ချင်း နိုင်ငံရေးသမိုင်း (၁)

ချင်း နိုင်ငံရေးသမိုင်း (၁)
by -
ခိုနူမ်းထုန်

လူမှုရေးသမိုင်းရှုထောင့်မှသော်၎င်း၊ မနုသာဗေဒအရသော်၎င်း၊ ဘာသာဗေဒအရသော်၎င်း၊ ချင်းလူမျိုးများ သည် မွန်ဂိုလ် ( Mongol ) အနွယ်ဝင်၊ တိဘက်-တရုတ် မိသားစုကြီး  ( Tibeto-Chinese Family/  Sino-Tibetan) မှ ခွဲထွက်သော တိဘက်-မြန်မာမိသားစု  (Tibeto-Burman Sub-Family ) အနက်  Assam-Burma Branch ကူကီး-ချင်း (Kuki-Chin) အုပ််စုဝင််များဖြစ်ကြပါသည်။

ချင်းအမျိုးသားတို့သည်လျှိုမြောင် ကမ်းပါးထူထပ် သည့် တောအပြိုင်း ပြိုင်းတောင်အထပ် ထပ်မြစ်ချောင်း အသွယ် သွယ်ရောပြွန်း သည့်ဒေသတွင် နေထိုင်သူများဖြစ််သည်နှင့်အညီ ဘာသာ စကားကွဲ (Dialects) အမျိုးမျိုးကိုပြောဆိုကြပြီး မိမိတို့ဘာသာစကား ကိုယ်စီဖြင့် မိမိတို့ အမျိုးနာမည်ကို မှည့် ခေါ်ကြ သည််၊ တနည်းအားဖြင့်ဆိုသော် ချင်းတစ်မျိုးသားလုံး အားညွှန်းဆိုသော ဘုံနာမည် (Common Name / Collective Name / Nomenclature) မရှိိခဲ့ဟုဆိုရပါမည်၊

အနောက်ဖက်ရှိ ဘင်္ဂလီကုလားများက ကူကီး (Kuki ) ဟူ၍ ၎င်း၊ အရှေ့ဖက် ရှိမြန်မာများက ချင်း ( Chin) ဟူ၍ ၎င်း ခေါ်ကြသည်။ ကူကီးဟူသော စကားလုံးအဓိပါယ်ကို သေချာတိကျစွာမသိရသော်လည်း သာမန်အား ဖြင့်တောင်တန်း သားများ ဟူသောအနက် ရဟန်တူပါသည်။ ချင်း ဟူသော  စကားလုံး၏ အဓိပ္ပါယ်မှာ လူသား ဟူ၍ ဆိုရပါမည်၊ တိဘက်ကုန်းပြင်မြင့်တွင် ချိယန် ( Qi’an / Chi’an ) ဟူသော ခွေး၊ ဝက်များ မွေးမြူသည့်လူစုရှိခဲ့ရာ ၄င်းတို့သည် တိဘက် ကုန်းပြင်မြင့် အရှေ့တောင် ခြေလျှောအရပ်သို့ရောက်ရှိလာပြီး နှစ်ကာလကြာမြင့်စွာ နေထိုင် ခဲ့ကြသည်ဟုဆိုပါသည်။

တိဘက်-တရုတ်တို့နှင့်အပြိုင် ယဉ်ကျေးမှု အဆင့်အတန်းရှိခဲ့ကြပြီး အဆိုပါ တိဘက်-တရုတ် တို့၏ ကျုးကျော်တိုက်ခိုက်မှုဒါဏ်ကြောင့် မလွှဲသာမရှောင်သာဘဲ ထိုဒေသကို စွန့်ခွါခဲ့ပြီး အထက်မြန်မာပြည် ဧရာဝတီ မြစ်ဖျားအရပ်သို့ ရောက်ရှိလာကြသည်။ ၄င်းအဆိုမှန်ကန်ကြောင်း သာဓကတစ်ခုမှာ ဟူးကောင်း ချိုင့်ဝှမ်း မြောက်ဘက် ချင်းတွင်းမြစ်ဖျားတွင် ချင်းရွာဟောင်းနေရာများရှိကြောင်း ဆာအလက်ဇင်းဒါးမက္ကင်းဇီး (Sir Alexander Mackenzie ) ကဖော်ပြထားခဲ့သည်၊ ချိယန်၏ အနက်မှာလူသား ဟုပင်ဖြစ် သည်၊

