မြဝတီမြို့အပြင်၌ရှိသော ဖားခြောက်ကောင် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာ တော်သည် ကျောင်းအနောက်ဘက်ခြမ်းရှိ လွတ်နေသော အစိုးရပိုင်မြေကွက်များအား မိမိ၏ဆန္ဒဖြင့် ရောင်းချနေသည်ကို အာဏာပိုင်များက စုံစမ်းသိရှိသွားသောကြောင့် ယင်း ဆရာတော်အား ဖမ်းဆီးလိုက်သည်ဟု မြဝတီမြို့ခံတစ်ဦးမှ ကြားသိရသည်။
“မြေကွက်က ဘုန်းကြီးကျောင်းကပိုင်တဲ့ မြေကွက်မဟုတ်ဘူး၊ အစိုးရပိုင်တာ၊ အဲဒါကို အဲဒီဆရာတော်က ဦးသိန်းလှိုင်ဆိုတဲ့ ရဲအငြိမ်းစားအရာရှိတစ်ယောက်နဲ့ ကျောင်းဒကာကြီး တစ်ယောက် နာမည်တော့ မသိဘူး၊ သူတို့အချင်းချင်း တိုင်ပင်ပြီးတော့ လုပ်တာဖြစ်မယ်၊ ခုတော့ သုံးယောက်စလုံးက အချုပ်ထဲရောက်သွားပြီ၊ အမှုတော့ မစစ်ရသေးဘူးလို့ တော့ ကြားတာပဲ” ယင်းမြို့ခံက ပြောသည်။
“ဘုန်းကြီးကျောင်းအနောက်ဘက်မှာ အရင်တုန်းက ကားဝင်းဟောင်းရှိတယ်၊ အခုက ကား ရုံဟောင်းကို ကုန်သွယ်ရေးဇုန်ကို ပို့လိုက်တဲ့အတွက် လွတ်သွားတဲ့နေရာကို အဲဒီဆရာ တော်က ပြန်ရောင်းနေတာ၊ မြို့ပြင်မှာဆိုတော့ စျေးကပေါတယ်၊ စျေးနှုန်းကတော့ အစား စားရှိတယ်၊ ပေ ၄၀x၆၀ ကို ၆ သိန်း လောက်ပဲ ပေးရတယ်၊ ဒါပေမယ့် အချက်အချာကျတဲ့ နေရာဆိုရင်တော့ စျေးနည်းနည်းကြီး တာပေါ့၊ ကျွန်တော်တောင်ဝယ်ဖို့ စိတ်ကူးထားသေး တယ်၊ တော်သေးတာပေါ့ နို့မဟုတ်ရင် ပိုက်ဆံတွေဆုံးပြီ” ဟု ယင်းမြေကွက်ကို ၀ယ်ရန် ရည်ရွယ်ထားသူတစ်ဦးက ပြောသည်။
ဖားခြောက်ကောင် ဘုန်းကြီးကျောင်းသည် မြဝတီမြို့တွင် အသားဟင်းလျာများကို ကျောင်းဝင်းအတွင်းသို့ သယ်ဆောင်လာခြင်းကို တင်းကျပ်စွာ ပိတ်ပင်ထားပြီး ထိုကျောင်း သည် သက်သတ်လွတ် အစားအစာများကိုသာ သုံးဆောင်နေသည့် ကျောင်းတစ်ကျောင်း ဖြစ်သည်။ ဘုန်းကြီးကျောင်းအဝင်ဝတွင်လည်း DKBA မှ ကျောင်းဝင်းသို့ သွင်းလာသည့် အစားအစာများကို တာဝန်ယူပြီး စစ်ဆေးကာ အကယ်၍ အသားဟင်းလျာများကို စစ်ဆေး တွေ့ရှိခဲ့လျှင် အပြစ်ပေးခံရသည်ဟု အထက်ပါ မြေကွက်ဝယ်မည့်သူက ပြောသည်။
ဖားခြောက်ကောင် ဘုန်းကြီးကျောင်းသည် ယခင်ဤကိစ္စမဖြစ်ပွားမှီ အချိန်တွင် DKBA တို့မှ တာဝန်ယူပြီး ကျောင်းဂိတ်ဝတွင် ၂၄ နာရီ အစောင့်ချထားသော်လည်း ယခုအခါ DKBA များကို မတွေ့ရတော့ဘဲ ၎င်းတို့အစား ဘုန်းတော်ကြီးများကိုယ်တိုင် စောင့်နေရ သည်ဟု ကြားသိရသည်။