မောင်တောနယ်မှ အိန္ဒိယ ကသည်းလူမျိုး (၃၃၇) ဦးတို့ ဗုဒ္ဓဘာသာသို့ ကူးပြောင်း

မောင်တောနယ်မှ အိန္ဒိယ ကသည်းလူမျိုး (၃၃၇) ဦးတို့ ဗုဒ္ဓဘာသာသို့ ကူးပြောင်း
by -
နိရဥ္စရာ

အိန္ဒိယနိုင်ငံမှ လာရောက်ပြီး မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ရွာတည်ပြီးနေကြ သော ဘာသာမဲ့ ကသည်းလူမျိုး (၃၃၇) ဦးတို့သည် မေလ (၆) ရက်နေ့က ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြ သည်ဟု သတင်း ရရှိသည်။

၎င်းဘာသာကူးပြောင်းသော အခမ်းအနားအား ရခိုင်ပြည်နယ်၊ မောင်တောမြို့ အလိုတော်ပြည့် ကျောင်းတိုက် အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

narinjara09051401

၎င်းကသည်းလူမျိုးတို့သည် ပြည်တွင်း၊ ပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တအရိယဝံသ၏ မေတ္တာရိပ်ကို ခိုလှုံကာ ဗုဒ္ဓ၏ အဆုံးအမတော်ကို ခံယူခဲ့ကြခြင်း ဖြစ်ကြောင်း အရှင်ကုမာရခေါ် ဦးဇင်းဘီလူးက ပြောသည်။

ကသည်းလူမျိုး (၃၃၇) ဦးထဲမှ အမျိုးသား (၁၈) ဦးသည် ရဟန်းဝတ်ခဲ့ကြသည်ဟု သိရသည်။

ယင်းအခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီး ဦးလှမောင်တင်၊ အနောက်ပိုင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ကိုကိုနိုင် တိုင်းမှူး နှင့် ပြည်နယ်အစိုးအရအဖွဲ့ဝင်းများ ဌာနဆိုင်ရာ အရာရှိများနှင့်အတူ ဒေသခံပြည်သူ ၁၂၀၀ ကျော်တက်ရောက်ခဲ့ကြောင်း ဦးဇင်းက ဆက်လက် ပြောဆိုသည်။

narinjara09051402

၎င်း ကသည်းလူမျိုးများအား ဗိုလ်ချုပ်ခင်ညွှန့် ထောက်လှမ်းရေး အကြီးအကဲဘဝဖြင့် ရှိနေစဉ် ၁၉၉၅ ပတ်ဝန်းကျင်က မောင်တောမြို့နယ် မြောက်ပိုင်း ငရံ့ချောင်းတွင် နေရာချပေးထားခဲ့သည်။

နေရာချပေးထားသည့် ရည်ရွယ်ချက်ကိုမူ ယခုအချိန် သဲကွဲစွာ မသိရှိရသေးကြောင်း မောင်တော ဒေသခံများ ပြောသည်။

Most read this week