အရှို၊ တောင်သား နှှင့် မတူချင်းများ၏ ဒေသန္တရ ဘာသာ Thlang ဟူသော စကားလုံးမှ ရွေ့လျော လာသည့်  Khlang   မှ Khyang  ဖြစ်ပြီး လူ၊ လူသား ဟူသော အနက်အဓိပါယ် ရပါသည်၊ တနည်းဆိုသော် နတ်လို တောရိုင်း တိရစ္ဆာန်လိုစည်းမဲ့ကမ်းမဲ့လေလွင့်နေသူများ မဟုတ်ဘဲ အိုးနှင့် အိမ်နှင့် စည်းကမ်း ရှိရှိ အခြေ ချနေ ထိုင်ကြ သူများဟု အနက် ယူရပါမည်။

ချင်းတို့ပျံ့နှံ့လာပုံ

အဘယ်ကြောင့်ချင်းလူမျိုးတို့ကို မွန်ဂိုလွိုက်အုပ်စု (Mongoloid ) တွင် ထည့်သွင်းထားကြသလဲ ဆိုလျှင် အာရှတိုက်အလယ်ပိုင်းမွန်ဂိုကုန်းပြင်မြင့်၊ ဂိုဘီအရပ်မှစ တင်ပေါက်ဖွားလာခဲ့သည်ဟုယူ ဆကြရသောကြောင့် ဖြစ်ပါသည်။ ထိုနေရာမှ တောင်ဘက် ဟွန်ဟို၊ ယန်စီ၊ မဲခေါင်၊ သံလွင်မြစ်ကြီးများမြစ်ဖျားခံရာ တရုတ်ပြည် အနောက်မြောက် ဂန်ဆု  ( Gansu  ) နှင့် ချင်းဟိုင် (Qinghai ) ဒေသသို့ရောက်ရှိလာကြပြီး ၄င်းအရပ်မှ တိဘက် နှင့် တရုတ် ပြည်အကြား တိဘက်ကုန်းပြင်မြင့်၊ အရှေ့တောင်ခြေလျှော အရပ် သို့ရောက်ရှိလာခြင်းဖြစ်သည်။

၄င်းမှတဖန်အထက် မြန်မာပြည်ဟူးကောင်းချိုင့်ဝှမ်း၊ ၄င်းမှ ချင်းတွင်းမြစ် အတိုင်းစုန်ဆင်းလာခဲ့ကြယင်း အနောက်ဘက် အိန္ဒိယ နိုင်ငံ အရူနကျာလ်ပြည်နယ်ဖက်၊ ဆွမ်ပရာမှ နာဂလဲန်ဖက်၊ ကဘော်ချိုင့်ဝှမ်းမှမဏိ ပူရ်သို့ ကွဲထွက်လာ ခဲ့ကြပါ သည်၊

ပင်မအုပ်စုသည် ကဘော်မှ ကလေး၊ ယော၊ ဆော၊ လောင်းရှည် စသော တောင်ဖက် ရခိုင်ရိုးမ တောင်တန်း တလျှောက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် နဂရေအငူ အထိ စုန်ဆင်းပျံ့နှံ့ကြပြီး ရခိုင်ရိုးမမှ အနောက်ဖက် ရခိုင်ပြည်အနှံ့သို့၎င်း၊ ဧရာဝတီမြစ်ကိုဖြတ်ပြီး အရှေ့ဖက်ပဲခူးရိုးမတလျှောက်သို့၎င်း ပျံ့နှံ့ကြသူများ ရှိသကဲ့သို့ ကဘော်၊ ကလေး၊ ယော၊ ပုံတောင်ပုံညာအရပ်မှ အနောက်ဖက်ရှိ ချင်းတောင်တန်းသို့ ရောက်ကြသူများလည်းရှိ ပါသည်။ ချင်းတောင်တန်းကိုလွန်ပြီး လူရှေတောင်တန်းသို့၎င်း၊  ၄င်းမှတဖန် ဘင်္ဂလားဒေ့ရှ် နိုင်ငံစစ်တကောင်းတောင် တန်းနှင့် ဆီလ်ဟက်တောင်တန်း သို၎င်း ရောက်ရှိကြသူများ လည်းရှိပါသည်၊

