တအာင်း တပ်မတော်(TNLA) ၊ KIA (တပ်မတော်)၊ MNDAA (ကိုးကန့် တပ်မတော်) တို့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား

တအာင်း တပ်မတော်(TNLA) ၊ KIA (တပ်မတော်)၊ MNDAA (ကိုးကန့် တပ်မတော်) တို့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား
by -
ရွှေဟင်္သာ

မူဆယ်မြို့နယ်၊ မုံးကိုး မြို့နယ်ခွဲ ၊ကောင်းမူးလိုင်ကျေးရွာအနီးတွင် မေလ(၂၀)ရက်နေ့က တအာင်းတပ်မတော် (TNLA)၊ ကချင်တပ်မတော်(KIA)၊ MNDAA (ကိုးကန့်တပ်မတော်) ပူးပေါင်းတပ်နှင့် အစိုးရတပ်တို့ သည် နံနက် ၆းဝဝ မှ ရးဝဝ နာရီအတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း (TNLA) အထွေထွေ အတွင်းရေးမှူ း ဗိုလ်မှူ းကြီး တာဘုန်းကျော်က ပြောပါသည်။

“တိုက်ပွဲက ၁၉၊ ၂၀ နေ့တိုင်းဆိုသလိုဖြစ်နေတယ်။ ကျနော်တို့ (၃) ဖွဲ့ပူးပေါင်းလှုပ်ရှားတာ အစိုးရတပ်တွေက မကြိုက်ဘူးလေး အစိုးရတပ်က ကျနော်တို့ ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်သွင်းနေတယ် ဒါပေမယ့် ကျနော် တို့ကဘာမှ ပြန်မလုပ်ပါဘူး။ ဒီအခြေနေတိုင်းဆိုရင် စစ်ရေးတင်းမာမယ့် အနေထားတော့ ရှိတယ်” ဟု ပြောပါသည်။

တအာင်း တပ်မတော်(TNLA) ၊ KIA (တပ်မတော်)၊ MNDAA (ကိုးကန့် တပ်မတော်) တို့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား ဓါတ်ပုံ- TSYO

အဆိုပါတိုက်ပွဲတွင် နှစ်ဖက် ထိခိုက် ကျဆုံးမှုရှိ သော်လည်း စာရင်းအတိကျ မသိရသေးကြောင်းသိရသည်။

TNLA တပ်သည် ကျေးရွာ ပြည်သူလူထုနှင် ဝေးသည့် နေရာတွင် လှုပ်ရှားစေပြီး လူထုနှင့် အနီးနားတွင် တိုက်ပွဲမဖြစ်ရန် ရှောင်ရှားဖို့အမိန့်ပေးထားပါသည်။ အစိုးရဘက်မှ တပ်မ (၇၇)၊ (၈၈) တို့သည်လည်း TNLA ရှိရာ တောင် နှင့်တပ်စခန်းအား တောနင်းရှာသကဲ့သို့ ရှာပြီး လိုက်တိုက်နေ သည့် အတွက် တိုက်ပွဲအရှိန် မြှင့်လာဖွယ်ရှိကြောင်းဆက် ပြောပါသည်။

မေလ (၁၉) ရက်ကလည်း TNLA တပ်မတော်မှာ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ ၀ါလိုင်းကျေးရွာရှိ ၀ါလိုင်းပြည်သူ့ စစ်နေအိမ်တွင် မူးယစ်ဆေးဝါး ၀င်ရောက်ဖမ်းဆီး ချိန်တွင် မြန်မာစစ်တပ် တပ်မ (၈၈) မှ လာရောက် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။

ထို့ကြောင့် တအာင်း တပ်မတော်ဘက် မှလည်း စခန်းပေါ်သို့ RPG (၃)ချက် ပြန်လည်ပစ်ခတ် ခဲ့သဖြင့် နှစ်ဖက် နာရီဝက်ခန့် အပြန်အလှန် တိုက်ခိုက် မှုဖြစ်ပွားခဲ့ပြီး မြန်မာ တပ်မတော်ဘက်မှ (၁) ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိသွားကြောင်း ဗိုလ်မှူ းကြီး တာဘုန်းကျော်က ပြောပါသည်။

ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့ က KIA နှင့် ၀န်ကြီးဦးအောင်မင်းတို့ တွေ့ဆုံပွဲတွင် TNLA ဘက်မှ ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲ ဆက်တိုက်ဖြစ်နေသည့်အပေါ် ၀န်ကြီးဦးအောင်မင်းတို့နှင့် အလွတ်သဘောတွေ့ ဆုံကြမည်ဟု  TNLA ဘက်မှ ကမ်းလှမ်း တောင်းဆိုခဲ့ပါသည်။

၀န်ကြီးဦးအောင်မင်း တို့ ဘက်က ကိုးကန့်အဖွဲ့နှင့်ပူးတွဲ လှုပ်ရှားဆောင်ရွက် နေသည်ကို မနှစ်သက်သည့်အနေထား ရှိနေသည့်အတွက် လက်ရှိအခြေနေအတိုင်းဆိုလျှင် ၀န်ကြီးဦးအောင်မင်း တို့ဘက်မှ မအားလပ်နိုင်သေးဘူးဟု အကြောင်းပြ ထားသည်ဟု ဗိုလ်မှူ းကြီးတာဘုန်းကျော်က သုံးသပ်ပြောဆိုခဲ့သည်။