မြို့ပြအလုပ်သမားဘဝနဲ့ အမျိုးသမီး

မြို့ပြအလုပ်သမားဘဝနဲ့ အမျိုးသမီး
by -
မဇ္စျိမ

ရန်ကုုန်မြို့က စက်မှုဇုုန်တော်တော်များများမှာ ၀င်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေထဲမှာ အမျိုးသမီးအများစု ပါ၀င်ကြပါတယ်။ တစ်နိုုင်ငံလုံုးအတိုင်းအတာအရဆိုရင် စက်မှုဇုန်တွေမှာ အမျိုးသ မီး အလုပ်သမား ၉၀ ရာခိုင်နှုန်းရှိနေတယ်လိုု့ သိရပါတယ်။ အဲဒီ ၉၀ ရာခိုင်နှုန်းသော အမျိုးသမီး အလုပ် သမားတွေဟာ ကျေးလက်နေ အမျိုးသမီးတွေဖြစ်ကြတော့ အသိပညာ၊ အတတ်ပညာ အားနည်းကြတဲ့အ တွက် အလုုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်စေခိုုင်းမှုတွေကိုု ပုံစံမျိုးစုံခံစားနေကြရပါတယ်။

အလုပ်လက်မဲ့ဘဝနဲ့ ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးထက် အလုုပ်နဲ့လုပ်ခ မမျှတပေမယ့် ရသလောက်နဲ့ အလုပ်ရှင်တွေရဲ့ ခေါင်းပုံုဖြတ်စေခိုင်းမှုတွေကို အောင့်အည်းကျေနပ်နေခဲ့ကြရင်း စစ်အစိုးရကနေ အရပ်သားပုံစံ အစိုးရစနစ် ပြောင်းလာပြီးတဲ့နောက်ပိုင်းမှာတော့ စက်မှုဇုန်တွေဆီက အလုုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုပွဲ အသံတွေကို အထပ်ထပ် ကြားနေခဲ့ရပါတယ်။

“လုပ်ခလစာနဲ့ အလုုပ်ချိန်မညီမျှမှု၊ လုုပ်ခလစာနဲ့ အလုပ်တာဝန်မညီမျှမှု၊ အလုုပ်ခွင် စည်းကမ်းတွေက စံချိန်စံညွှန်းနဲ့အညီမဟုုတ်ဘဲ အလုုပ်သမားတွေအပေါ် မတရားသဖြင့် အနိုင်အထက်ပြုကာ ချမှတ်ထားမှု တွေနဲ့ အလုုပ်သမားတွေဘက်က တာဝန်ယူ အကာအကွယ် ပေးနိုုင်ဖိုု့ ခိုုင်မာတဲ့ သမဂ္ဂ အဖွဲ့အစည်းတွေကိုု ကာလအတန်ကြာ ဖွဲ့စည်းခွင့်မရရှိနိုုင်အောင် ပိတ်ပင်ထားမှု” စတာတွေကြောင့် ဆန္ဒပြတောင်းဆိုုမှု တွေ ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်ပါတယ်။

အဲဒီလိုု ဆန္ဒပြခွင့်ရှိလာကြတဲ့နောက်မှာ အလုုပ်ရှင်နဲ့ အလုုပ်သမားတွေကြားက ကာလရှည်ကြာ ငုုပ်လျှိုးနေခဲ့တဲ့ ပြဿနာတွေကလည်း ဆက်တိုုက်လိုုလိုု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလိုဆန္ဒပြမှုတွေနဲ့ တောင်းဆိုမှုတွေရဲ့  အကျိုးဆက်အနေနဲ့ အမျိုးသမီးအလုပ်သမားတွေဟာ အလုပ်ရှင်ရဲ့ အနိုုင်ကျင့်မှုပုံုစံမျိုးစုံုကို ရင် ဆိုုင်ခဲ့ကြရတယ်လို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အလုုပ်သမားအရေး ဒုတိယတာဝန် ခံဒေါ်မာမာဦးက ပြောပါတယ်။

