ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဆန္ဒဖော်ထုတ်ပွဲကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD)က ဦးစီးပြီး မေလ ၉ရက် နံနက်၉နာရီမှ ၁၁နာရီအထိ ပါတီဝင်နှင့် ပြည်သူအင်အား ၄ဝဝကျော်က အိမ်မဲမြို့ ရပ်ကွက်များကို လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည်။
"ပုဒ်မ ၄၃၆အရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချင်ရင် ရ၅ ရာခိုင်နှုန်းကျော်မှ လွှတ်တော်ထဲမှာ ပြင်လို့ရမယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်က ရ၅ရာခိုင်နှုန်းပဲရှိတယ်။ တပ်မတော်သား ကိုယ်စားလှယ်က ၂၅ရာခိုင်နှုန်းပဲ ဖြစ်နေတယ်။ တပ်မတော်သား ကိုယ်စားလှယ်က တစ်သွေးတစ်သံတစ်မိန့်ပဲ ဖြစ်တယ်။ တပ်မတော်သားကိုယ်စားလှယ်အားလုံးက ပါရင်လည်းပါမယ်။ မပါရင်လည်းမပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၁၉၇၄ခုနှစ် အခြေခံဥပဒေမှာ နိုင်ငံသား မိဘနှစ်ဦးက မွေးဖွားရင် နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်း အဲဒါနဲ့တင် လုံလောက်တယ်။ "ဟု အိမ်မဲမြို့နယ် မြို့နယ်အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးမောင်မောင်ကြီးက ပြောသည်။
ဆန္ဒထုတ်ဖော်သူများက "၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး" "ပုဒ်မ ၄၃၆ ၊ ပုဒ်မ ၅၉(ဃ)၊ (စ) ပြင်ဆင်ရေး" စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များဖြင့် အိမ်မဲကြီးရပ်ကွက် ကံလှကျောင်းမှ စတင် ထွက်ခွာပြီး မြို့ထဲသို့ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ယခုဆန္ဒဖော်ထုတ်ပွဲကို ၃/၂ဝ၁၄ဖြင့် မြို့နယ်ရဲ့တပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုခဲ့သည်။
အလားတူ ဧရာဝတီတိုင်း ငပုတောမြို့တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုပြင်ရေးအတွက် ဆန္ဒထုတ် ဖော်ရန် ခွင့်ပြုမိန့်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြလျှောက်ထားရာ မေ ၆ရက်တွင် ခွင့်မပြုကြောင်း အကြောင်းပြန်ခဲ့သည်။
၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ကို ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်း မအူပင်မြို့နယ်၌ မေလ ၁ဝရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာရောက်ဟောပြောမည်ဖြစ် သည်။