KIA နှင့် အစိုးရ တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကူများ ဖြည့်တင်းနေဆဲ

KIA နှင့် အစိုးရ တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကူများ ဖြည့်တင်းနေဆဲ
by -
ရွှေဟင်္သာ

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) နှင့် တပ်ရင်း (၂၇) တို့တွင်  ဧပြီလ ၁၉ ရက်နေ့လည် (၂)နာရီ ခွဲအထိ တိုက်ပွဲ များ ငြိမ်သက် နေပြီး အစိုးရ စစ်ကူ များ အင်အား ဖြည့်တင်း နေဆဲဟု တပ်မ ဟာ (၄) မှူး ဗိုလ်မှူးကြီး ဇောင်လီက ဆိုပါသည်။

“ ကျနော်တို့ တပ်မဟာ (၄) ဖက်မှာ တော့ တိုက်ပွဲတွေ ငြိမ်နေ ပေမဲ့ စစ်ကြောင်း တွေ ကတော့ အပြည့် ပါဘဲ။ သ ဘော ကတော့ ကျ နော် တို့ တပ်မဟာ (၃) ဖက် ကို စစ်ကူ မပေးနိုင်အောင် ဟန့်ထားတာဘဲ ဖြစ်မယ်။ တပ်မဟာ (၃) ဖက် မှာလည်း တိုက်ပွဲတွေ ငြိမ်နေဆဲပါ။ ဒါပေမဲ့ စစ်ကူတွေ ကတော့ ၀င်လာနေ ဆဲပါဘဲ။ ကြည့်ရတာ ဆက်တိုက် ဖို့ လား စခန်းချ ဖို့လား ဆိုတာတော့ စောင့် ကြည့်ဦးမယ်” ဟု ဆိုပါသည်။

kia 2104

အစိုးရ တပ်များ သည် ၄င်းတို့ သိမ်းဆည်း ထားသော တပ်ရင်း (၂၇) စခန်းများ နှင့် တပ်ရင်း (၁) စခန်းများ တွင် စခန်း ချနေသည် ဟု ဆိုပါသည်။ ဧပြီ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် လည်း  ၄င်းတို့ သိမ်းပိုက် ထားသည့် မိုး မောက်မြို့ နယ် မိုင်ဆပ်ကောင် စခန်း မှ ၀န်ဒွန်း တောင်ကျရီ နှင့် ဒကော့ စိန်လုံ တောင် တို့အား တောမီးရှို့ခဲ့ကြောင်းသိရသည်။

ပစ်ကွင်း (သို့မဟုတ်) စခန်းတိုးချဲ့ ချထား ရန် မီးရှို့ခဲ့ဖွယ်ဖြစ်သည်ဟု သုံးသပ်ပြေဆိုသည်။ ထို့ပြင် ကျရိဘွမ် ဒေသဖက် တွင် တာဝန်ယူ လှုပ်ရှား နေ သော တပ်မ (၉၉) စစ်ကြောင်း များသည် ဧပြီ၁၈ ရက်နေ့ နေ့လည် (၁၂) နာရီ ခန့်တွင် ဗန်းမော်မြို့ ဖက်သို့ ဆုတ်ခွာ သွားခဲ့ သည်ဟု မျက်မြင် များက ဆိုပါသည်။

ယင်း အစား အင်အား (၂၀၀) ခန့်ရှိသည့် အမည် မသိရ သေးသည့် တပ်များက ကျရိဘွမ် ဒေသဖက်သို့ ၀င်ရောက် သွားကြောင်း တပ်ရင်း(၁) တပ်မှူးများက ဆိုပါ သည်။ ဗန်းမော် မြို့သို့ ဆုတ်ခွာ သွားသော အင်အား (၁၂၀) ခန့်တွင် တဝက်ကျော်သည် သေနတ် (၂)လက်စီ ထမ်းသွား သည်ကို တွေ့ရ ကြောင်း မြို့ခံ မျက်မြင် များက ဆိုပါသည်။

ဤသို့ကြောင့် တပ်မ (၉၉) စစ်ကြောင်း များ နှင့် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက် ခံတပ် များသည် တပ်ရင်း (၁) တပ်ဖွဲ့များ နှင့် ဧပြီလ (၁၇) ရက်နေ့ ၌ ဖြစ်ပွားသော ပြင်းထန်သော တိုက်ပွဲတွင် ထိခိုက်မှု များ စွာရှိသည်ဟု ဆိုသော်လည်း အတည်ပြုချက်မရသေးပါ။