ထိုသို့ပြန့်ကျဲနေထိုင်ရာ ဒေသတစ်ခုလုံး၏ ၅ ပုံ ၁ ပုံ ၌သာ စုစည်း နေထိုင်ကြရသောကြောင့့်် ထိုနေရာကိုသာ ချင်းပြည်ဟုခေါ်တွင်ရခြင်းဖြစ်ပါသည်၊ ချင်းလူမျိုး များ စုစည်းနေထိုင်ရာ( Compact Area ) ၏ ခန့်မှန်း အကျယ်ဧရိယာမှာ စုစုပေါင်းစတုရန်းမိုင် (၁ဝဝဝဝဝ) ခန့်ရှိမည် ဟုယူဆရပါသည်၊ တနိုင်ငံလုံးရှိချင်း လူဦးရေ ခန့်မှန်းခြေမှာ သန်းပေါင်း (၁ဝ မှ ၁၅) ခန့်ရှိနိုင်မည်ဖြစ်သော်လည်း မှီတင်း နေထိုင်ရာဒေသ အလိုက် နာမည် အမျိုးမျိုး တကွဲတပြားစီ သုံးစွဲမှုကြောင့်၎င်း၊ နီးစပ်ရာလူမျိုးတို့၏ အဖွဲ့အစည်းတွင် ပါဝင်ကြခြင်းကြောင့်၎င်း မိမိတို့ ကိုယ်တိုင် က ချင်းဟုမခံယူသောကြောင့်၎င်း၊ ကိုးကွယ် ယုံကြည်သည့်ဘာသာ ကွဲပြားခြား နားမှုကြောင့်၎င်း ချင်းလူဦး ရေကို တိကျစွာ ခန့်မှန်းရ မလွယ်ကူတော့ချေ၊

ယနေ့ချင်းပြည်အဖြစ်မှတ်မှတ်ရရပြောဆိုနိုင်သောဒေသများမှာ မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အနောက်ဖက် အိန္ဒိယနယ််စပ် တောင်တန်း (ဝါ) ချင်းတွင်းမြစ်အနောက်ဖက် လေရှီးမြိ့နယ်မှ တောင် ဖက်တလျှောက် ၊ စစ်ကိုင်းတိုင်း တမူးခရိုင်နှင့်ကလေးခရိုင်၊ မကွေးတိုင်းရှိဂန့်ဂေါ၊ ထီးလင်း၊ ပခုက္ကူ၊ မင်းဘူး၊ သရက်ခရိုင်များ၊ ရခိုင်ပြည်တစ်ဝှမ်းလုံး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အရှေ့ပိုင်း ရန်ဂါမတီ၊ ခြာကျရီ၊ ဘန်ဒါရ်ဘန်၊ ဆီလ်ဟက်နှင့် မိုင်မင်ဆိင်္ဂခရိုင်များ၊  အိန္ဒိယနိုင်ငံအတွင်း နာဂလဲန်၊ မဏိပူရ်၊ မီဇိုရမ်၊ အာသံ ပြည်နယ်မြောက််က စာရ် တောင်တန်းခရိုင်၊ ကစာရ်ခရိုင်၊ တြိပူရပြည်နယ် အရှေ့မြောက် ခရိုင်တို့ဖြစ်ကြပါသည်၊ (ဆက်ရန်)