ချင်းပြည်နယ် ပလက်ဝမြို့နယ် ဟလာဝအုပ်စု၊ ဟလာဝ ကျေးရွာ လက်ရှိ အုပ်ချုပ်ရေးမှူး ပူး ထွန်းဘေး (Tun Bay) သည် ဒေသထွက် ကျွန်းသစ်များကို ခုတ်ပြီး ရခိုင် သူဌေးများ ထံ ရောင်းစားနေကြောင်း ဒေသခံများပြော သည်။
ပူး ထွန်းဘေးသည် အဆိုပါ ကျွန်းသစ်များကို တနှစ်သုံးခေါက် နှုန်းဖြင့် သယ်ယူရောင်းစားနေခြင်းဖြစ်ပြီး ထိုသို့ခိုး ရောင်းနေသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံ တဦးက ပြောသည်။
"ဒေသခံတွေက မတိုင်ရဲဘူးဗျ၊ ထွန်းဘေးက အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ သူဌေးတွေနဲ့ပေါင်းဆိုတော့ ငွေများ တရား နိုင်ဆိုသလို ဘာမှ မဟရဲကြတာပါ ” ဟုပြောသည်။
ပူးထွန်းဘေးသည် ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလုံးပတ် 5”X 5၊ အရှည် ၁၈ ပေ ရှိသည့် ကျွန်းသစ် အလုံးရေ ရ၈ ကို ဟားလာဝ နှင့် တောက်ဝတွင် သိုလှောင်ပြီး ထိုမှတဆင့် ရခိုင်သစ်မှောင်ခိုများထံ ရောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ဦးထွန်းဘေးနှင့်ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း မရခဲ့ပါ။ ချင်းပြည်နယ် အတွင်း ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များတွင် ကျွန်းသစ်နှင့် သစ်မာများပေါက်ရောက်သည်။
သစ်ကုန်သည်များသည် အဆိုပါကျွန်သစ် နှင့် အဖိုးတန်သစ်မာ များကို သစ်လေသစ်လွင့်အဖြစ် ပြုလုပ်ပြီး သစ် ကုပ္မဏီ ပိုင်ရှင်များထံ ရောင်းစားနေသည်ဟု ပြောဆို မှုများလည်းရှိနေသည်။
လက်ရှိ ဒေသထွက် ကျွန်းသစ်၏ ကာလပေါက်စျေးသည် တတန်လျှင် ကျပ်ငွေ ၈ သိန်းပေါက်စျေးရှိသည်။