၂၀၁၀ ရွှေးကောက်ပွဲအတွက် စစ်တပ်လိုလားသူများဖြင့် ရယကများကို ပြန်လည်ဖွဲ့စည်းမည်

၂၀၁၀ ရွှေးကောက်ပွဲအတွက် စစ်တပ်လိုလားသူများဖြင့် ရယကများကို ပြန်လည်ဖွဲ့စည်းမည်
by -
မင်းအောင်
၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် ရခိုင််ပြည်နယ် အတွင်းရှိ ကျေးရွာ ရပ်ကွက် ရယက အဖွဲ့ဝင်များကို စစ်တပ်လိုလားသူများဖြင့် အစာထိုး ပြင်ဆင်ဖွဲ့စည်းတော့မည် ဖြစ်သည်။
  ...

(နိရဥ္စရာ) ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် ရခိုင််ပြည်နယ် အတွင်းရှိ ကျေးရွာ ရပ်ကွက် ရယက အဖွဲ့ဝင်များကို စစ်တပ်လိုလားသူများဖြင့် အစာထိုး ပြင်ဆင်ဖွဲ့စည်းတော့မည် ဖြစ်သည်။

သို့အတွက် ကျေးရွာ ရပ်ကွက် တခုချင်းစီ အလိုက် တာဝန်ယူမည့် ရယက အဖွဲ့ဝင် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ဧပြီလ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီး ဒေသကွပ်ကဲမူ ဌာနချုပ်သို့ ပေးပို့ရန် ညွန်ကြားချက် ထုတ်ထားသည်ဟု အမည်မဖေါ်လိုသူ ခရိုင် အဆင့် ၀န်ထမ်း တဦးက ပြောသည်။

သူက “တခြားပြည်နယ်တွေရဲ့ အခြေအနေကိုတော့ မသိဘူး။ ရခိုင်ပြည်နယ်အတွင်းက ကျေးရွာ ရယကတွေကိုတော့ များမကြာခင်မှာ ပြန်လည် အစားထိုးဖွဲ့စည်းသွားတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအသစ် ဖြစ်လာမယ့် ရယက အဖွဲ့ဝင်တွေဟာ အရင်ကလို မဟုတ်ဘဲ အနည်းဆုံး သတ်မှတ်ထားတဲ့ အရည်အချင်း (၅) ချက်နဲ့ ပြည့်မှီဖို့လိုပါတယ်။ ဒါမှ ရယက အဖွဲ့ဝင်ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရမှ အသစ်ဖြစ်လာမည့် ရယက အဖွဲ့ဝင်များ အတွက် သတ်မှတ်ထားသော အရည်အချင်း (၅) ရပ်မှာ -- လူအများက လေးစား ရိုသေသူ ဖြစ်ရမည်။ တပ်မတော်ကို လိုလား ထောက်ခံသူ ဖြစ်ရမည်။ အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။ အလယ်တန်း ပညာထိ သင်ကြားဖူးသူ ဖြစ်ရမည်နှင့်် ယခင်ရယကဟောင်း မဖြစ်စေရတို့ ဖြစ်သည်။

“အဓိကတော့ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် ကြိုပြင်တဲ့ အနေနဲ့ ရယကတွေကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းဖို့ သက်ဆိုင်ရာက စီစဉ်တာပါ။ တပ်မတော်အပေါ် လိုလားသူ ထောက်ခံသူတွေကို ဦးစားပေးပြီး ရွှေးချယ်သွားဖို့ မြို့နယ် အဆင့် တာဝန်ရှိသူတွေကို အထက်က ညွှန်ကြားထားပါတယ်” ဟုသူက ပြောသည်။

တချို့ မြို့နယ်များတွင် မယကအရာရှိများနှင့် ကြံ့ဖွတ် အဖွဲ့ဝင်များက ကျေးရွာ အလိုက် ကွင်းဆင်းပြီး ရယက အဖွဲ့ဝင်ဖြစ်မည့်သူများ စာရင်းကို လိုက်လံ ကောက်ယူနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်သည် နအဖ စစ်အစိုးရအား ဆန့်ကျင်ရာတွင် အဓိက နေရာတွင် ရှိသော ပြည်နယ် တခုဖြစ်သဖြင့် နအဖ စစ်အစိုးရ အနေဖြင့် လာမည့် ရွှေးကောက်ပွဲတွင် အရှံုးမရှိ နိုင်ပွဲနှင့် တွေ့နိုင်ရန်အတွက် ယခုအချိန်မှ စတင်ပြီး နည်းလမ်းအမျိုးအမျိုးဖြင့် ပြင်ဆင်မူများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

Most read this week