ရခိုင်ပြည်နယ်တွင် ချင်းနိုင်ငံရေးပါတီကော်မီတီဖွဲ့စည်း

ရခိုင်ပြည်နယ်တွင် ချင်းနိုင်ငံရေးပါတီကော်မီတီဖွဲ့စည်း
by -
ခိုနူမ်းထုန်

ရခိုင်ပြည်နယ်အတွင်း ချင်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသ (၄) ခုတွင် ယခင် ချင်းအမျိုးသားပါတီ ခေါ် ချင်းအ မျိုးသားဒီမိုကရက်တစ်ပါတီကော်မီတီ (၄)ခုကို ယခုလ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ကြသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်း ချင်းတိုင်းရင်းသားများ အဓိက နေထိုင်သည့် မြေပုံ၊ မင်းပြား၊ အန်း၊ တောင်ကုတ် စသည့် မြို့ (၄) မြို့တွင် မြို့နယ်အဆင့် ကော်မီတီများကို ဖွဲ့ စည်းကြခြင်းဖြစ်ကြောင်း ကော်မီတီအပြင် သက်ဆိုင်ရာ ရုံးများ ကိုလည်း တပါတည်း ဖွင့်လှစ်ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၅) နေရာ ရရှိရေးအတွက် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ပါတီအထွေထွေ အတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်းက ပြောသည်။

အဆိုပါ (၄) မြို့နယ်များတွင် ချင်းမျိုးနွယ်စု များဖြစ်သည့် Sungtu, Laitu, Asho, Myo ခေါ် Khumi မျိုးနွယ်စုများ အဓိ က နေထိုင်ကြသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်း ချင်းတိုင်းရင်းသားအများစု နေထိုင်ရာ ကလေးမြို့၊ တမူး နှင့် ခမ်းပတ်မြို့များ တွင် လည်း ချင်းရေးရာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် (၅) နေရာ ရရှိရေးအတွက် ကော်မီတီ ဆက် လက်ဖွဲ့ စည်းနိုင်ရေး ပြင်ဆင်ထားကြောင်း ထပ်မံသိရသည်။

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီသည် ယခင် ၂၀၁၀ ခုနှစ် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီ မှ ခေါင်း ဆောင်များ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် ချင်းနိုင်ငံရေးပါတီဖြစ်သည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကာလတွင် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအသီးသီးတွင် ချင်းတိုင်း ရင်းသား ရေးရာ ၀န်ကြီး တဦးစီ ရွေးကောက်ခံကြကြောင်း လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အပါအဝင် ချင်းနိုင်ငံရေးပါတီ (၅) ပါတီခန့် ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ ကြောင်း သိရသည်။

Most read this week