သျှမ်းပြည် အတွင်း ခန့်ထားရန် နေ့စား လပေး မူ-ပြဆရာ/ ဆရာမ လျှောက်လွှာ များခေါ်ယူ

သျှမ်းပြည် အတွင်း ခန့်ထားရန် နေ့စား လပေး မူ-ပြဆရာ/ ဆရာမ လျှောက်လွှာ များခေါ်ယူ
by -
သျှမ်းသံတော်ဆင့်

၂၀၁၄-၂၀၁၅ ပညာသင် နှစ်အတွက်  သတ်မှတ်ချက်နှင့် ကိုက်ညီသော သူများ မူလတန်းပြ ဆရာ/ ဆရာမ တာဝန် ထမ်းဆောင်ရန် လျှောက်ထား နိုင်ကြောင်း သျှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ကြော်ငြာစာ အရ သိရသည်။

လျှောက်ထားသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး Ph.D ဘွဲ့ရသူများ (အသက် ၄၀ အောက်)၊ MA/ M.Sc ဘွဲ့ရသူများ( အသက် ၃၅ နှစ်အောက်) B.A/ B.Sc ဘွဲ့ရသူများ (အသက် ၃၀ အောက်) တက္ကသိုလ် ၀င်တန်းအောင်မြင်သူများနှင့် နဝမတန်းအောင်မြင်သူများ (အသက်၂၅ နှစ်အောက်) ဖြစ်ရမည်ဟု သိရသည်။

teacher

မူလတန်းပြဆရာမ/ဆရာမ အဖြစ်ရွေးချယ်ခံရသူများသည် ဆရာအတတ်သင် သင်တန်းဆင်းလက်မှတ် ရရှိပြီး ပါက မူလတန်းဆရာ/ ဆရာမအဖြစ် အတည်ပြုခန့်အပ်မည်ဖြစ်ကြောင်း၊ သျှမ်းပြည်နယ်အတွင်း ဒေသမရွေး တာဝန်ထမ်း ဆောင်နိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

လျှောက်ထားလိုသူများ သက်ဆိုင်ရာမြို့နယ်ပညာရေးမှုးရုံးများတွင် လျှောက်လွှာများကို ၂၂/၄/၂၀၁၄ ရက်မှ စ၍အခမဲ့ထုတ် ယူနိုင်ပြီး လိုအပ်သောအထောက်အထားများနှင့်အတူ ၂/၅/၂၀၁၄ ရက်နေ့တွင် နောက်ဆုံးထား ၍ မိမိတို့ဖြေဆိုလိုသော မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ပြန်လည်ပေးပို့လျှောက် ထားရမည်ဖြစ်သည်။

၆/၅/၂၀၁၄ ရက်နေ့တွင် သျှမ်းပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ကျင်းပမည့်အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေ ဗဟုသုတဆိုင်ရာ တစ်နာရီမေးခွန်းများကို သက်ဆိုင်ရာမြို့နယ်များတွင် ဖြေဆိုရမည်ဖြစ်သည်။

၁၀/၅/၂၀၁၄ ရက်နေ့တွင် ရေးဖြေအောင်စာရင်းထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ၁၅/၅/၂၀၁၄ ရက်နေ့တွင် မိမိတို့ ဖြေဆိုထားသောမြို့နယ်ပညာရေးမှူးရုံးတွင်လူတွေ့စစ်ဆေးသွားမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို ပြည်နယ်ညွန်ကြားရေးမှုးရုံး(တောင်ကြီးဒေသ၊ လားရှိုးဒေသ၊ ကျိုင်းတုံဒေသ) ခရိုင်/မြို့နယ် ပညာရေးမှုးရုံးများတွင်စုံစမ်းနိုင်ကြောင်းသိရှိရသည်။

Most read this week