ချင်းပြည်နယ်ပလက်ဝမြို့၊ မြို့မရပ်ကွက်တွင်နေထိုင်သူ ရှော်ဖီအာမတ်(ခ)ဦးဌေးဝင်း (ဘင်္ဂလီလူမျိုး) နှင့် ၄င်း၏ မိသားစုဝင် ၄ ဦးတို့သည် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့နံနက် ၂းဝဝ နာရီခန့်ကတည်းက ၄င်း၏ နေအိမ်မှ ရုတ်တရက် ပျောက်ဆုံးခဲ့ ကြောင်း သိရသည်။
ဦးဌေးဝင်းမိသားစု အပါအဝင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အလည်အပတ်ရောက်ရှိလာသည့် နောက်မာလ်(ခ) ခင် မောင်သန်း နှင့် မဟူရာ ဂျော်နက်(ခ)ဦးမြခင် တို့လည်း ပါ၀င်ကြောင်း သိရသည်။
၄င်းတို့ပျောက်ဆုံးပြီး နေ့ခင်း ၁၂းဝဝနာရီခန့်တွင် မြို့မ ရပ်ကွက် ဆယ်အိမ်မှူး ဦးမောင်ဖြူမှ ရပ်ကွက် အုပ်ချုပ် ရေးမှူးထံ သတင်းပို့ပြီး ထိုမှ တဆင့် မြို့နယ် လဝက မှူး ဦးကျော်ဇောခိုင် နှင့် တာဝန်ရှိများမှ သွားရောက်စစ်ဆေးပြီး နေအိမ်မှ ပျောက်ဆုံးကြောင်း အတည်ပြုကြသည်။
အဆိုပါမိသားစုသည် ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း ဒုက္ခသည်စခန်းသို့ သွားရောက်နိုင်ဖွယ်ရှိသည်ဟု ဒေသခံမျက်မြင်တဦးဖြစ်သူ ဆလိုင်းကျော်အောင်က ပြောသည်။
”သူတို့ဆီမှာ လာရောက်တည်းခိုနေတဲ့ နောက်မာလ်(ခ)ခင်မောင်သန်းက သဲချောင်းဒုက္ခသည်စခန်းမှာ နေထိုင် သူဖြစ်တယ်၊ သူက ခေါ်သွားဖွယ်ရှိပါတယ်”
အိမ်ထောင်ဦးစီးဖြစ်သူ ရှော်ဖီအာမတ်(ခ) ဦးဌေးဝင်းသည် ၄င်း၏ မိသားစု ဇနီး အာဇေရာ(ခ)မဇင်းမိုးလွင်၊ သမီး အယ်ရ်ဖါနာ(ခ)မမိုးအိသစ္ဓ္ဓာ နှင့် သမီး ရီနာသ်(ခ)မဖူးပွင့်ငုံ တို့နှင့် အတူ စျေးဆိုင်တည်ပြီး အသက်မွေးဝမ်း ကျောင်းပြု နေသူဖြစ်သည်။