“ကျွန်မအနေနဲ့ ၂၀၁၂ ခုုနှစ် မေလဆန်းလောက်ကတည်းက အလုုပ်သမားဆန္ဒပြပွဲတွေမှာ ၀င်ရောက် ဖြေရှင်းပေးခဲ့ပါတယ်။ များသောအားဖြင့် ရွှေပြည်သာ စက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်နဲ့ လှိုင်သာယာစက်မှု ဇုန်က အထည်ချုပ်စက်ရုံုတွေမှာ ဖြစ်ကြတာများပါတယ်။ အဲဒီစက်ရုံုတွေမှာ အလုုပ်လုုပ်ကြတဲ့ အလုုပ်သ မားတွေက အမျိုးသမီးအများစုုပါ။ ဦးဆောင်တဲ့ခေါင်းဆောင်တွေကလည်း အမျိုးသမီးတွေပါပဲ။ အဲဒီဆန္ဒ ပြပွဲကိုု ခေါင်းဆောင်တဲ့ အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းရှင်ရဲ့ ကိုုယ်ထိလက်ရောက် အနိုုင်ကျင့်တာတွေ၊ စိတ်ပိုုင်းဆိုင်ရာ အနိုုင်ကျင့်တာတွေကိုု နည်းမျိုးစုံနဲ့ ခံခဲ့ရတယ်။ မတတ်သာလိုု့ အလုုပ်သမားသမဂ္ဂဖွဲ့ စည်းခွင့်ပေးလိုက်ပြီး အလုုပ်ရှင်ဘက်က အလုုပ်သမားသမဂ္ဂခေါင်းဆောင်လုပ်တဲ့သူကိုု အကြောင်းမရှိ အကြောင်းရှာပြီး အလုုပ်ထုုတ်ခံရတယ်။ ဒါကို သက်ဆိုုင်ရာဝန်ကြီးဌာနတွေက အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးတာ တစ်ခုမှ မရှိဘူး” လိုု့ ဆိုုပါတယ်။

ရန်ကုုန်တိုုင်းဒေသကြီး ဒဂုံုဆိပ်ကမ်းစက်မှုဇုန် အာရှနဂါးအထည်ချုပ်စက်ရုံုက အလုပ်သမားသမဂ္ဂအ တွင်းရေးမှူး ဒေါ်ကေသွယ်မိုုးက စက်မှုဇုံက အမျိုးသမီးအလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ အခက်အခဲ တွေကိုု ရှင်းပြရာ “ကျွန်မတို့စက်ရုံုမှာ အလုုပ်သမား ၁,၆၀၀ ရှိပါတယ်။ ကျွန်မရဲ့လုပ်ခက တစ်လကိုု အိုု တီကြေးပါရင် ကိုးသောင်းလောက်ရပါတယ်။ အိုတီမရှိတဲ့ လမျိုးဆိုုရင် ခုနှစ်သောင်းလောက်ပဲ ရပါတယ်။တစ်ရက်ပျက်ရင် ငါးထောင်ဖြတ်ခံရတယ်။ ရက်မှန်ကြေးပေးတာကလည်း တစ်ရက်ပျက်လိုက်တာနဲ့ မရ တော့ဘူး။ ကျွန်မတိုု့စက်မှုဇုန်ဘက်မှာဆိုု Real Ster (အထည်ချုပ်စက်ရုံ)က အလုပ်သမတွေက တော် တော် အခြေအနေဆိုးပါတယ်။ ညီမလည်း အဲဒီမှာ အလုပ်လုုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာက ဆီးသွားချင်ရင် လက်မှတ်ထိုးပြီး သွားရတယ်။ အချိန်ဘယ်လောက်ကြာလဲဆိုုတာ လုံုခြံုရေးကို စောင့်ကြည့် မှတ်ခိုုင်း ထားပြီး အရေးယူတယ်”လို့ ပြောပြပါတယ်။