ထို့အပြင် အင်အား (၂၀၀) ခန့်ရှိသည့် အစိုးရ စစ်ကား (၁၆) စီးသည်၊ ဗန်းမော် မြို့မှ တဆင့် မိုးမောက် မြောက်ဖက်ရှိ ခဝမ်ဘမ် ကျေးရွာ ဖက်သို့ ဧပြီလ (၁၈) ရက်နေ့ ညနေ ပိုင်း (၄) နာရီတွင် ရောက်ရှိလာ ပြီး အင်အား ဖြည့်ထားခဲ့သည် ဟု KIA စစ်ထောက် လှမ်းရေး တပ်ဖွဲ့များက ဆိုပါသည်။

တပ်ရင်း (၂၇) ဧရိယာ အင်ဘာပါ ဒေသမှ  အစိုးရ တပ်များသည် လည်း စစ်ကူများအား စောင့် နေကြဖွယ် ရှိသည့် အ တွက် နေရာယူ စခန်းချနေ သည်ဟု ဆိုပါ သည်။ ဤနေရာသို့ စစ်ကူပို့ရန် ရှိသော်လည်း ရောက်ရှိလာခြင်း မတွေ့ရ သေးဟု KIA ရှေ့တန်း တပ်မှူး များက ဆိုပါသည်။

တပ်ရင်း (၂၇) အား အင်အား (၂၀၀၀)ခန့်နှင့် စစ်ဆင်နိုင်ဖွယ် ရှိပြီး၊ ထိုထဲတွင် (၁၇၀) ထက်မနဲ ထိခိုက် ကျဆုံး ဒါဏ် ရာရဖွယ် ရှိခဲ့ ကြောင်း၊ စခန်းတခု ၏ ပဒေ သာ မိုင်းကွင်း တခုတွင် အကျအဆုံး အလွန်များ ခဲ့ကြောင်း  ခန့်မှန်း ထားပါ သည်။

အစိုးရ တပ်များသည် KIA တပ်မဟာ (၃)ကို တပတ်ကြာ စစ်ဆင် ရာတွင် မကွေး အခြေချ တပ်မ (၈၈)၊ မိတ္ထီလာ အ ခြေချ တပ်မ (၉၉)၊ စစ်ကိုင်း အခြေချ တပ်မ (၃၃)၊ ရန်ကုန်တိုင်း ရဲမွန် အခြေချ တပ်မ (၁၁)၊ ရှမ်းပြည် အနောက်ပိုင်း သိန္နီမြို့ အခြေချ အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ ဗန်းမော် အခြေချ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ မြောက်ပိုင်းတိုင်း လက်အောက်ခံ တပ်များ နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်  လက်အောက်ခံ ဒေသခံ တပ်များမှ ထုတ်နှုတ် ခဲ့သော တပ်ပေါင်း စစ်ကြောင်းများ ဖြင့် စုဖွဲ့ပြီး စုစုပေါင်း အင်အား (၃၀၀၀) ကျော်ဖြင့် စစ်ဆင် နေ ခဲ့သည်ဟု KIA ထောက် လှမ်း ရေး တပ်ဖွဲ့များက ဆိုပါသည်။

စစ်ကူများ ကိုလည်း ဤတပ်ဖွဲ့ များထံမှ အဆင်သင့် ထုတ်နှုတ် ခိုင်းထားသော တပ်ပေါင်းဖြင့် အစီစဉ် အမျိုးမျိုး ပြောင်း လဲပြီး အခြေအနေ အပေါ် ပေးပို ့နြေ ခင်း ဖြစ်ကြောင်း ဤသို့ကြောင့် မည်သည့်နေရာကို မည်သည့်တပ်၊ စစ် ကြောင်း များဖြင့် ၀င်ရောက် တိုက်ခိုက် နေသည်ကို လေ့လာရ ခက်သည်ဟု KIA ဖက်မှ ဆိုပါသည်။

