ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို ့မှ ၁၀ မိုင်ခန် ့ကွာဝေးသည့် ဘုံတလာရေအား လျှပ်စစ်ဓါတ်အား စက်ရုံကို ဗျူဟာ မှူး ဗိုလ်မှူးဆန်းအောင်(၂၀၀၇) က လူထုလုပ်အားနှင့် စစ်တပ် ဘတ်ဂျက်ငွေဖြင့် ဦးဆောင်ဆောက် လုပ် ခဲ့သည်။ လျှပ်စစ်ဓါတ်အားအတွက် ဘုံတလာရေတံခွန်အနီး Namlawng ချောင်းမှ အရှည်ပေ ၅၀၅၀ ခန် ့ရေးမြောင်းဖောက် လုပ်ခဲ့ခြင်းဖြစ်သည်။
ကျပ်ငွေ ၈၅၂၃ သိန်းခန် ့ အကုန်အကျခံပြီး တည်ဆောက်ထားသည့် လျှပ်စစ်ဓါတ်အားကို မတူပီမြို့ပေါ် စံဘောင်ရပ် ကွက် အပါအဝင် စစ်တပ် နှင့် ဖနိုင် ကျေးရွာ လျှပ်စစ်မီး ရရှိရေးအတွက် စက်နှစ်လုံး ( စက်တလုံး ဗို့အား ၂၅၀) ဖြင့် လည်ပတ်စေခဲ့သည်။ သို ့သော် စက်နှစ်ခုစလုံး တပြိုင်တည်း အသုံးမပြုဘဲ အလှည့်ကျ လည်ပတ်စေ ခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။
လျှပ်စစ်မီး ခွဲတမ်းချရာတွင် ခလရ – ၁၄၀ စခန်း ၊ ဗျူဟာမှူးရုံး၊ ခမရ-၃၀၄ စခန်း၊ စခန်းတည်ရာ အိမ်ခြေ ၁၈၀ ခန့် ရှိသည့် ဖနိုင်ကျေးရွာတို့ကိုသာ ၂၄ နာရီ မီးပေးပြီး မတူပီမြို ့စံဘောင်ရပ်ကွက် ပြည်သူများကိုမူ အလှည့်ကျ စနစ်ဖြင့် မီးပေးခဲ့ကြသည်။
ဘုံတလာ ရေတံခွန်သည် ချင်းပြည်နယ်သာမက မြန်မာတပြည်လုံးတွင် အကြီးမားဆုံး ရေတံခွန်ဖြစ်ပြီး ပြည်တွင်းပြည် ပက ခရီးသွားဧည့်သည်များ နှစ်စဉ်သွားရောက် လည်ပတ်လေ့ရှိကြသည့် ချင်းတောင်အလှဆင် နာမည်ကြီး ရေတံခွန် ပင်ဖြစ်သည်။ သို့သော် ရေတံခွန်ကြီးသည် မိမိသဘာဝအလျောက် လောကကြီးကို အလှဆင် ကပြနေချိန်မှာပဲ ဘုံတ လာရေအား လျှပ်စစ်ရေမြောင်းဟာ ခြေလေးချောင်း အိမ်မွေးတိရိစ္ဆာန်များ၊ တောရိုင်းတိရိစ္ဆာန်များ၏ အသက် ပေါင်း မြောက်များစွာကို နှုတ်ယူ ၀ါးမျို နေသည်။
အနက် ၄ ပေ၊ အကျယ် ၄ ပေ၊ အရှည် ၅၀၅၀ ပေ ရှိသည့် ရေမြောင်းကို ဖြတ်ကူးသည့် တိရိစ္ဆာန်များ သည် ရေ မြောင်းထဲသို့ ကျသွားပြီး အသက်ဆုံးရှုံးလျက်ရှိကြသည်။ ဒေသခံများသည် အိမ်မွေးတိရိစ္ဆာန်များ အသက်ဘေးမှ လွတ်မြောက်ရေးကို ဘယ်လို ဖန်တီးမည်၊ မြောင်းတလျှောက် သံဆူးကိုးကာမလား၊ မြောင်းတလျှောက် တံတားခင်းမလား ဆွေးနွေးတွေးတောရုံက လွဲပြီး ဘာမှမတတ်နိုင်ကြပါ၊
