်ပြည်သစ်ပါတီအနေဖြင့် အရေးယူ ကိုင်တွယ်မှုနှင့် အမှုစီရင်ချက်ချသည့် အပိုင်းများ၌ အားနည်းချက်ရှိနေသေးကြောင်း မူးယစ် ဆေးဝါး ရောင်းဝယ်မှုဖြင့် မွန်ပြည်သစ်ပါတီမှ လက်ရှိ ဖမ်းဆီး ထိန်းသိမ်း ထားခြင်း ခံရသူ တစ်ဦး ဖြစ်သည့် နိုင်မင်းဇော် (အမည်လွှဲ) မှ ပြောသည်။
“ကျွှန်တော့်ကို ဖမ်းဆီး ထိမ်းသိန်း ထားတာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကတည်းက အခုထိ စီရင်ချက် မချရ သေးဘူး။ တစ်ဖက်မှာ ကျွှန်တော့် မိသားစု စားဝတ်နေရေးအတွက် ကျွှန်တော်တွေးပြီး ပူနေတယ်၊ စီရင်ချက်ချတာကို မြန်မြန် သိရလေကောင်းလေပဲ။ ဒါမှ မိသားစု အတွက် စီစဉ် စရာ ရှိတာကို ကျွန်တော် စီမံနိုင်မှာပေါ့” ဟု နိုင်မင်းဇော် (အမည်လွှဲ) က ပြောသည်။
နိုင်မင်းဇော် (အမည်လွှဲ)သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ၌ အိမ်၌မူးယစ်ဆေးဝါး လက်ဝယ်တွေ့ ရှိသဖြင့် ရောင်းဝယ် ဖောက်ကားမှုနှင့် မွန်ပြည်သစ်ပါတီမှ ယနေ့အထိ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည့်တားဆီးရေးဆိုင်ရာ နှင့်အခြားလိုအပ် သည့် နည်းဥပဒေများကို ပြီးခဲ့သည့် ဧပြီလတွင် ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီဗဟိုကော်မီတီ အစည်းအဝေး၌ အတည်ပြု ပြဌာန်း ခဲ့ပြီ ဖြစ်၍ မကြာမီ စနစ် တကျ ကိုင်တွယ် သွားမည် ဖြစ်ကြောင်း နိုင်ဟံသာ ဗိုန်ခိုင်မှ ဆိုပါသည်။
မွန်ပြည်နယ် လူငယ်ထု များ၏ ၆၀ ရာခိုင်နှုန်း ကျော်မှာမူးယစ် ဆေးဝါး သုံးစွဲ နေသည်ကို မွန်ပြည်သစ် ပါတီမှ စစ်ဆေး တွေ့ရှိ ခဲ့ရ ပြီး မွန်ပြည်သူ လူထု များအား အန္တရာယ် ပြုနေသည့် အဆိုပါ မူးယစ် ဆေးဝါးအား စနစ် တကျ ကိုင်တွယ်ရန် ဆုံးဖြတ် ရခြင်း ဖြစ်ကြောင်း နိုင်ဟံသာ ဗိုန်ခိုင်မှ ပြောသည်။
“အဓိက ကျွန်တော်တို့မှာ ဆေးဖြတ်မယ့်လူတွေကို စနစ်တကျဖြတ်နိုင်ဖို့ အဲဒါတွေ သင်ကြားပြုစုရမယ်၊ သူတို့တွေကို မှန်မှန်ကန်ကန် ပြန်လည် ပြုစု ပျိုးထောင်နိုင်ဖို့ လက်အောက်ခံ ခရိုင်အဆင့်ဆင့်တွေကို ကျွန်တော်တို့ ပြန်လည်သင်ကြား ပေးရမယ်။ ကျွှမ်းကျင်သူ ဆရာဝန်တွေရဲ့ အကူအညီတွေ လိုနေတာတော့ ရှိတယ်၊ ကျွန်တော်တို့ မဖြစ်ဖြစ်အောင် လုပ်ရတော့မယ်၊ ဒီမူးယစ်ဆေးဝါး အန္တရာယ်က ကျွန်တော်တို့ အမျိုးသားရေးကို ခြိမ်းခြောက်နေပြီ” ဟု နိုင်ဟံသာ ဗိုန်ခိုင်က ပြောသည်။
မွန်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီး အရေးယူမှု အနေဖြင့် ၂၀၁၁ ခုနှစ် တွင်အမှု ၃၃ မှု၊ တရားခံ ကျား ၄၂ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၅၀ ဦး၊ ဆေးခြောက် ၃.၄၃ကီလို၊ စိတ်ကြွ ဆေးပြား ၁၀၁၉ ပြား၊ ဘိန်းစာရွက် ၀.၃၇၅ ကီလို၊ စုစုပေါင်း တန်ဖိုး ကျပ် ၆၁၅၈၇၅၀ ဖမ်းဆီး ရမိ ခဲ့ပါသည်။
၎င်းပြင် ၂၀၁၂ ခုနှစ်တွင် အမှု ၄၄ မှု၊ တရားခံ ကျား ၅၉ဦး၊ မ ၁၂ ဦး၊ ပေါင်း ရ၁ ဦး၊ ဆေးခြောက် ၁၅.၃၇ ကီလို၊ စိတ်ကြွဆေးပြား ၃၃၆၈ ပြား၊ ဘိန်းစာရွက် ၂၂.၁၁ ကီလို၊ စုစုပေါင်း တန်ဖိုး ငွေကျပ် ၂၃၇၅၁၀၀၀ ကိုလည်း ဖမ်းဆီး နိုင်ခဲ့ပြီး ဖြစ်သည်။
ပြီးခဲ့သည့်၂၀၁၃ ခုနှစ်တွင်လည်း အမှု ၁၀၅ မှု၊ တရားခံကျား ၁၄၅ ဦး၊ မ ၂၃ ဦး၊ ပေါင်း ၁၆၈ ဦးဆေးခြောက် ၄.၅၁၇ ကီလို စိတ်ကြွ ဆေးပြား ၂၀၇၂၄၃ ပြား၊ ဘိန်းစာရွက် ၁၆.၄၃ ဂရမ်၊ စိတ်ပြောင်း ဆေးဝါး ၂၇၉ ပြား၊ စုစုပေါင်း တန်ဖိုးငွေကျပ် ရ၃၅၈၁၇၇၅ ကို ဖမ်းဆီး ရမိထားပြီး ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် နဝမ ပုံမှန် အစည်းအဝေးတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လွှတ်တော်ကိုယ်စားလှယ် မေးခွန်းမေးမြန်းမှုအား ပြန်လည် ဖြေကြား ထားပါသည်။
အစိုးရ မှလည်း မွန်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ကင်းစင် ရေးနှင့် ပတ်သက်၍ “မိုးကြိုး” စီမံချက် ဟူ၍ ချမှတ် ဆောင်ရွက် နေပြီး စီမံချက်မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လ (၁) ရက်နေ့ကပင် စတင်အကောင် အထည်ဖော်နေပြီ ဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး၏ လွှတ်တော်၍ ပြန်လည် ဖြေကြား ထားချက် အရ သိရှိ ရပါသည်။