၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစီးကာ အင်အား ၃ဝဝခန့်က မေလ ၁၆ရက် နံနက် ၈နာရီခန့်က စတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ သည်။ ငပုတောမြို့တွင် ၂၆နှစ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခြင်းလည်းဖြစ်သည်။
“ဖွဲ ့စည်းပုံပြင်ဆင်ဖို ့ဆန္ဒဖော်ထုတ်တာ မြို ့နယ်မှာ စာတင်တော့ ခွင့်မပြုဘူး၊ တိုင်းရဲတပ်ဖွဲ ့မှူးရုံးက မေလ ၁ဝရက်က ခွင့်ပြုခဲ့တာ၊ ငပုတောမှာတော့ ဘာအတွက်စာတင်တင် ခွင့်မပြုဘူး၊ အခု ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုတာ”ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် မြို ့နယ်အလုပ်မှုဆောင် အတွင်းရေးမှူးဦးမင်းထွဋ်သွင်က ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲကို ငပုတောမြို ့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို ့နယ်ရုံးမှ စတင်ကာ မြို ့ထဲသို ့လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည်။ ဆန္ဒဖော်ထုတ်ပွဲတွင် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး" "ပုဒ်မ ၅၉(ဃ)ပြင်ဆင်ရေး" "ပုဒ်မ ၅၉ (စ)ပြင်ဆင်ရေး" "သိမ်းဆည်းလယ်ယာ ချက်ခြင်းပေး" "၂ဝဝ၈ဖွဲ ့စည်းပုံပြင်ဆင်ပေး" စသည့် ကြွေးကြော်သံများ လက်ကိုင်ဆိုင်းများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။
“၅၉ ဃ/စ ဗိုလ်ချုပ်ရေးခဲ့တယ်။ ဖွဲ ့စည်းပုံမှာလည်း မပါဘူး၊၂ဝဝ၈မှာ ထည့်ရေးထားတာ အမေစုတယောက် ထဲအပေါ် ကန့်သတ်ထားတာ၊ ပြည်သူတွေ ဒီမိုကရေစီ စံနှုန်းနဲ ့မညီတာတွေကို ပြင်ဆင်ဖို ့တောင်းဆိုနေတာပါ၊ တဘက်သတ် ရေးဆွဲဖို ့တောင်းဆိုတာမျိုးလည်း မရှိဘူး၊ အခုမပြင်ချင်တာ သူတို ့ပဲ အာဏာကို ဖက်တွယ်ထားချင်လို့”ဟု ငပုတောမြို ့နယ်၊ အမျိုးသားဒီမိုကရေစီ လူငယ်အဖွဲ့မှ ကိုဝမ့်ချိုင်က မဇ္စျိမကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မအူပင်မြို့၊ အိုင်ဝိုင်းကွင်းတွင် ပြုလုပ်သည့် ဖွဲ ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲ၌ “ဖွဲ ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဖွဲ ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို ့ကျွန်မတို ့ပြည်သူလူထု အင်အားကိုလိုအပ်တယ် ”ဟု ပြည်သူများကို ပြောခဲ့သည်။
ဖွဲ ့စည်းပုံပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး မြို ့နယ်များတွင် ပြည်သူများ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ နေ့စဉ်ပြုလုပ်လျှက်ရှိပြီး၊ မေလ ၁၅ ရက်က ဇလွန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ပါတီဝင်များနှင့် ဒေသခံ ငါးထောင်ကျော်တို့က ပုဒ်မ ၅၉(စ)မပြင်ရန် ဆန္ဒဖော်ထုတ်ခဲ့သည်။