ပွင့်လင်း စပြုလာနေသော မွန်ပြည်နယ် လွှတ်တော်

ပွင့်လင်း စပြုလာနေသော မွန်ပြည်နယ် လွှတ်တော်
by -
ရွှေဟင်္သာ

ယခင်က အပြင်လူ လေ့လာ ခွင့်မရခဲ့ သည့် လွှတ်တော် အစည်း အဝေးကို ယခု တက်ရောက်ခွင့် ပေးနေပြီး ဖြစ် သည် ဟု (၃)ရက်ကြာ ကျင်းပမည့် ပထမ အကြိမ်မွန်ပြည်နယ်လွှတ်တော်အဌမ ပုံမှန် အစည်း အဝေးအား တက်ရောက် လေ့လာ ခွင့်ရခဲ့သည့် အမျိုး သားဖွံ့ဖြိုး တိုးတက်ရေးသင်တန်း ကျောင်း (NEI) မှသင် တန်း ဆရာဦးကျော်စံဝင်းမှ ဆို ပါသည်။

“ ဒါ ပထမဆုံး တက်ရောက် လေ့လာခွင့် ရတာပါ။ အဖွဲ့ (၄)ဖွဲ့ တက်ရောက်ခွင့် ရတယ်။ အဓိက ပြောချင်တာက  အ ရင်က မပေးခဲ့ ဘူးတဲ့ အခွင့် အရေးကို အခု ရခဲ့ တယ်။ အရင်က လွှတ်တော် မှာဆွေးနွေး ခဲ့ကြ တာကို မမြင်ခဲ့ရ၊ မကြား ခဲ့ရဘူး ဆိုတော့ ပွင့်လင်းမြင် သာမှု ဘယ်လောက် ရှိတယ် ဆိုတာ ကို မသိခဲ့ရ ဘူး လေ။  အခု လွတ်တော် ထဲ မှာလေ့ လာခွင့် ရတော့မှ ပွင့်ပွင့် လင်းလင်း ရှိလာတယ် လို့ဘဲ ပြောလို့ရတယ်” ဟုဆိုပါသည်။

phophtaw09041402

လေ့လာခွင့် ရသူများ ပြောသော ပွင့်လင်းမှု ရှိလာသည်ဟု ဆိုခြင်းသည် ယေဘူယျ ဆန်ကြောင်း လွှတ်တော် ဟူသည် ဥပဒေ ပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာ ဏာ၊ တ ရား စီရင်ရေး အာဏာ များအား ဝေဖန် ပိုင်း ခြား နိုင်သော နေရာဖြစ် ကြောင်း၊ ဆုံဖြတ်ပိုင် ခွင့် ပေးနိုင်ပြီး လွတ်လပ်မှု ရှိရမည့် နေ ရာဖြစ်ကြောင်း ၊ လေ့လာသူများ ပြောသော ပွင့်လင်းမှု ရှိ လာသည်ဟု ဆိုရာတွင် မည့်သည့်အပေါ် ပွင့်လင်းလာသည်ကို အသေးစိပ် ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးကြော င်း ဝေဖန်သူ များက ဆိုပါသည်။

(၃) ရက်ကြာ ကျင်းပမည့် ယင်းလွှတ်တော် အစည်း အဝေး ၏ ပထမနေ့ ဖြစ်သည့်  ဧပြီ (၈) ရက်နေ့ အခန်းအနား တွင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းေ ကျာင်း (NEI) အဖွဲ့နှင့်မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင်များမှ လေ့ လာသူ  စုစုပေါင်း၂၄ဦးတက် ရောက်ခွင့် ရခဲ့ပါသည်။ ဧပြီလ (၉)ရက်နေ့ နှင့် (၁၀) ရက်နေ့တွင် မူ NLD ပါတီ နှင့်ပြည်ထောင် စုကြံ့ခိုင်ရေး  ပါတီတို့မှလေ့လာ သူများ တက်ရောက် လေ့လာမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌဦး ကြင်ဖေမှ ဆိုပါ သည်။

"ပါတီတွေ ကလည်း လက်ရှိ လွှတ်တော်ကိုလေ့လာချင် တယ်ဆိုပြီးလျောက်ထား ကြတော့အခုသူတို့ကိုလေ့လာ ခွင့်ပေးလိုက် တာပါဘဲ ။အခု လေ့လာ ခွင့်ရကြ တဲ့နိုင်ငံရေး ပါတီတွေ ဆိုတာ ဟာ လည်း နောင်တချိန်မှာ သူတို့တာ ၀န်တွေ ရခဲ့ရင် လုပ်ကိုင် ရမယ့် အတွေ့ အကြံုတွေ ရသွားတာပေါ့” ဟုဆိုပါသည်။

ထို့အပြင် နိုင်ငံရေး ပါတီများသာ မဟုတ်ဘဲ သာမာန် ပြည်သူ များလည်း လေ့လာ လိုပါက လျှောက်ထား နိုင်ပါ ကြောင်းး၊ ထိုလျှောက်ထား ချက်များအား တာဝန်ရှိ သူများမှ တဆင့်စီစစ်ပြီး  လေ့လာခွင့် ပြုသွား မည်ဖြစ် သည်ဟု ဆိုပါသည်။

Most read this week