အိန္ဒိယနိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ် ၀န်ကြီးချူပ် ပူးလာလ်းထန်ဟောလာကို ချင်းပြည်နယ် ထန်တလန်မြို့နယ် အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင် တည်ရှိသော ကျေးရွာတချိူ့ကဂုဏ်ပြုကြ မည် ဟုသိရသည်။
မီဇိုရမ်ပြည်နယ်သမိုင်းတွင် ၀န်ကြီးချူပ်ရာထူးကို ၅ ကြိမ်တိုင်တိုင် တာဝန်ယူထမ်းဆောင်နိုင်သည့်လက်ရှိ ၀န်ကြီးချူပ် ပူးလာလ်းထန်ဟောလာကို ထန်တလန်မြို့နယ်မှ Salachhuah နှင့် Vuangtu ကျေးရွာများမှ ဒေသခံပြည်သူများက မေလ ၉ ရက်နေ့ နှင့် ၁၂ ရက်နေ့တို့တွင် အသီးသီးဂုဏ်ပြုကြ မည်ဖြစ်သည်။
ဂုဏ်ပြုပွဲအခမ်းအနားကို Salachhuah ကျေးရွာတွင် မေလ ၉ ရက်နေ့၌ကျင်းပပြုလုပ်မည်ဖြစ်ပြီး Vuangtu ကျေးရွာတွင် မေလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။ ယင်းဂုဏ်ပြုပွဲအခမ်းအနားတွင် ထန်တလန်မြို့နယ်မှ ကျေးရွာ ပေါင်း ၂၀ ကျော်မှ ဒေသခံများလည်း ပူးပေါင်းပါ၀င်ကြမည်ဟု မီဇိုရမ်နေ့ စဉ်ထုတ် သတင်းစာတွင်ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ၀န်ကြီးချူပ်ထံလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ယခု ကဲ့သို့ ဂုဏ်ပြုခံရမှုအပေါ် အထူးဝမ်းမြောက်ကြောင်း ဂုဏ်ပြုပွဲအခမ်းအနားကိုလည်း တက်ရောက်နိုင်ရန် ကြိုးစားမည်ဟု ပူးလာလ်းထန်ဟောလာကပြောသည်။