ရခိုင်တပ်မတော်တွင် ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်များကို လက်ခံမည်

ရခိုင်တပ်မတော်တွင် ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်များကို လက်ခံမည်
by -
မဇ္စျိမ

ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပေါ်နေခြင်းသည် အစ္စလမ်ဘာသာဝင်များအပေါ် ရခိုင်တိုင်းရင်းသား တို့က နှိပ်ကွက်ခြင့်ကြောင့် မဟုတ်ကြောင်း ကမ္ဘာကို သက်သေပြရန် ရက္ခိုင့်တပ်မတော်(Arakan Army)တွင် အစ္စလမ်ဘာသာဝင် ကမန်လူမျိုးဝင်ရောက်ခြင်းကို လက်ခံသွားမည်ဟု ဒုတိယဗိုလ်မှုးကြီး ကျော်ဟန်က ရခိုင်အမျိုးသား ညီလာခံတွင် ပြောကြားလိုက် သည်။

"ကမ္ဘာသိအောင် အစ္စလမ်ဘာသာဝင်တွေကို ရက္ခိုင့်တပ်မတော်မှာ လက်ခံသွားပါမယ်။ ကန်မန်လူမျိုးတွေကို လက်ခံပါတယ်။ လွပ်လက်စွာ ကိုးကွယ်ခွင့်ပေးထားပါတယ်” ဟု ဗိုလ်မှုးကြီး ကျော်ဟန်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်ပဋိပက္ခများက အစ္စလမ်ဘာသာကြောင့် မဟုက်သကဲ့သို့ လူမျိုးရေးကြောင့်လည်း မဟုက်ဟု သုံးရက်မြောက်  ပြုလုပ် သော ညီလာခံတွင် ခေါင်ဆောင်ဆွေးနွေးသူများက ပြောကြသည်။ ရခိုင်ပြည်နယ် အတွင်း ကမန်လူမျိုးများသည် အစ္စလမ်ဘာသာ ကိုးကွယ်လာသည်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိပြီး ယင်းကြောင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ဆွေးနွေးကြသည်။

ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားများနှင့် ကမန်လူမျိုးများ အတူပူးပေါင်းဆောင်ရွက်ရမည့် အချိန်ဖြစ်သည်ဟု ဆွေးနွေးပွဲက တိုက်တွန်းသည်။

ရခိုင်အဖွဲ့အစည်းများနှင့် ရန်ကုန်ရောက် ကမန်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်အပါ အဝင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ကမန်လူမျိုး လူဦးရေ လေးသောင်းအောက်သာရှိသည်ဟု ယင်းအရေး ဦးဆောင်ဆွေးနွေးသူ ဒေါ်ခင်စောဌေး က ပြောသည်။

“ကမန်းလူမျိုးဆိုပြီး ဥပဒေအရ ၀င်ရောက်ဖို့ကြိုးစားလာကြပါတယ်။ ကမန်နဲ့ပူပေါင်ပြီးဆောင်ရွက်ရမယ်” ဟု ဒေါ်ခင်စောဌေး ကပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ကစပြီး ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လက်ရှိအချိန်တွင်ဒုက္ခသည်တစ် သိန်းကျော်ရှိပြီး ဘင်္ဂါလီလူဦးရေ ရှစ်သောင်းကျော် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။

Most read this week