စက်မှုဇုန်ရှိ အမျိုးသမီးစက်ရုံုအလုုပ်သမားတွေအနေနဲ့ လက်ရှိမှာ အိမ်သာပြဿနာကို အဓိက ရင်ဆိုုင်နေရတယ်လိုု့ ဆိုကြပါတယ်။ အိမ်သာသွားရောက်လိုုပါက ကတ်ဖြင့်သွားရောက်ရပြီး လူဦးရေနဲ့ အိမ်သာအ ရည်အတွက် မမျှတတာမျိုးတွေ ကြံုတွေ့နေရတယ်လိုု့ သိရပါတယ်။ ဒါအပြင် ကျန်းမာရေးပိုုင်းအတွက် ဆေးပေးခန်း၊ နားနေခန်းတွေမပြည့်စုံုမှု၊ မီးဖွားခွင့်ဆိုုင်ရာ အခွင့်အရေးမရရှိမှုတွေနဲ့ အချို့တက္ကသိုုလ်ကျောင်းသူ အလုုပ်သမားလေးတွေအတွက် စာပေးစာယူစာမေးပွဲဖြေဆိုုဖို့ ခွင့်မပေးမှုတွေကိုု ကြံုတွေ့နေ ရတယ်လို့ သိရပါတယ်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ပြဋ္ဌာန်းချက်က ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ပေးခြင်းဆိုုင် ရာသဘောတူစာချုပ် (ပြဋ္ဌာန်းချက် ၁၈၃) အပိုုဒ် ၄ အရ ရက်သတ္တပတ် ၁၄ ပတ်ထက်မနည်းသော မီးဖွား ခွင့် ရရှိခံစားခွင့်၊ အပိုုဒ် ၆ အရ အလုုပ်မှခွင့်ယူသော အမျိုးသမီးများအား နိုုင်ငံ၏ဥပဒေအတိုုင်း ငွေကြေး ထောက်ပံ့မှု ပေးရမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာအမျိုးသမီးအလုပ်သမားတွေအနေနဲ့ မီးဖွားခွင့်ဆိုုင်ရာ ခံစားခွင့်တွေမရရှိကြသေးဘူးလိုု့ မြန်မာနိုုင်ငံအလုုပ်သမားသမဂ္ဂရဲ့ ဥပဒေအတိုုင်ပင်ခံ တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းကဆိုုပါ တယ်။

“မြန်မာနိုုင်ငံမှာ အလုုပ်ရုံုနဲ့ အလုုပ်သမားဥပဒေဆိုုတာ ရှိပါတယ်။ အဲဒီဥပဒေမှာ အမျိုးသမီးအလုပ်သမား တစ်ယောက် ကုုိယ်ဝန်ရှိလာရင် တရားဝင် ခွင့်ပေးတယ်။ လစာလည်းပေးရပါတယ်။ အဲဒီ ကိုုယ်ဝန်အ တွက် အလုုပ်ရှင်က တာဝန်ယူပေးရတယ်။ မီးဖွားပြီး အလုုပ်ပြန်ဝင်မယ်ဆိုုရင် အလုုပ်ပြန်ပေးရသလို သူ နဲ့ပါလာတဲ့ ရင်ဝယ်ပိုုက်ကလေးအတွက် သန့်ရှင်းတဲ့အခန်း၊ ကလေးထိန်း၊ နိုု့မှုန့်ကအစ ထားပေးရပါ တယ်။ ဒါက ရှိပြီးသားဥပဒေပါ။ ဒါပေမယ့် လက်ရှိမြန်မာနိုုင်ငံအခြေအနေမှာတော့ ကိုုယ်ဝန်ရှိလာရင် အ လုုပ်ပြုတ်သွားတာ များပါတယ်။ နောက်ပြီးအမျိုးသမီးတွေအတွက် သတ္တုတွင်းဥပဒေနဲ့ အလုပ်ရုံုနဲ့ အလုုပ်သမားဥပဒေမှာ အိမ်သာဘယ်လောက် ထားပေးရမယ်ဆိုုတဲ့ ဥပဒေလည်းရှိပါတယ်။ အခုုအခြေအနေက တော့အလုုပ်သမားတွေအနေနဲ့ ရှိပြီးသားဥပဒေကိုုပဲ ပြန်တောင်းနေရတာပါ။ အလုပ်ရှင်တွေအနေနဲ့ ဥပဒေကိုု လိုုက်နာမယ်ဆိုုရင် အမျိုးသမီးအလုုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရလာမှာပါ”လိုု့ ဆိုပါတယ်။

လှိုင်သာယာစက်မှုဇုန် တိုုင်ရီဖိနပ်စက်ရုံမှ ဒေါ်စန်းစန်းနွယ်ကလည်း သူမတိုု့စက်ရုံုအလုပ်ခွင်မှာ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေကိုုပြောပြရာ “ကျွန်မ အခုုစက်ရုံမှာ အလုုပ်လုုပ်တာ ၁၂ နှစ်ရှိပါပြီ။ အခုု ကြီးကြပ် ရေးမှူးပါ။ လက်ရှိလစာက အိုတီပါမှ တစ်သိန်းကျော်ကျော်လေး ရပါတယ်။ လက်ရှိရင်ဆိုုင်နေရတဲ့ ပြဿနာ က သမိုုင်းအစဉ်အလာအရပဲ ပြောမလား။ အလုုပ်ရှင်နဲ့ အလုပ်သမားကြား ပဋိပက္ခတွေပါပဲ။ ကိုုယ်လိုုချင် တဲ့အရာက မရတာ များပါတယ်။ ကိုုယ်ရဲ့ရပိုင်ခွင့် အခွင့်အရေးရဖို့ဆိုုရင်လည်း မနည်းကိုု ကြိုးစားပြီး ရ ယူနေရတယ်။ ရှောရှောရှုရှုပေးတယ်ဆိုုတာ မရှိဘူး”လို့ ဆိုုပါတယ်။

