ချင်းပြည်နယ် တောင်ပိုင်း ဆမီးမြို့နယ်ခွဲ ပျဉ်ဝအုပ်စု အိုးဘိုဝကျေးရွာနေ ခူမီး(ချင်း) အမျိူးသမီး ၂ ဦးကို ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်ညအချိန်၌ အိုးဘိုဝကျေးရွာ ရေချိူးဆိပ်တွင် ဓါတ်မီးဖြင့်ငါးရှာနေစဉ် အလိုမတူ အဓမ္မပြုကျင့်မှုခံခဲ့ရသည်ဟု သိရသည်။
အသက် ၁၇ နှစ်အရွယ် အဌမတန်းကျောင်းသူ နှင့် တရွာတည်းနေ အမျိူးသမီး တို့သည် အိုးဘိုဝကျေးရွာ ရေချိူးဆိပ်တွင် ဓါတ်မီးဖြင့်ငါးရှာနေစဉ် ရခိုင်အမျိုးသားများဖြစ်ကြသော ဆမီီးမြို့နယ် (ခွဲ)၊ အမှတ်(၁) ရပ်ကွက်နေ အဘဦး လှသန်းမောင် ၏သား မောင်ဘိုချေနှင့် တရပ်ကွက်တည်းအတူနေ အဘ ဦးစံထွေး အောင်၏သား မောင်မင်းဌေးတို့က တားဆီးရိုက်နှက်ပြီး အလိုမတူ သားမယားပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကံယကံရှင်တို့၏ ထွက်ဆိုချက်အရ သိရသည်။
မောင်ဘိုချေ နှင့် မောင်မင်းဌေးတို့က အဆိုပါအမျိူးသမီး ၂ ဦးကို ရေချိူးဆိပ်မှ ပေ ၁၀၀ ခန့်အကွာ ချောင်းနှဘေးသို့ ပါးစပ်ပိတ်၍ တစ်နေရာစီဆွဲခေါ်ကာ ပြုကျင့်ခဲ့ကြခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
အခင်းဖြစ်ပွားချိန်တွင် အမျိူးသမီးတစ်ဦးမှ အော်ဟစ်၍ အကူအညီတောင်းခံရာမှ အိုးဘိုဝကျေးရွာမှ ရွာသားများ ဓါတ်မီးဖြင့် ဆင်းလာသည့်အချိန်တွင် အဓမ္မပြုကျင့်သူ အမျိူးသား ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မောင်ဘိုချေ နှင့် မောင်မင်းဌေးတို့ မိဘများက အဓ္ဓမပြုကျင့်ခံရသည့် အမျိူးသမီး ၂ ဦး တို့၏ မိဘများထံ ငွေကြေးဖြင့် အမှုကျေအေးပေးရန် ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသော်လည်း ကံယကံရှင် အမျိူးသမီး ၂ ဦးမှ လက်မခံဘဲ ပလက်ဝမြို့မ ရဲစခန်းသို ့ဧပြီလ(၂၆)ရက်နေ့က အမှုဖွင့်တိုင်းကြားခဲ့သည်ဟု သိရသည်။
ထို့သို့အမှုဖွင့်တိုင်ကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ သည် ဆမီးမြို ့နယ်ခွဲ သို့ ဧပြီလ ၂၇ ရက်နေ့က သွားရောက် ကာ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီး ယခုချိန်ထိ မောင်ဘိုချေ နှင့် မောင်မင်းဌေး တို့အား ဖမ်းဆီး ရမိခြင်း မရှိ သေးကြောင်း သိရသည်။