ပုဒ်မ ၄၃၆သည် တပ်မတော်သားများကို အထူးအခွင့်အရေးပေးသည့်ပုဒ်မဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပုဒ်မ ၄၃၆သည် တပ်မတော်သားများကို အထူးအခွင့်အရေးပေးသည့်ပုဒ်မဟု ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္စျိမ

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆သည် တပ်မတော်သားများကို အထူးအခွင့်အရေး ပေးထားသည် ပုဒ်မဖြစ် သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ရက် နံနက်က ရန်ကုန်မြို့ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပြည်သူလူထုဆန္ဒရယူပွဲတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ပုဒ်မ ၄၃၆ဟာ တပ်မတော်သားတွေအတွက် အထူးအခွင့်အရေးပေးထားတဲ့ ပုဒ်မဖြစ်တယ်။ အထူးအခွင့်အရေး ရတယ်ဆိုတာ သိက္ခာရှိရဲ့လား၊ ကိုယ့်အတွက် ကောင်းရဲ့လားလို့ မေးချင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်သည်။

သူမက ဆက်လက်၍ "မှန်ကန်တဲ့ မာနသွေးရှိလိုက်စမ်းပါ။ အထူးအခွင့်အရေး မလိုချင်စမ်းပါနဲ့။ အထူးအခွင့်အရေး လိုချင်တာကိုက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာပဲ"ဟုလည်း ပြောကြားလိုက်သည်။

ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်တို့က ဟောပြောခဲ့ကြပြီး လူဦးရေ တစ်သိန်းနီးပါး တက်ရောက်လာသည်။

Most read this week