အထူးသဖြင့် လှိုင်သာယာစက်မှုဇုန်ဘက်မှ စက်ရုံုအလုုပ်သမတွေအနေနဲ့ ကာယိန္ဒြေနှောင့်ယှက်မှုတွေ ကိုု ကိုုယ်ထိလက်ရောက်ကော၊ နှုတ်အားဖြင့်ပါ ကြံုတွေ့နေရတယ်လိုု့ ဒေါ်စန်းစန်းနွယ်က ဆက်လက် ပြောပြပါတယ်။

အလုုပ်သမား အမျိုးသမီးတွေအတွက် မြန်မာနိုုင်ငံမှာ ကာကွယ်ပေးမယ့် သီးသန့်ဥပဒေ မရှိပေမယ့် အမျိုးသမီးများ ကာယိန္ဒြေထိပါးနှောင့်ယှက်မှုဆိုုင်ရာ ဥပဒေ ၃၅၄ ရှိတယ်လိုု့ သိရပါတယ်။ ဒါပေမယ့် သက် ဆိုုင်ရာတရားရုံးမှာ ဦးတိုက်လျှောက်ထားရတာဖြစ်တဲ့အတွက် ငွေကြေး၊ အချိန်ခက်ခဲမှုတွေ ရှိနေကြတဲ့ အတွက် အမျိုးသမီးအလုုပ်သမားတွေအနေနဲ့ ထိထိရောက်ရောက် တိုုင်တန်းမှုတွေကိုု မပြုလုုပ်နိုင်ကြဘူး လိုု့ ဦးအောင်သူရိန်ထွန်းက ရှင်းပြပါတယ်။

အဲဒီလိုု အခက်အခဲပေါင်းများစွာနဲ့ လုုပ်ခလစာ အနည်းငယ်ပေါ်မှာ ရပ်တည်နေကြတဲ့ အမျိုးသမီး အလုပ်သမားတွေအနေနဲ့ သူတိုု့ကိုုမှီခိုုနေတဲ့ မိသားစုုကို ထောက်ပံ့နိုင်ဖို့အတွက် ဘဝကိုု အရင်းအနှီးလုုပ်ပြီး စီးပွားရှာကြတဲ့အထိ ဘဝကို အဆုံးခံကြရတယ်လိုု့ စက်မှုဇုန်အလုပ်သမားအသိုင်းအဝိုင်းက သိရပါတယ်။ တချို့ဆိုရင်လည်း တိုုင်းတပါးထွက်ကာ စီးပွားရှာကြပြီး ရရာအလုုပ်လုပ်ကာ ဘဝကိုု ရုန်းကန်နေကြရပါ တယ်။

အခုအခါမှာ အလုုပ်သမား၊ အလုပ်အကိုုင်နဲ့ လူမှုဖူလုံရေးဌာနက ဦးဆောင်ပြီး အနိမ့်ဆုံးလစာကိုု စတင် သတ်မှတ်ပေးဖိုု့ အစီအစဉ်တွေရေးဆွဲကာ လွှတ်တော်ကိုု တင်သွင်ထားတယ်လိုု့ သိရပါတယ်။ အဲဒီအစီ အစဉ်အရ အလုုပ်သမားတွေရဲ့ အခြေခံလစာတွေ တိုးလာမယ်၊ အလုုပ်ရှင်တွေဘက်ကလည်း အလုပ်သမားတွေအရေးကိုု ရှေ့ရှုပြီး ရှိပြီးသားဥပဒေတွေကိုု လိုုက်နာကျင့်သုံးကြမယ်ဆိုရင် အလုပ်သမားတွေ ရဲ့လူမှုဘဝတွေ ဖူလုံလာနိုင်မှာ ဖြစ်ပါတယ်။