အစိုးရ တပ်များ၏ ထိခိုက်မှု များသည် KIA တပ်ဖွဲ့များ ၏  ခံစစ်တိုက် ခိုက်ရေး ထက် ကွန်မန်ဒို တိုက်ခိုက်မှု နှင့် မိုင်း စစ်ဆင် ရေး ကြောင့် ပိုမိုထိခိုက်ဖွယ် ရှိေ ကြာင်း ဆိုပါသည်။

အစိုးရတပ်များ ၏ စစ်ဆင်ရေး ရည်မှန်း ချက် အမှန်ကို မသိရသေးဟု KIA ဖက်မှဆိုပါသည်။ အစိုးရ ဖက်ကမူ သစ် မှောင်ခိုပြသနာ၊ လူဦးရေ စစ်တမ်း ကောက်ခံမှု လုံခြုံရေး နှင့် KIA ၏ မိုင်းခွဲ တိုက်ခိုက်မှု ကြောင့် ဟု အမျိုးမျိုး ပြော ဆိုနေပါသည်။ သို့သော် အစိုးရ တပ်များသည် အင်ဘာပါ ဒေသကို သိမ်းပြီး တရုတ်ပြည်နှင့် နယ်စပ်ကုန်သွယ်ရေး ဖွင့်ရန် ဖြစ်သည်ဟု KIA ဖက်မှ ခန့်မှန်းထား ပါသည်။

ဤသို့ကြောင့်  အစိုးရ တပ်မ (၉၉) သည် ဒေသခံ စကခ (၂၁) တပ်များ နှင့် အခြးတပ်ပေါင်း စစ်ကူများ နှင့် အတူ KIA တပ်မဟာ (၃) ၏ မဒါဘွမ် စခန်းငယ် အား သိမ်းပိုက်လိုက်ခြင်းဖြင့် ဗန်းမော် - မိုးမောက် မှ နယ်စပ် လမ်းကြောင်း ကို ထိမ်းချုပ် ခဲ့သလို၊ တပ်မ (၈၈) သည် ဒေသခံ စကခ (၁၆) တပ်ဖွဲ့များ နှင့်အတူ တပ်မဟာ (၃) နယ်မြေ ရှိ ဘန်ခမ် ဂိတ် အပါ၀င် စခန်း ငယ်နှစ်ခုကို သိမ်း ပိုက်လိုက် ခြင်းဖြင့် မန်ဝိန်း ကြီး နှင့် နမ့်တောင်း လမ်းကြောင်း အား ထိမ်းချုပ် ခဲ့ပါသည်။

ဤသို့ သော စစ်ဆင်ရေး လမ်းကြောင်း နှစ်ခုဖြင့် တိုက်ခိုက် လာသဖြင့် အစိုးရ တပ်များသည် အင်ဘာပါ ဒေသကို သိမ်းပိုက်ရန် ကြံရွယ်ခြင်းသာ ဖြစ်သည်ဟု KIA ဖက်မှ ယူဆခြင်း ဖြစ်ပါသည်။

ဤတိုက်ပွဲများ ကြောင့် မန်ဝင်းကြီး ပတ်ဝန်းကျင် ဒေသမှ ကျေးရွာ (၁၂) ရွာအပါ၀င် မိုးမောက် မြို့နယ် မှ ကျေးရွာ (၃) ရွာနှင့် လဂတ်ယန် စစ်ရှောင် စခန်းများမှ စုစုပေါင်း စစ်ပြေး ဒုက္ခသည် တသောင်းနီးပါး  ဘေးလွတ်ရာသို့ ထွက်ပြေး ခဲ့ ရ ကြောင်း ထိုထဲ တွင်မန်ဝင်းကြီး ဖက်သို့ အင်အား တထောင် ကျော် ထွက်ပြေး သည့် အထဲတွင် နေထိုင်ရေးနှင့် ရေ အခက် အခဲကြောင့် ၀မ်းလျှော ၀မ်းပျက် ရောဂါ ရနေကြ သည် ဟု ကယ်ဆယ် ရေး သမား များက ဆိုပါသည်။
စစ်ပြေးဒုက္ခ သည်များသည် တရုတ်ပြည် နယ်စပ် နမ်တောင်း ဖက်သို့ လည်းကောင်း၊ မန်ဝင်းကြီး ဖက်သို့လည်း ကော င်း၊ ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ဖက်သို့ လည်းကောင်း ထွက်ပြေး ခဲ့ကြခြင်း ဖြစ်ပါသည်။