ဘွဲ ့ရဆွဲခန် ့လုပ်ငန်းခွင်ဆရာ၊ဆရာမများအား အမြဲတန်းဝန်ထမ်းခန် ့အပ်နိုင်ရန် အထူးသင်တန်းဖွင့်

ဘွဲ ့ရဆွဲခန် ့လုပ်ငန်းခွင်ဆရာ၊ဆရာမများအား အမြဲတန်းဝန်ထမ်းခန် ့အပ်နိုင်ရန် အထူးသင်တန်းဖွင့်
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အတွင်း ဘွဲ့ရဆွဲခန့် လုပ်ငန်းခွင် ဆရာ ဆရာမများအား အမြဲတန်း ၀န်ထမ်းခန့်အပ်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထူးသင်တန်းများကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်ပို့ချနေကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် ယင်းအခြေခံပညာ မြို့နယ် အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်းကို ၂၀၁၄ခုနှစ် ဧပြီလ(၂၃)ရက်မှ စတင် ဖွင့်လှစ်နေပြီး မေလ(၂၂ )ရက်နေ့ တွင် ပြီးဆုံးမည်ဟု သိရသည်။

သင်တန်းပြုလုပ်ရာ ရမ်းဗြဲမြို့မှ ကျောင်း ( ဓါတ်ပုံ- နိရဥ္စရာ)

သင်တန်းကာလမှာ (၁)လတိတိ ဖြစ်ကြောင်း၊ သင်တန်းမှာ ယခင် သင်တန်းနှင့် မတူဘဲ ထူးခြားမူ အချို့ရှိကြောင်း ရမ်းဗြဲမြို့ ဇရပ်ပြင်ကျေးရွာမှ သင်တန်းဆရာ အထက်တန်းပြ ဆရာဦးထွန်းဆွေက ပြောသည်။

“သင်တန်းရဲ့ထူးခြားချက်ကတော့ ယ္ခင် မြန်မာနိုင်ငံရဲ့ သင်ကြားမှုစနစ်က ဆရာဗဟိုပြု သင်ကြားမှု(Teacher Center Approach- TCA) ဖြစ်ပါတယ်။    ယ္ခုကတော့ ကလေးဗဟိုပြုသင်ကြားမှု ( Children Center Approach – CCA) ဖြစ်ပါတယ်။ ဆရာဗဟိုပြု (TCA ) မှာ သီအိုရီ ပိုင်းကို ဦးစားပေးပြီးသင်တဲ့ အတွက် ဆရာတဦးတည်းသာ သင်ကြားရမှုကြောင့် ကျောင်းသားရဲ့ တွေးခေါ်မူ အာနည်း သွားတဲ့အတွက်၊ ဆရာသင်တာလောက်ပဲ တတ်ပြီး ရှင်းရှင်းပြောရရင် အာဂုံဆောင် ကျောင်းသားဖြစ်သွားကြပါတယ်။ ဒါကြောင့်  သင်ကြားမူစနစ် လိုအပ်ချက်ကို ကမ္ဘာအဆင့်အတန်းမှီရန် ပြောင်းလဲမူကြောင့် ကျောင်းသားတွေရဲ့ တွေးခေါ်မူတွေ တိုးတက်လာပြီး၊ တီထွင် ကြံဆတတ်လာကာ  မိမိကိုယ်မိမိ အားထားတတ်လာမှာ ဖြစ်ပါတယ်”ဟု နိရဥ္စရာသို့ ပြောကြားသည်။

ယင်းသင်တန်တွင် ဘာသာရပ် (၁၃) ခုကို သင်ကြားပို့ချခဲ့ပြီး ယင်းဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာစာ၊ လူမူရေး၊ သပ္ပံ၊ ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ ပညာရေးစီမံခန်ခွဲမှု၊ ကာယ၊ ပန်းချီဂီတ၊ စိုက်ပျိုးရေး၊ စက်မူ၊ အိမ်တွင်မှု စသည် တို့ဖြစ်ကြောင်း သင်တန်းဆရာ တစ်ဦးဖြစ်သူ ရမ်းဗြဲမြို မီးကျောင်းတက်မှ အထပြဆရာ  ဦးအောင်ကျော်ထွန်းက ဆိုသည်။

ကျောက်နီမော်ကျေးရွာမှ သင်တန်းသားဆွဲခန် ့ဆရာ ဦးသက်ခိုင်ကလည်း CCA သင်တန်း တက်ရောက်ရ၍ တန်ဖိုးရှိကြောင်း ပြောသည်။

“သင်ထောက်ကူပစ္စည်းများ စနစ်တကျအသုံးချတတ်ပြီး၊ ကျောင်းသားများကို ယ္ခင်ကထက် သင်ပြမူစနစ်  ပြောင်းလဲ တိုးတက်လာတာကြောင့် ပိုမိုနားလည်တတ်မြောက်လာမှာ ဖြစ်ပါတယ်။ ထူးခြားဘာသာရပ်ကတော့ ဂီတပန်းချီ။၊ ပညာသဘောတရား စိတ်ပညာနဲ့ စီမံခန် ့ခွဲမူ ဖြစ်ပါတယ်။ ဂီတပန်ချီက ရသကို ခံစားတတ်တဲ့အပြင်၊ လူအသိုင်းအဝိုင်းနဲ့ လိုက်လျှော ညီထွေ ဆက်ဆံတတ်မူ၊ အဖွဲ့အစည်းနဲ့ လှုပ်ရှားတတ်မူများနဲ့ ပညာကို တန်ဖိုးထားလာတတ်တဲ့အတွက် ပေးသူရော ယူသူပါ တန်ဖိုးရှိပါတယ်”ဟု သူကဆိုသည်။

ရမ်းဗြဲမြို့နယ် အထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချသော သင်တန်းတွင် နည်းပြ ဆရာ (၁၃) ယောက် ဖြင့် သင်ကြားပို့ချပြီး၊ ဘွဲ့ရ သင်တန်း ဆရာဆရာမ (၉၀) ယောက်အပြင် ဆယ်တန်းအောင် ဆရာဆရာမ (၁၉) ယောက် စုစုပေါင်း(၁၀၉) ယောက်တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

Most read this week