” ပေ ၅ ထောင် ရှည်လျားတဲ့ ဒီမြောင်းကို တဖက်တချက်စီ ကာဖို့ဆိုရင် အကုန်အကျ ဘယ်လိုခံနိုင်မလဲ၊ ပြီးတော့ ဒီအနီးအနား ရွာတွေနဲ့ စုပေါင်း လုပ်နိုင်ရင်တော့ တမျိုးပေါ့၊ ဒီရေမြောင်းရှည်ကြီးကို သံဆူးကြိုး ကာဖို့ ဆိုတာလည်း အမှန်က မဖြစ်သင့်ပါဘူး” ဟု ဖနိုင်ရွာသား တစ်ဦးက ပြောပြ ခဲ့သည်။
ဒေသခံပြည်သူများသည် အဆိုပါ ဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်မှာ ယနေ့ဆိုယင် ရှစ်နှစ်ခန် ့ရှိပြီဖြစ်သော် လည်း အစိုးရ၊ စစ်တပ် က ယနေ့အထိ တစုံတခု အရေးယူဆောင်ရွက်ပေးခြင်းပဲ လျှပ်စစ်မီးရယင်ပြီးရော ဆိုပြီး ဘာ သိ ဘာသာ မျက်နှာလွှဲနေတယ်လို့ဒေသခံ အိမ်မွေး တိရိစ္ဆာန်ပိုင်ရှင်များက ပြောဆိုခဲ့ကြသည်။
ခန့်မှန်းခြေတွက်ချက်အမှုအရ လျှပ်စစ်စက်ရုံပြီးစီးသည့် ၂၀၀၇ ခုနှစ်က စပြီး ယနေ ့အထိ မြောင်းထဲကျသေ ဆုံးသည့် အိမ်မွေးတိရိစ္ဆာန်နှင့် တောရိုင်းတိရိစ္ဆာန် အကောင်ရေ ၁၄၀ ကျော်ပြီဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။ ကျွှဲ (၃၃) ကောင်၊ နွားနောက် (၄၀)၊ နွား (၂၀)၊ ဆိတ် (၁၃) ကောင်၊ ဂျီ (၁၆)၊ တောင်ဆိတ်(၁)၊ တောဝက် (၂)ကောင်နှင့် တောခွေး နှစ်ကောင် သေဆုံး ခဲ့ပြီဖြစ်သည်ဟုသိရသည်။
” တိရိစ္ဆာန်တွေ မြောင်းထဲကျသွားတာ တဦးဦးက မြင်လို့ အားလုံးက ၀ုိင်းဝန်းပြီး မြောင်းထဲကနေ အချိန်မှီ ဆွဲ တင်နိုင်တာလည်းရှိတယ်၊ ရေမြောင်းက တောထဲမှာ ဆိုတော့ ဒီလို သိနိုင်ဖို့က မဖြစ်နိုင်ဘူးလေ၊ ဘယ်သူက အချိန် တိုင်း စောင့်ကြည့်နိုင်မှာလဲပေါ့ ” ဟုအဆိုပါရွာသားက ဆိုသည်။
အချိန်မှီ ဆွဲတင်နိုင်တဲ့ ဆိတ်၊ နွား၊ ကျွဲ၊ နွားနောက်တွေကို ပိတ်သာလိုက်မဟုတ်တော့ပဲ အပုံလိုက်ပုံပြီး စျေးနှုန်း သက်သာစွာနဲ့ အိမ်နီးနားချင်းတွေကို အသနား ခံရောင်းချကြရသည်။ ချင်းတောသူတောင်သားများသည် တနိုင်တပိုင် အိမ်မွေးတိရိစ္တာန်များဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းလေ့ရှိကြသည်။
”ဒီ အိမ်မွေတိရိစ္ဆာန်ရှိမှ သားသမီးတွေကို ကျောင်းထားနိုင်တာ၊ ပြီးတော့ ကိုယ်ပိုင်လယ်မြေလည်းထွန်နိုင်တာ ပေါ့၊ ကျွဲ၊ နွားတွေက ကျတော်တို့မိသားစု သေရေး ရှင်ရေးလို့ပြောရမှာပဲ” ဟု ဒေသခံတောင်သူတဦးက ပြောသည်။
အကယ်၍ ဒေသခံရွာသူရွာသားများက တိရိစ္ဆာန်များ ယင်းမြောင်းကိုဖြတ်သွားဖြတ်လာ လုပ်နိုင်သည့် လမ်းကြောင်း ဖန်တီး ပေးမည်ဆိုပါက အသေအပျောက် သိပ်ရှိမည်မဟုတ်ပေ။ ဒီအတွက် လုပ်အားခ မပါဘဲ လိုအပ်သည့် ပစ္စည်း ကိရိယာ ၀ယ်ယူရန် ကုန်ကျငွေ သိန်းဂဏန်းပင် ကျော်လိမ့်မည်မထင်ပေ။
သေဆုံးသွားသည့် အိမ်မွေး တိရိစ္ဆာန် များ၏ တန်ဖိုးကို တွက်ကြည့်ပါက ကျပ်ငွေ သိန်းပေါင်း ၄၀ နီးပါးခန့်ပင်ရှိတော့မည်ဖြစ်သည်။
မြောင်းထဲ ကျသေဆုံးသော အိမ်မွေးတိရိစ္ဆာန်များမှာ အများအားဖြင့်ဖနိုင်ရွာကဖြစ်ပြီး ငလိုင်၊ ထီစောင်းနှင့် ဝေတူး ကျေးရွာသားများ၏ တိရိစ္ဆာန်များလည်းပါ၀င်ကြောင်းသိရရှိရသည်။ စာရင်းအရ အိမ်မွေးတိရိစ္ဆာန်များ သေဆုံးနှုန်းသည် နှစ်စဉ် (၈)ကောင် ဖြစ်နေသည်။ အသိတရားမရှိသည့် တိရိစ္ဆာန်များ ဘယ်နှစ်ကောင် အသက်ဆုံး ရှုံးရအုံးမည်နည်း။
ဒေသခံပြည်သူများသည် နေ့စဉ်နှင့် အမျှ လူမှုဒုက္ခ နှင့် ကြုံတွေ့နေရချိန်တွင် သက်ဆိုင်ရာလျှပ်စစ်တာဝန် ရှိများသည် လျှပ်စစ်ဓါတ်အားကို ကိုယ်ကျိုးအတွက် လုပ်စားနေကြသည်၊
မတူပီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူးသည် မတူပီမြို့အနီး နမ်လောင် ရေအားလျှပ် စစ်စက်ရုံမှ လျှပ်စစ်ဓါတ်အားခ ကို ဒေသခံများထံ တလ ၄ ထောင် နှင့် ငါးထောင်အကြားကောက်ခံပြီး အလွဲသုံးစား လုပ်နေကြောင်း တအိမ် ထောင်လျှင် တစ်လကျပ်ငွေ ၄၀၀၀ – ၅၀၀၀ အကြားကောက်ခံသော်လည်း သက်ဆိုင်ရာသို့တလ ကျပ်ငွေ ၅၂၀၀ သာ ပေးသွင်းပြီး ကျန်ငွေအားလုံးကို မိမိအိတ်ထဲထည့်လိုက်ကြောင်း ဒေသခံများက တိုင်ကြားခဲ့ဘူးသည်။
အဆိုပါ လျှပ်စစ်မှူးသည် မတူပီမြို့နယ်အတွက် တလလျှင် ဒီဇယ် ဂါလံ ၂၀၀ – ၃၅၀ ချပေးသော်လည်း မတူပီသို့ မရောက်ခင် ပခုက္ကူ မြို့ ပုဂ္ဂလိက ဒီဇယ်ဆိုင်သို့ခိုးရောင်းလေ့ရှိပြီး အစိုးရမှ ချပေးသည် မီတာဘောက်တလုံးကို ဒေသခံများထံ ကျပ်ငွေ တစ်သိန်းငါးသောင်းနှင့် ရောင်းချကြောင်း၊ ဒီဇယ်ဆီ အတွက် စက် အမောင်းပြပြီး တလ ကျပ်ငွေ ရ၅၀၀၀၀ မှ ကျပ်ငွေ ၁၀၀၀၀၀ ကို တဦးတည်း အလွဲသုံး စားလုပ် နေကြောင်း တိုင်ချက်ဖွင့်ထားခြင်းဖြစ်သည်။